У нас вы можете посмотреть бесплатно Milky Way ခေါ် နဂါးငွေ့တန်း ဂလက်ဆီ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အာကာသ မိုးကောင်းကင်မှာ ညဖက် မြင်ရတဲ့ Milky Way (မစ်ကီးဝေး) ဆိုတာကို မြန်မာလိုတော့ နဂါးငွေ့တန်းလို့ ခေါ်ကြပါတယ်။ အာကာသ မိုးကောင်းကင်မှာ ညဖက် ကြည့်လိုက်ရင် ဖြူဖြူ အတန်းရှည်ကြီးကို တွေ့ကြရမှာ ဖြစ်ပါတယ်။ အာကာသ ထဲက ဒီ အဖြူရောင် အတန်းကြီးကို နို့ရောင်လမ်း၊ နို့ရည်ဆမ်းလမ်း (Milky Way) ဆိုပြီး ခေါ်ခဲ့ကြတာပါ။ မစ်ကီးဝေးဟာ တကယ်တော့ ဂလက်ဆီ တစ်ခု ဖြစ်ပါတယ်။ ဂလက်ဆီ ဆိုတာက ကြယ်တွေ စုနေတဲ့ ကြယ်စုကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ကြယ်စုဟာ ကြယ်အလုံးရေ ရာဂဏန်းလောက်နဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အာကာသ စကြဝဠာ ထဲက ဂလက်ဆီ တွေဟာ ကြယ်အလုံးရေ ဘီလီယံ ရာနဲ့ချီ ပါဝင် ဖွဲ့စည်း ထားကြတာ ဖြစ်ပါတယ်။ ရှေးခေတ်က မစ်ကီးဝေး သည် ဂလက်ဆီ တစ်ခု ဆိုတာကို မသိခဲ့ ကြပါဘူး။ ဂရိ တွေးခေါ် ပညာရှင် အရစ္စတိုတယ်လ် က မစ်ကီးဝေး ဆိုတာ အာကာသ ကောင်းကင်နဲ့ မြေကြီး ဆုံရာ နယ်စည်း ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူ့ အယူအဆ ကိုပဲ ရှေးဂရိ ခေတ်က စလို့ အလယ်ခေတ် တောက်လျှောက်ထိ လက်ခံ ယုံကြည် ခဲ့ကြပါတယ်။ မစ်ကီးဝေးသည် ကြယ်တွေနဲ့ ဖွဲ့စည်း ထားတယ် ဆိုတာက စတင် တင်ပြခဲ့ကြတဲ့ သူတွေကတော့ အာရပ် နက္ခတ် ပညာရှင် တွေပဲ ဖြစ်ကြပါတယ်။ သူတို့က မစ်ကီးဝေးဟာ တကယ်တော့ မြောက်များလှ စွာသော ကြယ်တွေနဲ့ စုဖွဲ့ထားတဲ့ အာကာသ ထဲက ကြယ်အစုအဝေးကြီး ဖြစ်တယ် ဆိုတဲ့ အယူအဆကို စတင် တင်ပြခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီ သီအိုရီကို သက်သေပြဖို့ နက္ခတ်ကြည့် မှန်ပြောင်းတွေ မရှိသေးတဲ့ အတွက်ကြောင့် အရစ္စတိုတယ်လ် ရဲ့ အယူအဆကို ပယ်ရှားနိုင်ခဲ့ကြခြင်း မရှိခဲ့ပါဘူး။ ၁၆၁၀ ခုနှစ်မှာ ဂယ်လီလီယို Galileo က သူတီထွင်တဲ့ နက္ခတ်ကြည့် မှန်ပြောင်းနဲ့ အာကာသ မိုးကောင်းကင်ကို ကြည့်တဲ့ အခါ မစ်ကီးဝေး ထဲမှာ ကြယ်လေးတွေကို မှိန်ပြပြ တွေ့ခဲ့ ရပါတယ်။ ၁၇၅၀ မှာတော့ အင်္ဂလိပ် နက္ခတ် ပညာရှင် သောမတ်စ် ရိုက် (Thomas Wright) က မစ်ကီးဝေးသည် ကြယ်တွေ စုဝေးနေတဲ့ ဓါတ်ပြားချပ် ကြီးလို ချပ်ပြားဝိုင်းကြီး ဖြစ်ပြီး နေဟာ ဒီ ဓါတ်ပြားချပ် ကြီးထဲက ကြယ်တစ်စင်း ဖြစ်တယ်ဆိုပြီး တင်ပြ ခဲ့ပါတယ်။ ၁၈ ရာစု နက္ခတ် ပညာရှင် တွေဟာ မစ်ကီးဝေးဟာ ကြယ်တွေ စုဝေးနေတဲ့ အစုအဝေးကြီး ဖြစ်တယ် ဆိုတာကို သဘောပေါက် လာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က မစ်ကီးဝေးသည် စကြာဝဠာ ဖြစ်တယ်လို့ ထင်မြင် ခဲ့ကြပြီး မစ်ကီးဝေးရဲ့ အပြင်ဖက် အာကာသ ထဲမှာ ဘာမှ မရှိဘူးလို့ ယူဆခဲ့ ကြပါတယ်။ ၁၉၂၀ မှာတော့ အမေရိကန် နက္ခတ် ပညာရှင် တစ်ဦးဖြစ်တဲ့ အက်ဒ်ဝင် ဟတ်ဘယ်လ် (Edwin Hubble) ဟာ Mt. Wilson တောင်ပေါ်က အချင်း လက်မ ၁၀၀ ရှိတဲ့ တယ်လီစကုပ် ကြီးနဲ့ နက်ဗြူလာ တွေကို လေ့လာ ခဲ့ပါတယ်။ ဒီ နက်ဗြူလာ တွေကို ကြည့်တဲ့ အခါမှာ ဒီ နက်ဗြူလာ တွေရဲ့ အနားပတ်လည်မှာ ကြယ်တွေနဲ့ ဖွဲ့စည်း ထားတာကို တွေ့ခဲ့ ရပါတယ်။ နောက်ပြီး ဒီ နက်ဗြူလာ တွေရဲ့ အကွာအဝေးကို တိုင်းတာတဲ့ အခါမှာလဲ အလွန် ဝေးကွာ နေတာကို တွေ့ခဲ့ ရပါတယ်။ ဒီအချက်ကို အခြေပြုပြီး ဟတ်ဘယ်လ်က ဒီ နက်ဗြူလာ တွေသည် မစ်ကီးဝေး လို ဂလက်ဆီ တွေ ဖြစ်ပြီး မစ်ကီးဝေးဟာ စကြဝဠာ ထဲက တခုတည်းသော ဂလက်ဆီ မဟတ်ဘူး ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။ မစ်ကီးဝေးရဲ့ ဗဟိုမှာ အလွန် ကြီးမားတဲ့ Super massive black hole ကြီး တစ်ခု ရှိပါတယ်။ Sagittarius A* လို့ အမည်ပေး ထားတဲ့ ဒီ black hole ကြီးဟာ နေအစင်းပေါင်း ၄ သန်းခွဲ ခန့်နဲ့ ညီမျှတဲ့ ဒြပ်ထု ရှိမယ်လို့ ယူဆ ကြပါတယ်။ ဒီ black hole တွင်းနက်ကြီးရဲ့ ဓါတ်ပုံကို တလောကပဲ အောင်မြင်စွာ ဓါတ်ပုံ ရိုက်ယူ နိုင်ခဲ့ပါတယ်။ ဒီ Super massive black hole ကြီးရဲ့ အနီးက ကြယ်တွေဟာ ဒီ တွင်းနက်ကြီးကို ဗဟိုပြုပြီး လှည့်ပတ်နေကြပါတယ်။ ဒီလို လှည့်ပတ်နေကြတဲ့ ကြယ်တွေ အနက်က S2 လို့ အမည်ပေး ထားတဲ့ ကြယ်ဟာ အခုထိ ရှာဖွေ တွေ့ရှိခဲ့ပြီး သမျှထဲမှာ Sagittarius A* တွင်းနက်ကြီးနဲ့ အနီးဆုံး ကပ်ပြီး လှည့်ပတ်နေတဲ့ ကြယ်ဖြစ်ပါတယ်။