У нас вы можете посмотреть бесплатно မြိုင်မြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် ၄ နေရာ တိုက်ခိုက်ခံရ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မြိုင်မြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် ၄ နေရာ တိုက်ခိုက်ခံရ မြိုင်၊ စက်တင်ဘာ ၃၊ ၂၀၂၃။ မကွေးတိုင်း၊ မြိုင်မြို့က ရဲစခန်း၊ ထွေအုပ်ရုံး၊ လက်နက်ကိုင်ထားတဲ့ အုပ်ချုပ်ရေးမှူးအိမ်နဲ့ ကျောင်းဂိတ်တွေကို စက်တင်ဘာ၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ မြိုင်မြို့ပေါ်က မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်နဲ့ ကိုးဆောင်ကျောင်းဂိတ်တို့ကို စစ်မျက်နှာ ၄ ခုဖွင့်ပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ မြိုင်မြို့နယ် ပကဖ ဗိုလ် Cross က ပြောပါတယ်။ "ကျနော်တို့ ကာကွယ်ရေးတပ်တွေအနေနဲ့ ကိုယ့်မြို့ကို ပြန်လာနေပြီ။ မြို့အနီးတဝိုက်တွေမှာလည်း အကုန်လုံးရောက်နေပြီ။ မြို့ကိုလည်း ခဏလေးအတွင်းမှာ ပြန်လာလို့ရနေပြီဆိုတဲ့အကြောင်း စစ်ကောင်စီသိစေချင်တာ။" လို့ ဗိုလ် Cross က ပြောပါတယ်။ စစ်မျက်နှာ ၄ ခုဖွင့်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တာကြောင့် ကျည် ၂ ထောင်ဝန်းကျင်ကုန်ကျခဲ့သလို ကုန်ကျစရိတ်အားဖြင့် သိန်း ၄၀၀ နီးပါး ရှိခဲ့တယ်လို့ဆိုပါတယ်။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားလို့ စုံစမ်းရခက်နေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ မနေ့က တိုက်ပွဲအပြီးမှာ PDF တွေက ဆရာ ဆရာမ ၁၁ ဦးကို ဖမ်းသွားတယ်လို့ ဖော်ပြနေကြတဲ့အပေါ်မှာ ဗိုလ်လက်ယာက "ကျနော်တို့ အဝေးကြီးကို မခေါ်ဘူး။ အဲ့နားပတ်ဝန်းကျင်ကို ခဏထိန်းသိမ်းပြီး စစ်ကောင်စီ ဒေါက်တိုင်မလုပ်ဖို့ ပြောပြီး ကားပေါ်က ပြန်ချပြီး ပြန်လွှတ်ပေးလိုက်တာပါ။" လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာ မြိုင်ပကဖ တပ်ရင်း ၁ က တပ်ခွဲ ၃ နဲ့ ၄၊ တပ်ရင်း ၂ က တပ်ခွဲ ၁ နဲ့ ၃ အပါအဝင် Earthquake people's defence force၊ Salingyi Special Task Force(Sstf) နဲ့ GOEပြောက်ကျားတပ်ဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ဇို #မြေလတ်အသံ #မြိုင် #ရဲစခန်း #ထွေအုပ်ရုံး #ပစ်ခတ် #သတင်း #ရုပ်သံ #မြိုင်ပကဖ