У нас вы можете посмотреть бесплатно ဘယ်အချက်တွေကို TNLA ကိုင်ပြီး စစ်ကောင်စီနဲ့ စကားပြောမှာလဲ - BBC News မြန်မာ или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса savevideohd.ru
(Updated: အမှားပြင်ဆင်ချက်။ ။ ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ ရာထူးတာဝန်ဟာ PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။ အစီအစဥ်အစမှာ TNLA ဒု စစ်ဦးစီးချုပ် အဖြစ် မှားယွင်း ရည်ညွှန်းခဲ့တဲ့ အတွက် ကာယကံရှင် ဗိုလ်ချုပ်တားဘုန်းကျော်၊ အဖွဲ့အစည်း PSLF/TNLA နဲ့ ကြည့်ရှုတဲ့ ပရိသတ်အားလုံးကို တောင်းပန်အပ်ပါတယ်။) တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ပဲ ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ နှောင်းပိုင်းမှာပဲ ထုတ်ပြန်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း TNLA ထိန်းချုပ်ရာ ရှမ်းမြောက်က နေရာတချို့မှာ တိုက်ခိုက်မှုတွေ ဆက်ရှိနေခဲ့ပါတယ်။ ဒီတော့ တရုတ်ကြားဝင်တဲ့ ဆွေးနွေးပွဲ တကယ်တမ်း အထမြောက်လာဖို့ ရှိလား ... စစ်ကောင်စီနဲ့ TNLA တိုက်ရိုက် ထိတွေ့မှုတွေ ရှိနေပြီလား .... PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကို အခုတစ်ပတ် သတင်းမြင်ကွင်း အစီအစဥ်မှာ ဘီဘီစီက သီးသန့် ဆက်သွယ် မေးမြန်းထားပါတယ်။ ဒီမေးမြန်းခန်းမှာ - ၁) တကယ်လို့ ဆွေးနွေးပွဲ အထမြောက်လာရင် TNLA အခြေခံမယ့် မူသဘောထားက ဘာဖြစ်မလဲ။ စစ်ကောင်စီဘက်က ဘယ်လို လုပ်ဆောင်ရမယ် ဆိုပြီး တောင်းဆိုမလဲ .... ၂) ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပိုင်းစလုံးမှာ TNLA ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့တွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို သဘောထားမျိုး ရှိနေလဲ။ မိုးကုတ်ကို တောင်းလာရင် ပြန်ပေးမလား ... ၃) ဗမာလူမျိုးစု လက်နက်ကိုင်တွေ ရှမ်းမြောက်ကနေ ထွက်လာတာ တွေ့ရတယ်။ အဲဒါ တရုတ် ဖိအားကြောင့် ကိုယ့်နယ်မြေထဲ အနေမခံတော့တာလား။ မန္တလေး PDF အပါအဝင် စစ်အာဏာ သိမ်းပြီး နောက်ပိုင်း ပေါ်လာတဲ့ မဟာမိတ် အင်အားစုတွေနဲ့ စစ်ရေး နိုင်ငံရေး ဆက်လက် ပူးပေါင်းမှာလား ဘယ်လို သဘောထား ရှိလဲ ၄) တအာင်းပြည်နယ် ဆိုတာ ဘယ်လို သတ်မှတ် ဖော်ဆောင်မလဲ ... စတာတွေ အပါအဝင် အရေးကြီးပြီး သိမ်မွေ့ ကျယ်ပြန်တဲ့ နိုင်ငံရေး စစ်ရေး အကြောင်းချင်းရာတွေ အပေါ် TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ကျယ်ကျယ်ပြန့် ပြန့် ဖြေဆိုထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း #တားဘုန်းကျော် #TNLA