У нас вы можете посмотреть бесплатно သီတဂူဆရာတော်ကြီး ဗုဒ္ဓဂယာ မဟာဗောဓိမြေမြတ်သို့ ကြွရောက်(၁.၁၂.၂၀၂၅၊ ဗုဒ္ဓဂယာ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
သီတဂူဆရာတော်ကြီး ဗုဒ္ဓဂယာ မဟာဗောဓိမြေမြတ်သို့ ကြွရောက် (၁.၁၂.၂၀၂၅၊ ဗုဒ္ဓဂယာ) သက်တော်ရှည် အဘိဓဇမဟာရဋ္ဌဂုရု၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂယာ မဟာဗောဓိမြေမြတ်သို့ ယနေ့ (၁.၁၂.၂၀၂၅)ရက်နေ့ ညနေပိုင်းတွင် ချမ်းမြေ့စွာ ကြွရောက်တော်မူကြောင်း သတင်းရရှိသည်။ ဆရာတော်ဘုရားကြီးအား အကြိမ်(၂၀)မြောက် အင်တာနေရှင်နယ် တိပိဋက ရွတ်ဖတ်ပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ Mrs. ဝမ်မိုး၏ ဖိတ်ကြားချက်အရ ကြွရောက်လာခြင်းဖြစ်သည်ဟု သိရသည်။ နွေးထွေးစွာ ကြိုဆိုပွဲ ဗုဒ္ဓဂယာလေဆိပ်သို့ ဆရာတော်ဘုရားကြီး ရောက်ရှိချိန်တွင် တိပိဋကရွတ်ဖတ်ပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ Mrs. ဝမ်မိုးနှင့် တာဝန်ရှိလူကြီးများ၊ အမေရိကန်နိုင်ငံ၊ မိနီးဆိုးတာပြည်နယ်၊ သီတဂူဓမ္မဝိဟာရကျောင်းတိုက်၏ တိုက်အုပ်ဆရာတော် ဒေါက်တာ ဩသဓသာရ၊ အိန္ဒိယနိုင်ငံ၊ မဟာဗောဓိကျောင်းတိုက်၏ တိုက်အုပ်ဆရာတော် ဦးနန္ဒောဘာသ၊ ဒေါက်တာပန့်၊ လာဒက်မှ ဆရာတော် သံဃသေန ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်များက နွေးထွေးပျူငှာစွာ လာရောက် ကြိုဆိုပူဇော်ခဲ့ကြသည်။ ဖွင့်ပွဲတွင် အဖွင့်စကား မိန့်ကြားမည် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် **(၂.၁၂.၂၀၂၅)**ရက်နေ့တွင် ဗုဒ္ဓဂယာ မဟာဗောဓိမြေမြတ်၌ စတင်ကျင်းပမည့် အကြိမ်(၂၀)မြောက် အင်တာနေရှင်နယ် တိပိဋက ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်စကား မိန့်ကြားတော်မူမည်ဖြစ်ကြောင်း သိရပါသည်။ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ... သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ... ဓာတ်ပုံ- သီတဂူအောင်သန်းဝင်း။ Sitagu Sayadaw Gyi Arrives at Mahabodhi Sacred Ground in Bodh Gaya (1 December 2025, Bodh Gaya) News is received that the Most Venerable Abhidhaja Maha Rattha Guru, Sotthasama Shwegyin Sasana-paing (Patron of the Shwegyin Sect), Sitagu Abhidhipati Sayadaw Gyi peacefully arrived at the Mahabodhi sacred ground in Bodh Gaya, Bihar State, India, this evening, 1st December 2025. It is understood that the Sayadaw Gyi arrived upon the invitation of Mrs. Wang Mo, the Chairperson of the Organizing Committee for the 20th International Tipitaka Chanting Ceremony. Warm Welcome Ceremony Upon the Sayadaw Gyi's arrival at Bodh Gaya Airport, he was warmly and respectfully welcomed by Mrs. Wang Mo and responsible officials of the Tipitaka Chanting Organizing Committee, together with monastic dignitaries including Dr. Osadha Thara, Abbot of Sitagu Dhamma Vihara Monastery in Minnesota, USA; U Nanda Obhasa, Abbot of the Mahabodhi Temple in India; Dr. Pant; and the Most Venerable Sanghasena from Ladakh, along with many other Venerable Monks. Keynote Address at Opening Ceremony It is reported that the Sitagu Abhidhipati Sayadaw Gyi is scheduled to deliver the opening address at the opening ceremony of the 20th International Tipitaka Chanting Ceremony, which will commence on 2 December 2025 at the Mahabodhi sacred ground in Bodh Gaya. May you be as peaceful and prosperous as the Sitagu moon... May the Dhamma shine everywhere...