У нас вы можете посмотреть бесплатно ထိုင်းနိုင်ငံကို တက်ရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ BROUK က တောင်းဆို или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ထိုင်းနိုင်ငံ BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ BROUK က တောင်းဆို (ရုပ်၊ သံ) နိရဉ္စရာ၊ ဧပြီ ၄/၂ဝ၂၅ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ဘူတန်၊ နီပေါနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် ရောက်ရှိနေပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းကို BROUK က ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့သိရပါတယ်။ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ဘူတန်၊ နီပေါနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း BIMSTEC ထိပ်သီးအစည်းအဝေးကို ဘန်ကောက်မြို့၊ ရှန်ဂရီလာဟိုတယ်မှာ ဧပြီလ ၄ ရက်နေ့မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ ထိုင်းလုပ်သမားအရေးဆောင်ရွက်တဲ့အဖွဲ့တချို့ ကလည်း BIMSTEC ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်မှုနဲ့ပတ်သက်လို့ ကန့်ကွက်ကြောင်း ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ ကျောက်ဖုရားမြစ် ပေါ်က တံတားတစ်စင်းပေါ်မှာလည်း မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း အင်္ဂလိပ်ဘာသာနဲ့ စာတန်းကိုချိတ်ဆွဲပြီး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ------------ Join this channel to get access to perks: / @narinjaratv ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။ _______________________________________________________________ နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။ 🌐 Website https://burmese.narinjara.com/ 🌐 Twitter - https://twitter.com/narinjaran?lang=en 🌐 Facebook - မြန်မာစာသတင်း / narinjara.info 🌐 Facebook - အင်္ဂလိပ်စာသတင်း / narinjaraenglish 🌐 Telegram - https://t.me/narinjaranews 🌐 TikTok Link - / narinjara