У нас вы можете посмотреть бесплатно မြောင်မှာ စနိုက်ပါထုတ်လုပ်အောင်မြင်ခဲ့ပြီး မဟာမိတ်အဖွဲ့ကို တလက်ထောက်ပံ့ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မြောင်မှာ စနိုက်ပါထုတ်လုပ်အောင်မြင်ခဲ့ပြီး မဟာမိတ်အဖွဲ့ကို တလက်ထောက်ပံ့ စစ်ကိုင်း၊ သြဂုတ် ၅၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အခြေစိုက်တပ်ဖွဲ့တခုဖြစ်တဲ့ Royal Brother Defence Force - RBDF က စနိုက်ပါ ထုတ်လုပ် စမ်းသပ်အောင်မြင်ခဲ့တယ်လို့ RBDF အဖွဲ့ဆီက သိရပါတယ်။ မြောင်မြို့နယ်အခြေစိုက် RBDF တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာမှာ လူအင်အား၊ လက်နက်အင်အားချင်း မယှဥ်နိုင်သေးတဲ့အတွက် အားသာချက်ရှိပြီး ထိရောက်အောင် ပစ်ခတ်နိုင်မယ့် အခုလို စနိုက်ပါထုတ်လုပ်ပြီး လိုအပ်ချက်ရှိတဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ပေးနေတာလို့ ဆိုပါတယ်။ "စစ်ကောင်စီကို မျက်နှာချင်းဆိုင်ရင်ဆိုင်တိုက်နိုင်တဲ့ အင်အားမရှိသေးဘူး။ အဲ့တော့ ပြောက်ကျားစနစ်ကို သုံးပြီးတိုက်နေရတယ်။ တချက်ချင်းပစ်ခတ်ရတဲ့ အနေအထားမှာ 7.62 G3 ကျည်နဲ့ပစ်ရင် အကွာအဝေး အတော်ဝေးဝေးကို ပစ်နိုင်သလို Damage လည်း ပိုပြီးထိရောက်မှုရှိတယ်။ ရန်သူကိုထိထိရောက်ရောက် ပစ်ခတ်နိုင်တယ် " လို့ RBDF တာဝန်ခံ ကိုရဲကြီးက ပြောပါတယ်။ အခုလက်ရှိ ထုတ်လုပ်လိုက်တဲ့ စနိုက်ပါ တလက်ကို မြင်းခြံ Nine Star အဖွဲ့ကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ အရင်က ၁၆ ကာဘိုင်သေနတ် ထုတ်ခဲ့တုန်းကလည်း မြင်းခြံ Nine Star အဖွဲ့နဲ့ ဒေါင်းနီအဖွဲ့ကို ၃ လက်စီ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ထုတ်လုပ်ဖို့ကြိုးစားခဲ့ပေမယ့် လိုအပ်ချက်တွေရှိလို့ မအောင်မြင်သေးဘဲ အခုနှစ် မေလအတွင်းမှာ စမ်းသပ်အောင်မြင်ခဲ့တာ ဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်းအစုံရှိရင် သေနတ်တလက်ကို ၁၅ ရက်လောက် အချိန်ယူရတယ်လို့ သိရပါတယ်။ သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - ငြိမ်းဇော် #မြေလတ်အသံ #စစ်ကိုင်း #မြောင် #စနိုက်ပါ #ထုတ်လုပ် #RBDF #သတင်း #ရုပ်သံ