У нас вы можете посмотреть бесплатно To PDF Comrades speech by NUG Defense Minister U Yi Mon Weekly Address 14th Wed 2022 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
To PDF Comrades - speech by NUG Defense Minister U Yi Mon -Weekly Address - 14th Wed 2022 ရဲဘော်တို့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ရဲဘော်တို့ရဲ့ ရဲစွမ်းသတ္တိနဲ့ပတ်သတ်လို့ မဟာမိတ်ခေါင်းဆောင်တွေ၊ မဟာမိတ်ရဲဘော်တွေ ကိုယ်တိုင်က အသိအမှတ်ပြုချီးကျုးကြတာ မကြာခဏကြားရတယ်။ တိုက်ပွဲတိုင်းမှာ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်မှ အေးမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်ကြတာ ဥာဏ်ပညာနဲ့သူရသတ္တိပေါင်းစပ်ပြီး တွန်းလှန်တိုက်ခိုက်ကြတာ ဖြစ်တဲ့အတွက် ဂုဏ်ယူစရာအောင်ပွဲတွေလည်း ရယူခဲ့ကြတယ်။ အရပ်သားဘဝကနေ ရုတ်တရက်စစ်သားဘဝကို ပြောင်းလဲခံယူကြရတာ ဖြစ်တဲ့အတွက် စစ်ပုံကျဖို့ အချိန်တစ်ခုယူရတယ်လို့ မြေပြင်တပ်မှူးများက သတင်းပို့ကြတာရှိတယ်။ ရဲဘော်တို့ဟာ ရက်တို အခြေခံစစ်ပညာသင်တန်းလောက်ကို ရယူပြီး ချက်ချင်းတိုက်ပွဲထဲဝင်ရောက်ခဲ့ရတာ ဖြစ်တယ်။ ဒီကနေ့ တော်လှန်ရေးမှာ တစ်ဖက်က တိုက်ပွဲဝင်ရင်း တစ်ဖက်မှာလည်း စစ်ပုံကျတဲ့တပ်မတော်တစ်ရပ်ဖြစ်ဖို့ လိုအပ်တဲ့မွမ်းမံသင်တန်းတွေ လေ့ကျင့်မှုတွေ တစ်ပြိုင်တည်းဆောင်ရွက်နေကြရတာဖြစ်တယ်။ စိတ်၊ စု၊ ခွဲ၊ ရင်း အဆင့်ဆင့်စီမံအုပ်ချုပ်ကွပ်ကဲနိုင်အောင် အခြေခံကြတဲ့အကြပ်သင်တန်းတွေကို နယ်မြေအလိုက် စီစဥ်ဖွင့်လှစ်နေသလို အခုဆိုရင် PDF အရာရှိသင်တန်းလို့ဆိုရမယ့် တပ်ခွဲမှူးသင်တန်း အပတ်စဥ်(၁) ကို စတင်နိုင်ခဲ့ပြီလည်း ဖြစ်တယ်။ စစ်သားတစ်ယောက်အနေနဲ့ (၁) အမိန့်နာခံမှုရှိဖို့ (၂) သတင်းလုံခြုံမှုကို ဂရုပြဖို့ (၃) ၂၄ နာရီ သတိဝီရိယရှိဖို့ ဒီ (၃) ချက်ကိုလည်း ရဲဘော်တစ်ဦးချင်း ဖြည့်ဆည်းကြဖို့ တိုက်တွန်းလိုတယ်။ အရပ်သားဘဝမှာ မင်းဘာလဲ၊ ငါဘာလဲ လုပ်လို့ရပေမယ့် စစ်သားတစ်ယောက်အနေနဲ့ အဆင့်ဆင့်အမိန့်နာခံတတ်မှုဟာ အသက်တမျှ အရေးကြီးတယ်။ ဒါကိုပဲ Chain of Command တည်ဆောက်မှုလို့ ငါတို့ပြောကြတာ ဖြစ်တယ်။ မိမိအင်အား၊ မိမိလက်နက်၊ မိမိတည်နေရာ၊ မိမိစီမံချက်ဆိုတာ စစ်ရေးမှာ လျှို့ဝှက်အပ်တဲ့ အရာတွေ ဖြစ်တယ်။ ဆိုရှယ်မီဒီယာခေတ်မှာ သတင်းလုံခြုံရေးစည်း ကျိုးပေါက်မှုကို မကြာခဏတွေ့နေရတယ်။ အရပ်သားတစ်ယောက်လို ဆိုရှယ်မီဒီယာကို လွတ်လွတ်လပ်လပ်သုံးဖို့ မသင့်တော်ဘူးဆိုတာ ရဲဘော်တို့ သတိပြုစေလိုတယ်။ စစ်မြေပြင်ဆိုတာ အသက်နဲ့ရင်းရတဲ့ နယ်မြေဖြစ်တယ်။ စစ်သားတစ်ယောက်အတွက် သတိ၊ ဝီရိယဆိုတာ ပိုတယ်မရှိ။ တစ်ဦးချင်းလုံခြုံမှု၊ တပ်ဖွဲ့လုံခြုံမှု၊ စခန်းလုံခြုံမှုအတွက် ၂၄နာရီ သတိမပြတ်ရှိနေကြရမှာ ဖြစ်တယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် (၁) နှစ်ပြည့်ချိန်မှာ PDF တပ်မတော်အတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခု ပေါ်လာတယ်။ ဒီနိုင်ငံရဲ့ တည်ငြိမ်မှု၊ ဒီပြည်သူပြည်သားတွေရဲ့ လုံခြုံမှုအတွက် တာဝန်ယူဖို့ PDF အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ မေးခွန်းပဲ ဖြစ်တယ်။ စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်၊ ကျင့်ဝတ်၊ စည်းကမ်း ကင်းမဲ့ရုံမက မြေပြင်တိုက်ခိုက်နိုင်စွမ်းပါ တစ်နေ့တစ်ခြား လျော့ပါးလာပြီဆိုတာ ငါတို့အားလုံးကိုယ်တွေ့ပဲ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေးမဟာဗျုဟာအောက်မှာ သူ့ရဲ့ရှိစုမဲ့စု အင်အားကို ဒေသတိုင်းမှာ ဖြန့်ခွဲထားရတဲ့အတွက် အင်အားမလုံလောက်မှုကို ထင်ထင်ရှားရှားတွေ့လာရတယ်။ အခုဆို သူ့ရဲ့ရှေ့တန်းစခန်းတွေဆီ စစ်ကူမပို့နိုင်ရုံမက ရိက္ခာနဲ့လက်နက်ခဲယမ်းထောက်ပို့ပင် ကောင်းကောင်းမလုပ်နိုင်တော့တာ အထင်အရှားတွေ့နေရတယ်။ နေ့စဥ်နဲ့အမျှ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်လုယက်၊ မီးရှို့နေရတဲ့အပေါ် လိပ်ပြာမလုံတဲ့ စစ်သား၊ ရဲသားတွေလည်း အများအပြားရှိနေတယ်။ ကိုယ်ပိုင်အသိဥာဏ်နဲ့လွတ်လွတ်လပ်လပ် စဥ်းစားဆုံးဖြတ်နိုင်သူတွေဟာ ပြည်သူ့ရင်ခွင် ခိုလှုံနေကြပြီ။ ပုံစံအမျိုးမျိုးနဲ့စစ်ကောင်စီကို စွန့်ခွာနေကြသူတွေလည်း များသထက် များလာပြီ။ ပြည်သူ့ပြောက်ကျားစစ်မှာ ရန်သူ့အင်အားဟာ တစ်နေ့ပြီး တစ်နေ့ ပြုန်းတီးလာနေတယ်။ ဒီ့ထက်ပိုပြီး အထိနာလာရင် စစ်ကောင်စီတပ်ဟာ အချိန်မရွေးပြိုကွဲသွားနိုင်တယ်ဆိုတာလည်း ငါတို့ သတိပြုကြရမယ်။ အဲ့ဒီအချိန်ရောက်ရင် ဒီနိုင်ငံ အစည်းပြေပြီး ဖရိုဖရဲ ဖြစ်မသွားဖို့နဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ဟာ ငါတို့ပခုံးပေါ်ကို လုံးလုံးလျားလျားရောက်ရှိလာမှာ ဖြစ်တယ်။ ဒီနိုင်ငံနဲ့ဒီပြည်သူရဲ့လုံခြုံမှုကို အာမခံနိုင်တဲ့ Professional တပ်မတော်တစ်ရပ်ဖြစ်ဖို့ ရည်မှန်းပြီး ရဲဘော်တို့ကို Code of Conduct စစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေကို လေးစားလိုက်နာကြဖို့ Chain of Command အမိန့်ပေးကွပ်ကဲမှုစနစ်ကို ကိုယ်တိုင်ပါဝင်တည်ဆောက်ကြဖို့ အလေးအနက်တိုက်တွန်းနေရာတာလည်း ဖြစ်တယ်။ ရဲဘော်တို့အားလုံး ကိုယ်စိတ်ကျန်းမာပါစေ။ ပြည်သူ့တော်လှန်ရေးမူချအောင်ရမည်။ ရည်မွန်