У нас вы можете посмотреть бесплатно Khit Thit Morning News | March 10 , 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ မတ် ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက် မှုတွေကြောင့် ပြည်သူ ၃၀ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၁၆၀ လောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ KNU ဗဟိုက ကြေညာထားပါတယ်။ အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နိုင်ရေး ဆွေးနွေးညှိနှိုင်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထုတ်ဖော်ပြောဆိုပါတယ်။ မန္တလေးနန်းတွင်းက အမှတ် ၁၈ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းအုပ်တာဝန်ထမ်းဆောင် နေတဲ့ ဗိုလ်ကြီးသူရိန်ဦးဟာ လာဘ်ငွေအမြောက်အမြားယူပြီး ကျောင်းကို အမှန်တကယ်မတက်ရောက်တဲ့ ကျောင်းသားတွေကို စာမေးပွဲဖြေခွင့်ပေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဂျပန်နိုင်ငံဟာ ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့အတွက် မိမိဘာသာ တီထွင်ထုတ်လုပ်ထားတဲ့ အဝေးပစ်ဒုံးကျည်တွေကို စတင်တပ်ဖြန့်ဖို့ ပြင်ဆင်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။