У нас вы можете посмотреть бесплатно Khit Thit Evening News | February 5, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ရေး၊ နိုင်ငံရေးဘက်က အောင်မြင်မှုတွေ ပိုရလာအောင် KIO အနေနဲ့ စနစ်တကျ စီမံဆောင်ရွက်နေပြီး စစ်တပ်ဘက်က သွေးခွဲလုပ်နေတာတွေကို မခံကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်သမ္မတထရမ့်က လက်မှတ်ရေးထိုးလိုက်တဲ့ အစိုးရအသုံးစရိတ်ဥပဒေထဲ မြန်မာနိုင်ငံ အတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီတွေ အကောင်အထည်ဖော် သုံးစွဲဖို့အချိန်ဟာ အချိန် ၈ လ သာကျန်တော့တဲ့အတွက် NUG ၊ ERO နဲ့ တော်လှန်ရေးအဖွဲ့တွေဆီ အမှန်တကယ် ရောက်ရှိရေး ဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရကို BRI က တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက် စစ်တပ်က မြန်မာနိုင်ငံရဲ့ နိုင်လွတ်လုံဥပဒေထဲမှာ ခွင့်ပြုချက်နဲ့ ဝရမ်းမရှိဘဲ ဖမ်းဆီးနိုင်တဲ့ ပုဒ်မကိုပါ ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။ ဒါကတော့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ နိုင်လွတ်လုံကို ပြင်ဆင်တဲ့ ဥပဒေပြဋ္ဌာန်းမှုမှာ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ)နဲ့ ပုဒ်မ ၈ ခြေဆင်းကို ပြင်ဆင်တယ်လို့ စစ်ကော်မရှင်က ဖေဖော်ဝါရီလ ၃ ရက်နေ့ကပဲ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အမေရိကန်-ရုရှား နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ်ဟာ သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက် ရုရှားအနေနဲ့ ကန့်သတ်ချက်တွေကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ကြေညာလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။