У нас вы можете посмотреть бесплатно စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ထဲက မြန်မာသရုပ်ဆောင် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ထဲက မြန်မာသရုပ်ဆောင် ------------ အသက် ၂၁နှစ်အရွယ် ဆယ်တန်းကျောင်းသားဘဝကတည်းက ၁၉၈၈ခုနှစ် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ရဲဘော်မင်းဌေးဟာ နောက်ထပ် နှစ် ၃၀ကျော်အကြာမှာ ထပ်မံ ပေါ်ပေါက်လာတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာလည်း လူငယ်တွေနဲ့အတူ မြေပြင်မှာ ဆက်လက် တိုက်ပွဲဝင်နေပါတယ်။ လူငယ်ဘဝကနေ အသက် ၆၀နီးပါးအရွယ်အထိ စစ်အာဏာရှင်တော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ ပါဝင်နေတဲ့ ရဲဘော်မင်းဌေးဟာ နာမည်ကျော် ဟောလီးဝုဒ်မင်းသား Sylvester Stallone နဲ့အတူ Rambo 4 ရုပ်ရှင်မှာ မြန်မာစစ်တပ်ရဲ့ တပ်ရင်းမှူးတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ The Lady ဇာတ်ကားမှာလည်း မင်းသမီး မီရှဲယိုးနဲ့အတူ ရဲဘော်မင်းဌေး ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကာလတွေတုန်းက ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ စည်းရုံးရေးခရီးစဉ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ဖို့ စစ်သားတွေကို အမိန့်ပေးခဲ့တဲ့ ဗိုလ်ကြီးမြင့်ဦး အဖြစ် ရဲဘော်မင်းဌေးက ပါဝင် သရုပ်ဆောင်ခဲ့တာပါ။ ABSDF လို့ အတိုကောက် ခေါ်ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ စစ်ကြောင်းအမှတ် ၃ကို ရဲဘော်မင်းဌေး ဦးဆောင်ပြီး ယောနယ်(ဂန့်ဂေါခရိုင်)ထဲမှာ မင်းအောင်လှိုင်စစ်တပ်ကို တော်လှန်နေပါတယ်။ ရဲဘော်မင်းဌေးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဒီရုပ်သံမှတ်တမ်းမှာ ဖော်ပြလိုက်ပါတယ်။ သတင်း၊ တင်ဆက် - စထွန်းအောင် လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe... လှူဒါန်းနိုင်ပါသည်။