У нас вы можете посмотреть бесплатно ပျောက်ဆုံးနေတဲ့ ဘောလုံးသူရဲကောင်း အောင်ထွန်းထွန်း Part 2 I Aung Tun Tun или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မြန်မာ့ဘောလုံးလောကတွင် ဒဏ္ဍာရီဆန်ဆန် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ဘောလုံးသူရဲကောင်းတဦးရှိပါတယ်။ သူဟာ မြန်မာဘောလုံးသမိုင်းမှာ ပထမဆုံး ကြေးစားကစားသမားအဖြစ် ပြည်ပထွက်ကစားခဲ့သူလည်းဖြစ်ပါတယ်။ ငယ်စဉ်ကပင် ဖခင်ဖြစ်သူ မြန်မာ့လက်ရွေးစင်ဘောလုံးသမားကြီးနောက်လိုက်ရင်းက ဘောလုံးနဲ့ ကျွမ်းဝင်ရင်းနှီးခဲ့သူဖြစ်ပါတယ်။ အားကစားတဖက် ပညာရေးတဖက်ဖြစ်ခဲ့စဉ် အားကစားဘက်ကို ခြေစုံပစ်ဝင်ဖြစ်ခဲ့ပါတယ်။ လူငယ်ကစားသမားဘ၀ တိုင်နှင့်ပြည်နယ်ပွဲများတွင် ရန်ကုန်တိုင်းကိုယ်စားပြု ပါဝင်ကစားခဲ့ပြီး ၁၉၈၆ ပြည်နယ်နှင့်တိုင်းပွဲတွင် ရန်ကုန်တိုင်းအသင်းဖြင့် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ သူကတော့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း အောင်ထွန်းထွန်းပဲဖြစ်ပါတယ်။ ၁၉၈၈ ခု နှစ်မှာ ထိုင်းနာမည်ကြီးကလပ်ဖြစ်တဲ့ ဆိပ်ကမ်းအသင်းကို သွားရောက်ကစားခဲ့ပါတယ်။ ဒါဟာ မြန်မာ့ဘောလုံးသမားတွေထဲ ပထမဆုံး ပြည်ပထွက်ကစားခဲ့တဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ မြန်မာလက်ရွေးစင်တွေဖြစ်တဲ့ သန်းတိုးအောင်၊ ကြည်လွင်၊ ဝင်းအောင် စတဲ့ကစားသမားတွေ ပြည်ပကို သွားရောက်ခဲ့စား ကြပါတယ်။ အောင်ထွန်းထွန်းဟာ ထိုင်း၊ မလေးရှားနိုင်ငံဘောလုံးလောကမှာ ကျင်လည်ခဲ့သလို ပြင်သစ်ကလပ်ဖြစ်တဲ့ မာဆေးအသင်းအထိခြေဆန့်ပြီး ဘောလုံးပညာ သင်ယူခဲ့ပါတယ်။ အောင်ထွန်းထွန်း ပြည်ပထွက်ကစားကတည်းက အကြောင်းအမျိူးမျိုးကြောင့် မြန်မာ့လက်ရေးစင်အဖြစ် ပါဝင်ခွင့်မရတော့ဘဲ မြန်မာဘောလုံး ပရိသတ်တွေနဲ့ ကင်းကွာခဲ့ရတာပါ။ ဒါပေမယ့် ထိုင်းဘောလုံးပရိသတ်တွေရဲ့ရင်ထဲကိုတော့ မြန်မာ Gullit အဖြစ်နဲ့ တိုးဝင်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ မြန်မာ့ဘောလုံးလောကမှာ ဒဏ္ဍာရီဆန်ဆန်ဘောလုံး သူရဲကောင်း အောင်ထွန်းထွန်းရဲ့ ကစားသမားဘဝဖြတ်သန်းမှု အတွေ့အမှတ်တရများကို News Watch နဲ့ ရုပ်ရှင်တေးကဗျာ ဝိုင်းတော်သားတွေက တင်ဆက်ပေးလိုက်ရပါတယ်။ #newswatch #myanmarsports #AungTunTun #MyanmarFootball #footballheroes #BurmeseFootball