У нас вы можете посмотреть бесплатно Burmese: လူမျိုးရေး တန်းတူညီမျှမှု၊ ပါဝင်နိုင်မှုနှင့် ပါဝင်သက်ဆိုင်မှု၊ အခြေခံဥပဒေ ... или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
The Office of Racial Equity, Inclusion, and Belonging, Charter Change လူမျိုးရေး တန်းတူညီမျှမှု၊ ပါဝင်နိုင်မှုနှင့် ပါဝင်သက်ဆိုင်မှု၊ အခြေခံဥပဒေ ပြောင်းလဲမှု ရုံးဌာန မတ်လ ၃ ရက်နေ့တွင် မဲပေးခွင့်ရှိသော ဘာလင်တန် (Burlington) မြို့ရှိ နေထိုင်သူများသည် မဲစာရွက်ပေါ်တွင် လူမျိုးရေး တန်းတူညီမျှမှု၊ ပါဝင်နိုင်မှု နှင့် ပါဝင်သက်ဆိုင်မှု ရုံးဌာနနှင့် (Office of Racial Equity, Inclusion, and Belonging) ပတ်သက်သည့် မေးခွန်းတစ်ရပ်ကို တွေ့မြင်ရမည်ဖြစ်ပြီး ၎င်းရုံးကို REIB ရုံး ဟုလည်း ခေါ်ကြပါသည်။ မေးခွန်းတွင် REIB ရုံးကို မြို့တော် အခြေခံဥပဒေ (City Charter) ထဲသို့ ထည့်သွင်းသင့်မသင့်သည်ကို မေးမြန်းထားပါသည်။ မြို့တော် အခြေခံဥပဒေ (City Charter) သည် မြို့တော်အစိုးရကို မည်သို့ ဖွဲ့စည်းထားသည်နှင့် မည်သည့်ရုံးများသည် အမြဲတမ်း ရုံးများဖြစ်ကြောင်းသတ်မှတ်ပေးသည်ကို ဖော်ပြထားသော စာရွက်စာတမ်းဖြစ်ပါသည်။ ဤအခြေခံဥပဒေ ပြောင်းလဲမှုသည် REIB ရုံးကို မြို့တော်အစိုးရ၏ အမြဲတမ်း အစိတ်အပိုင်းတစ်ခုဖြစ်လာစေရန် သတ်မှတ်လိုက်မည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ မြို့တော်သည် ခေါင်းဆောင်မှု ပြောင်းလဲသော်လည်း မပြောင်းလဲသည့် ရှင်းလင်းစွာသတ်မှတ်ထားသော အခန်းကဏ္ဍဖြင့် ဤရုံးနှင့် ဤလုပ်ငန်းကို အချိန်နှင့်အမျှ ထိန်းသိမ်းထားရန် လိုအပ်မည်ဖြစ်သည်။ လူထုအဖွဲ့ဝင်များသည် ဤလုပ်ငန်းကို နှစ်စဉ်ဆက်လက်အားကိုးနိုင်မည်ဖြစ်ပါသည်။ လူမျိုးရေး တန်းတူညီမျှမှု၊ ပါဝင်နိုင်မှု နှင့် ပါဝင်သက်ဆိုင်မှု ရုံးဌာန (Office of Racial Equity, Inclusion, and Belonging)သည် မြို့တော်အစိုးရတစ်လျှောက်ရှိ ဌာနများအားလုံးနှင့် ပူးပေါင်းလုပ်ဆောင်သော လူထုလိုအပ်ချက်များကို တုံ့ပြန်နိုင်သည့် ထိရောက်မှု၊ တရားမျှတမှု၊ လက်လှမ်းမီနိုင်သော ဝန်ဆောင်မှုများကို စီစဉ်ပြီး ပေးအပ်နိုင်ရန် ကူညီပံ့ပိုးပေးပါသည် အထူးသဖြင့် အရင်က လုံလောက်စွာ ထောက်ပံ့မခံခဲ့ရသော သို့မဟုတ် ဘေးဖယ်ထားခံခဲ့ရသော မြို့ရှိနေထိုင်သူများအတွက် ဖြစ်ပါသည်။ ဤလုပ်ငန်း၏ အဓိကအစိတ်အပိုင်းတစ်ခုမှာ မြို့တော်ဝန်ထမ်းများ၊ ဘုတ်အဖွဲ့များနှင့် ကော်မရှင်များကို လေ့ကျင့်ပေးခြင်းနှင့် လမ်းညွှန်ပေးခြင်းဖြစ်ပါတယ် ပြီးတော့ ၎င်းတို့သည် မတူကွဲပြားသော လိုအပ်ချက်များနှင့် ဘဝအခြေအနေများရှိသော မြို့ရှိနေထိုင်သူများကို မည်သို့ဝန်ဆောင်မှုပေးရမည်ကို သိရှိနိုင်စေရန် ဖြစ်ပါသည်။ ဤရုံးသည် လူထုအဖွဲ့ဝင်များအတွက် မြို့တော်အစိုးရနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ရန် ရှင်းလင်းသောနည်းလမ်းများကိုလည်း ဖန်တီးပေးပြီး ရပ်ရွာမှဖော်ထုတ်ထားသော လိုအပ်ချက်များနှင့် မြို့တော်အရင်းအမြစ်များကို ကိုက်ညီအောင် ညှိနှိုင်းရန် ကူညီပေးပါသည်။ ဤလုပ်ငန်းသည် မြို့တော်ဝန်ဆောင်မှုများကို နေ့စဉ်ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရန် ကူညီပေးပါသည်။ ဌာနများသည် အချက်အလက်များကို ပိုမိုရှင်းလင်းစွာမျှဝေကြပြီး၊ တာဝန်ဝတ္တရားများကို ပိုမိုနားလည်ရလွယ်ကူစေကာ၊ ပြဿနာများကို နောက်ကျခြင်း သို့မဟုတ် လွှဲပေးခြင်းမဖြစ်ဘဲ မြန်ဆန်စွာ ဖြေရှင်းနိုင်ပါသည်။ အခြေခံဥပဒေ ပြောင်းလဲမှုသည် ဤညှိနှိုင်းဆောင်ရွက်မှုနှင့် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းကို မြို့တော်အစိုးရ၏ အမြဲတမ်း အစိတ်အပိုင်းတစ်ခု ဖြစ်လာစေမည်ဖြစ်ပြီး၊ ခေါင်းဆောင်မှု သို့မဟုတ် ဦးစားပေးမှုများ ပြောင်းလဲသွားသော်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ မက်ဆာချူးဆက် (Massachusetts) ပြည်နယ်၊ ဘော်စတွန် (Boston) နှင့် အမ်ဟာ့စ် (Amherst) မြို့များနှင့် မိန်း (Main) ပြည်နယ်၊ (Portland) ပို့တ်လန်း မြို့ကဲ့သို့သော မြို့များသည်လည်း ဒီလိုအလားတူချဉ်းကပ်မှုများကို လုပ်ဆောင်ခဲ့ကြသည် ပြီးတော့ ဤလုပ်ငန်းကို မြို့တော်အစိုးရတွင် ထည့်သွင်းခြင်းသည် ဝန်ဆောင်မှုများသည် ဒေသခံများကို အချိန်နှင့်အမျှ မည်သို့ ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ကြောင်းပြသထားပါသည်။ (Town Meeting Day) မြို့နယ်အစည်းအဝေးနေ့သည် မတ်လ ၃ ရက်နေ့ဖြစ်ပြီး၊ ထိုနေ့တွင် ဘာလင်တန် (Burlington) မြို့၏ မဲဆန္ဒရှင်များသည် ဤမေးခွန်းကို ဆုံးဖြတ်ကြမည်ဖြစ်ပါသည်။ မဲစာဖြင့် စာတိုက်မှတစ်ဆင့် မဲပေးလိုပါက 802-865-7000 သို့ ဖုန်းခေါ်ဆိုပြီး သင့်ဘာသာစကားဖြင့် မဲစာရွက်ကို တောင်းဆိုနိုင်ပြီး ဘာလင်တန် (Burlington) မြို့တော်မှ သင့်ထံ မဲစာရွက်တစ်စောင် ပို့ပေးပါမည်။ ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံးထား၍ သင့်မဲစာရွက်ကို စာတိုက်မှတစ်ဆင့် ပြန်ပို့ပေးရပါမည်။ မဲစာရွက်များကို အင်္ဂလိပ်၊ အာရဗီ၊ မြန်မာ၊ ပြင်သစ်၊ နီပေါ၊ ဆိုမာလီ နှင့် ဆွာဟီလီ ဘာသာစကားများဖြင့် ရရှိနိုင်ပြီး သင်မဲပေးသည့်နေရာတွင် ဘာသာစကားအကူအညီလည်း ရရှိနိုင်ပါသည်။ ဤဗီဒီယို၏ မှတ်ချက်များအပိုင်းတွင် အခြေခံဥပဒေပြောင်းလဲမှုအကြောင်း၊ မဲပေးနိုင်သည့် နေရာနှင့် နည်းလမ်းများ၊ မဲပေးခွင့်ရှိသူများ၊ ၂ဝ၂၄ ခုနှစ်မှစ၍ ဘာလင်တန်မြို့ရှိ နေထိုင်သူများအတွက် အသစ်ပြင်ဆင်ထားသည့် မဲပေးနည်းစည်းမျဉ်းများနှင့် မဲပေးသည့်အခါ ဘာသာပြန်များနှင့် ဘာသာစကားအကူအညီကို မည်သို့အသုံးပြုနိုင်မှုအကြောင်း နောက်ထပ် အချက်အလက်များပါရှိပါသည်။ မဲစာရွက်မှာ ပါသည့်အကြောင်းအရာများနှင့် မဲပေးရန် နည်းလမ်းများကို လေ့လာရန် အချိန်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ လူမျိုးရေး တန်းတူညီမျှမှု၊ ပါဝင်နိုင်မှုနှင့် ပါဝင်သက်ဆိုင်မှု၊ အခြေခံဥပဒေ ပြောင်းလဲမှု ရုံးဌာန