У нас вы можете посмотреть бесплатно ယနေ့ ( ၄ - ၃ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ယနေ့ ( ၄ - ၃ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ ▪ ညအပူချိန်တွေမြင့်လာနိုင်ပြီး ကရင်ပြည်နဲ့ မွန်ပြည်မှာ ညအချိန်ပူနိုင် ▪ ရန်ကုန်တိုင်း အတွင်း စိုက်ပျိုးရေးနဲ့ လေထုညစ်ညမ်းမှုအခြေအနေ ဒီကနေ့ မတ်လ ၄ ရက်နေ့အတွက် ပြည်နယ်နဲ့ တိုင်းအသီးသီးက မိုးလေဝသ အခြေအနေတွေကို တင်ပြပေးပါ့မယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံအနှံ့အပြားမှာ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်လာပြီး နွေအပူရှိန်ကို စတင်ခံစားနေရနိုင်မှာဖြစ်သလို ညအပူချိန်တွေမှာလည်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေပါ အနည်းငယ်မြင့်တက်လာနိုင်မှာ ဖြစ်ပါတယ်။ ကချင်ပြည်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်တို့မှာ နေ့အပူချိန်တွေက မနေ့ကထက်စာရင် သိသိသာသာကို မြင့်တက်လာနိုင်ပြီး ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ၃၂ ဒီဂရီဆဲလ်စီးရပ်အထိ ရှိနိုင်ပေမဲ့ တကယ့်အပြင်မှာ ခံစားရမယ့် အပူရှိန်ကတော့ မြစ်ကြီးနား၊ ဆင်ဘို၊ မြို့လှ၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်ဒေသတွေနဲ့ ကသာ၊ ဝန်းသို၊ ကောလင်း၊ မော်လိုက်၊ ကျွန်းလှမြို့နယ်တို့မှာ ၃၆ ဒီဂရီအထိ ရှိနိုင်မှာ ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက မဘိန်းမှာ ၃၆ ဒီဂရီ၊ ရှမ်းပြည်အရှေ့ပိုင်းက မိုင်းယန်း၊ မိုင်းယောင်း၊ တာချီလိတ်တို့မှာ ၃၆ ဒီဂရီနဲ့ မိုင်းဟတ်နဲ့ မိုင်းတုံတို့မှာ ၃၈ ဒီဂရီအထိ အပူရှိန် ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအတွင်းမှာ ၃၈ ဒီဂရီကနေ ၄၀ ဒီဂရီလောက်အထိ အပူရှိန်ခံစားရနိုင်မှာဖြစ်ပြီး ဒေသအလိုက်မှာတော့ ရန်ကုန်မြို့ တစ်ခုလုံးအပါအဝင် ကညွတ်ကွင်း၊ ပြွန်တံဆာ၊ မဒေါက်၊ ရွှေကျင်၊ ဒိုက်ဦး၊ ပဲခူးနဲ့ အင်းတကော်တို့မှာ ၄၀ ဒီဂရီအထိ အပူရှိန် ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကရင်ပြည်က ဖာအံ လှိုင်းဘွဲ့ ပိုင်ကျုံ ကျုံဒိုး နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း အပူရှိန် ၄၀ ဒီဂရီလောက်အထိ ခံစားရနိုင်တာကြောင့် ပူအိုက်နေမှာ ဖြစ်ပါတယ်။ ညအပူချိန်တွေမှာတော့ ရှမ်းပြည်တစ်ပြည်လုံးမှာ မနေ့ကထက် သိသိသာသာ အပူချိန်တွေ မြင့်တက်လာပြီး ၁၄ ကနေ ၁၆ ဒီဂရီဝန်းကျင် ရှိနိုင်မှာဖြစ်ပါတယ်။ ဒေသအလိုက် ညအပူချိန်မြင့်တက်နိုင်တာကတော့ မြင်းခြံ ချောက် ဆင်ဖြူကျွန်း ရေနံချောင်း မင်းဘူး မကွေးတို့မှာ ၂၆ ဒီဂရီအထိ ညအပူချိန်မြင့်တက်နိုင်တာကြောင့် ပူနွေးနေမှာပါ။ ထူးခြားချက်အနေနဲ့ ကရင်ပြည်က ဘားအံမြို့နယ်နဲ့ ကျုံဒိုးမြို့နယ်၊ မွန်ပြည်က မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော မြို့နယ်တွေမှာ ညအပူချိန် ၃၀ ဒီဂရီအထိ ရှိနိုင်တာကြောင့် အအေးပျောက်ဆုံးနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချင်းတောင်တန်းဒေသတွေမှာ ၆ ဒီဂရီအထိ အပူချိန် ကျဆင်းနိုင်ပြီး မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ မိုးကုတ်မြို့တွေ၊ ကရင်နီပြည်က ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ၁၄ ဒီဂရီအထိ အအေးရှိနေပါဦးမယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ တောင်သူဦးကြီးတွေအတွက် မြေဆီလွှာအခြေအနေကို တင်ပြပေးသွားပါ့မယ်။ ရန်ကုန်တိုင်းတစ်ခုလုံးမှာ ရေငွေ့ပျံနှုန်းဟာ တစ်ရက်ကို ၅ ဒသမ ၄ မီလီမီတာကနေ ၅ ဒသမ ၆ မီလီမီတာအထိ ရှိနေတာကြောင့် အပင်တွေကနေ ရေဓာတ်ဆုံးရှုံးမှု အလွန်များပြားနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ မြေဆီလွှာအခြေအနေမှာတော့ ရန်ကုန်အနောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ အစိုဓာတ်ဟာ ၁၄ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တာကြောင့် ရန်ကုန်အတွင်းမှာ အခြောက်သွေ့ဆုံးဒေသတွေဖြစ်နေပြီး ရေသွင်းတာကို ဦးစားပေး လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာတော့ အစိုဓာတ် ၂၁ ရာခိုင်နှုန်းကျော် ရှိနေသေးပေမဲ့ ရေငွေ့ပျံနှုန်းကတော့ ၅ ဒသမ ၆ မီလီမီတာကျော်နဲ့ အမြင့်ဆုံးအဆင့်မှာ ရှိနေတာကြောင့် အစိုဓာတ်တွေဟာ လျင်လျင်မြန်မြန် ကုန်ခမ်းသွားနိုင်တာကို သတိပြုရပါမယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်လိုမျိုး အမြစ်တိုတဲ့ သီးနှံတွေအတွက် အပေါ်ယံမြေ ခြောက်သွေ့တာကို ကာကွယ်ဖို့ မြက်ခြောက် ဒါမှမဟုတ် ကောက်ရိုးတွေနဲ့ မဖြစ်မနေ မြေဖုံးပေးကြဖို့နဲ့ ရေလောင်းတဲ့အခါ နေပူချိန်ကိုရှောင်ပြီး ညနေစောင်းမှာပဲ မှန်မှန်လောင်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ နှစ်ရှည်ပင်တွေအတွက်ကတော့ မြေအောက်အစိုဓာတ် ၂၀ ရာခိုင်နှုန်းဝန်းကျင် ရှိနေသေးလို့ အခြေအနေကောင်းပေမဲ့ ၃ ရက်တစ်ကြိမ်လောက်တော့ ရေကို အောက်ခြေအထိ စိမ့်ဝင်အောင် လောင်းပေးဖို့ လိုအပ်ပါတယ်။ အခုလို နေပူရှိန်ပြင်းပြီး ရေငွေ့ပျံနှုန်း မြင့်မားနေတဲ့အချိန်ဟာ ကွမ်းခြံအသစ်ပြင်မည့်သူတွေအတွက် မြေပြုပြင်ဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။ ကွမ်းစိုက်မယ့်မြေကို အနက် ၁ ပေခွဲလောက်အထိ အောက်မြေပေါ်အောင် လှန်ပေးပြီး အနည်းဆုံး ၁၀ ရက်ကနေ ၁၅ ရက်လောက်အထိ နေပူလှန်းပေးခြင်းအားဖြင့် မြေကြီးအတွင်းမှာရှိတဲ့ မှိုရောဂါပိုးတွေနဲ့ ပိုးမွှားဥတွေကို သဘာဝအတိုင်း သေစေနိုင်ပါတယ်။ မတ်လအတွင်း ကွမ်းခြံစိုက်ပျိုးသူတွေအနေနဲ့လည်း ရန်ကုန်အနောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အစိုဓာတ်နည်းနေတာကြောင့် ရေသွင်းတဲ့အခါ ညနေစောင်း ဒါမှမဟုတ် ညဘက်တွေမှာပဲ သွင်းပေးရမှာဖြစ်ပြီး နေပူချိန်မှာ ရေသွင်းရင် ကွမ်းပင်တွေ အပူအောင်းပြီး ရောဂါဝင်လွယ်တတ်တာကို သတိထားရပါမယ်။ ဒါ့အပြင် ရေငွေ့ပျံနှုန်း မြင့်မားနေတာကြောင့် ကွမ်းခြံအမိုးတွေကိုလည်း နေရောင်တိုက်ရိုက်မကျအောင် သေသေချာချာ ပြုပြင်ပေးဖို့လိုပြီး ကွမ်းပင်ခြေကို မြက်ခြောက်တွေနဲ့ ဖုံးအုပ်ပြီး မြေအောက်အစိုဓာတ်ကို ထိန်းသိမ်းပေးကြဖို့ လိုအပ်တယ်လို့ အကြံပြုလိုပါတယ်။ နောက်ဆုံးအနေနဲ့ ရန်ကုန်တိုင်းက ဒေသခံတွေအတွက် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သတိပေးချက်တစ်ခုကတော့ ဒီတစ်ပတ်အတွင်း ရန်ကုန်တိုင်းမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI) ဟာ ၂၀၀ ဝန်းကျင်အထိ ရှိနေနိုင်တာကြောင့် လေထုညစ်ညမ်းမှု ခရမ်းရောင်အဆင့်မှာ ရောက်ရှိနေမှာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ကျန်းမာရေးမကောင်းသူတွေနဲ့ သာမာန်လူတွေပါ အန္တရာယ်ရှိနိုင်တာကြောင့် အပြင်မှာ အလုပ်လုပ်တဲ့အခါ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ တပ်ဖို့လိုအပ်သလို အဆုတ်နဲ့ နှလုံးရောဂါအခံရှိသူတွေ အနေနဲ့ ပြင်ပမှာ ပြင်းပြင်းထန်ထန် လှုပ်ရှားတာမျိုးတွေကို ရှောင်ကြဉ်ကြဖို့ အသိပေးလိုပါတယ်ရှင်။ #psm_weather #psm_myanmar #psm_news