У нас вы можете посмотреть бесплатно အပျက်အစီးတွေကြားပိတ်မိနေတဲ့လူငယ်ကို ၄၄ နာရီအကြာ မှာ ကယ်ထုတ်နိုင် | People's Spring или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အပျက်အစီးတွေကြားပိတ်မိနေတဲ့လူငယ်ကို ၄၄ နာရီအကြာ မှာ ကယ်ထုတ်နိုင် မတ် - ၃၀ ၊၂၀၂၅ /People's Spring နေပြည်တော်မှာ ငလျင်လှုပ်ခတ်ပြီး ပြိုကျသွားတဲ့အဆောက်အဦးအောက်မှာ ၄၄ နာရီကြာ ပိတ်မိနေတဲ့ လူငယ်အမျိုးသား ကို ဒီမနက်ပိုင်းမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းရှိ အဆောက်အဦအောက်မှာပိတ်မိနေတဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသားကို စင်ကာပူနိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းရှာဖွေကယ်ထုတ်နိုင်ခဲ့တာလို့သိရပါတယ်။ ငလျင်လှုပ်ခတ်ပြီး ၄၄ နာရီအကြာ ဒီမနက်ပိုင်း ၉ နာရီ ၂၀ မိနစ်အချိန်မှာကယ်ထုတ်နိုင်ခဲ့ပြီး စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့က ဆေးကုပေးကာ ဆေးရုံပို့လိုက်တယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်ဟာလည်း ငလျင်ဒဏ်ကို ဆိုးဆိုးရွာရွား ကြုံခဲ့ရပြီး ပျက်စီးထိခိုက်မှု ၊လူအသေအပျောက်များခဲ့ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရတော့စစ်ကောင်စီဟာ နေပြည်တော်မှာ လည်း ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်ပေးတာမရှိဘူးလို့သိရပါတယ်။ ရုပ်သံ - MFSD #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring