У нас вы можете посмотреть бесплатно ဘုတလင်တွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်သည်အထိ တိုက်ခိုက်ခံရ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဘုတလင်တွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်သည်အထိ တိုက်ခိုက်ခံရ ------------- စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို မနေ့ စက်တင်ဘာလ ၃၀ရက်၊ နေ့လည်ပိုင်းက တော်လှန်ရေးအင်အားစုတွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်သုဉ်းတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နခမ နဲ့ မိုင် ၂၀လောက်သာ ကွာဝေးတဲ့ ဘုတလင်မြို့နယ်ထဲက အင်အား ၈၀လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ဒီပဲယင်းနဲ့ အရာတော်အခြေစိုက် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀လောက်ကို အရှင်ဖမ်းမိပြီး၊ အယောက် ၂၀လောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ မနေ့က တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ 96 Soldiers အညာဒေသတပ်ဖွဲ့ရဲ့ ဒုတိယစစ်ရေးတာဝန်ခံ ပြောတာကတော့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးညီညွတ်မှုကြောင့် အခုလိုအောင်မြင်မှုရခဲ့တာလို့ ဆိုပါတယ်။ အခု တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ စက်တင်ဘာလ တတိယပတ်အတွင်းမှာ ဘုတလင်မြို့ကနေတစ်ဆင့် ကူတော်ရွာက စစ်ကောင်စီအထိုင်စခန်းကို စစ်ကူအင်အား လာရောက်ဖြည့်တင်းခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတချို့က သတ်ဖြတ်ခဲ့သလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။