У нас вы можете посмотреть бесплатно Khit Thit Morning News | January 8, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ပြည်သူပိုင်လယ်မြေဧက ၆၀၀၀ ကျော်ကို စစ်ကောင်စီဝင် မန်းငြိမ်းမောင် ပါဝင်ပတ်သက်မှုနဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မတရားသိမ်းယူပြီး မြေကွက် ရိုက်ရောင်းစားကာ သိန်းသောင်းချီ အဂတိလိုက်စားမှုတွေ ဖြစ်ပွားနေတယ်လို့ မြေသိမ်းခံတောင်သူ တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအပိုင်း ၂ နဲ့ အပိုင်း ၃ တို့မှာ လုံခြုံရေးအင်အား ဖြည့်တင်းမယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာ ထွန်းထွန်းနောင် ပြောဆိုသွားတာဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ၂ ဦး အလင်းဝင်ရောက်ခဲ့တယ်လို့ Southern Eagle PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အမေရိကန်အစိုးရဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ ရေနံတင်သင်္ဘော ၂ စင်းကို ဗုဒ္ဓဟူးနေ့မှာ သိမ်းပိုက်လိုက်ပြီး အဲဒီအထဲမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ရှောင်တိမ်း သွားခဲ့တဲ့ ရုရှားအလံတင် "မာရီနီရာ" ရေနံတင်သင်္ဘောလည်း ပါဝင်နေတဲ့ဆိုတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။