У нас вы можете посмотреть бесплатно ထင်ရှားသော ပိရမစ် အကြောင်း(Pyramid History) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ထင်ရှားသော ပိရမစ် အကြောင်း(Pyramid History) ================================= ဂီဇာမဟာပိရမစ်ကြီး (Great Pyramid of Giza) ကို ခူဖူးပိရမစ် (Khufu's Pyramid or the Pyramid of Khufu) သို့ ချီရော့ပ်ပိရမစ် (Pyramid of Cheops) ဟုလည်းခေါ်ဆိုကြပြီး ဂီဇာဂူသင်္ချိုင်း (Giza Necropolis) ပိရမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး ပိရမစ် ဖြစ်သည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အစပ်တွင်တည်ရှိပြီး ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါးထဲမှ တစ်ခုတည်း ကြွင်းကျန်ရစ်သော အဆောက်အဦးဖြစ်သည်။ စတုတ္ထမြောက် အီဂျစ်မင်းဆက် ၏ ဖာရိုဘုရင် ခူဖူး(ဂရိဘာသာဖြင့် ချီရော့ပ်) ၏ ဂူသင်္ချိုင်းအဖြစ်ဆောက်လုပ်ခဲ့သည် ဟု ယုံကြည်ယူဆပြီး အနှစ် ၂၀ ကျော်ကြာဆောက်လုပ်ခဲ့ကာ ဘီစီ ၂၅၆၀ ခန့်တွင် ပြီးစီးခဲ့သည်။ မဟာပိရမစ်ကြီးမှာ လူတို့တည်ဆောက်သော အဆောက်အဦးများထဲတွင် အမြင့်ဆုံးအဆောက်အဦးအဖြစ် နှစ်ပေါင်း ၃၈၀၀ ကျော်မျှရပ်တည်ခဲ့သည်။ ယခုထက်တိုင် မြင်နိုင်သော ကြွင်းကျန်ရစ်သော အရာမှာ အထပ်ဆင့်ပိရမစ် (step-pyramid) ၏ အောက်ခံ အတွင်းပိုင်း ပုံပန်းသဏ္ဌန်သာဖြစ်သည်။ အပေါ်မှကာရံထားသော အကာအရံကျောက်တုံးများကို မဟာပိရမစ်ကြီး ၏အောက်ခြေတွင် ယနေ့ထက်တိုင်မြင်နိုင်သေးသည်။ ပိရမစ် မည်သို့တည်ဆောက်ခဲ့သည်ဟူသော အချက်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော သိပ္ပံနည်းကျ သီအိုရီနှင့် အခြားသီအိုရီမြောက်မြားစွာရှိသည်။ အများစုလက်ခံထားကြသော တည်ဆောက်မှုနှင့်ပတ်သက်သည့် သီအိုရီမှာ ကြီးမားသော ကျောက်တုံးများကို ကျောက်ထုတ်ရာဒေသမှ ဆွဲယူလာပြီး နေရာတကျမတင် တည်ဆောက်ခဲ့သည် ဟူ၍ ဖြစ်သည်။ မဟာပိရမစ်အတွင်း၌ ခန်းမဆောင် ၃ခုရှိသည်ဟု သိရသည်။ အနိမ့်ဆုံးတွင်တည်ရှိသော ခန်းမဆောင်မှာ အောက်ခံအဖြစ်တည်ဆောက်ထားပြီး အပေါ်မှပိရမစ်ကို ထပ်ဆင့်တည်ဆောက်ထားကာ ပြီးစီးအောင်တည်ဆောက်ခြင်းမရှိခဲ့ပေ။ ဘုရင်၏ ခန်းမဆောင်နှင့် မိဖုရား၏ခန်းမဆောင်မှာ ပိရမစ်တည်ဆောက်မှု၏ ပိုမိုမြင့်သောအပိုင်းတွင် တည်ရှိသည်။ ဂီဇာမဟာပိရိမစ်ကြီးသည် အဆောက်အဦးအစုအဝေး၏ အဓိကအဆောက်အဦးဖြစ်သည်။ အဆောက်အဦးအစုအဝေးတွင် ခူဖူးအား ဂုဏ်ပြုတည်ဆောက်ထားသော အသုဘရှုဘုရားကျောင်း ၂ ကျောင်း (တစ်ခုမှာ ပိရိမစ်နှင့်နီးပြီး အခြားတစ်ခုမှာ နိုင်းမြစ်နှင့်နီးသည်။)၊ ခူဖူး၏ဇနီးများအတွက် ပိရမစ်အငယ်စား ၃ခု အပြင် သစ္စာတော်ခံနောက်လိုက်အတွက် ပိရမစ်အသေးစား ၁ ခု၊ ဘုရားကျောင်းနှစ်ခု ကိုဆက်သွယ်ထားသော မိုးပျံတံတား နှင့် ပတ်ပတ်လည်ရှိ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် များအတွက် မက်စ်တာဘာ ဂူသင်္ချိုင်းများပါဝင်သည်သမိုင်းတွင် မှတ်သားလေ့လာနိုင်ပါသည်။ Crd