У нас вы можете посмотреть бесплатно BT -16 ဟုအမည်ပေးထားသည့် ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ် လက်နက် အောင်မြင်စွာ ထုတ်လုပ် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
သံလွင်မြန်မာသတင်း ဇူလိုင်လ ၈ BT-16 ဟုအမည်ပေးထားသည့် ချေမှုန်းရေး မောင်းပြန်ရိုက်ဖယ်လက်နက်အောင်မြင်စွာထုတ်လုပ် ထားနိုင်ပြီး ထောက်ပံ့ကူညီမည့်သူရှိပါက အညာဒေသတော်လှန်ရေးတပ်ဖွဲ့များထံ မျှဝေပေးသွား မည်ဖြစ်ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် ညီနောင်မဟာမိတ်ဖြစ်သော Royal Brother Defence Force (RBDF)နှင့်အတူ ပူးပေါင်းကာ 5.56 ကျည်သုံး ချေမှုန်းရေးရိုင်ဖယ်သေနတ် စမ်းသပ် ထုတ်လုပ်ခဲ့ရာ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ဘပြည်သူများအား အသိပေးတင်ပြခြင်းဖြစ်သည်ဟု ဆိုသည်။ “ဒီလက်နက်က မောင်းပြန်လက်နက်နဲ့မခြားဘူး။ တော်တော်လေးကောင်းတယ်၊ စမ်းသပ်တဲ့ကာလ ပထမပိုင်းမှာ မောင်းတုံးကွဲတာတွေတို့၊ ပွင့်ထွက်တာတွေတို့ အခက်အခဲတွေအများကြီးရှိတယ်၊ ကျ နော်တို့က အညာတပ်ဖြစ်တဲ့အတွက်ကြောင့် လက်နက်တွေကို ဈေးကြီးပေးပြီးတော့ မဝယ်နိုင်ဘူး။ အဲဒီတော့ ကိုကိုယ်တိုင်မောင်းပြန်သေနတ်တစ်လက်ကို ထုတ်နိုင်ချင်တယ်၊ ရှေ့တိုက်ပွဲတွေမှာ လက် လုပ်တွေအစား၊ လက်လုပ်ချင်းတူရင်တောင် အဆင့်မြင့်တဲ့အခုလိုမောင်းပြန်သေနတ်တွေကို ပေးချင် တယ်၊ နောက်အချိန်ကြာလာတာနဲ့အမျှအညာတပ်တွေကို ပြန်လည်ပြီးတော့ မျှဝေသုံးစွဲဖို့ရှိပါတယ်” ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။ ၎င်းချေမှုန်းရေး ရိုင်ဖယ်ကို BT-16 ဟု အမည်ပေးထားပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၃၅ သိန်း ကျပ်သာ ရှိကြောင်း၊ မိဘပြည်သူများအနေဖြင့် လက်နက်တစ်လက်စာ ကူညီထောက်ပံ့ပါက ထောက်ပံ့သူ၏ အမည်ကို ထုတ်လုပ်ထားသည့်လက်နက်တွင် ကမ္မည်းရေးထိုးပေးသွားမည်ဖြစ် ကြောင်းအသိပေးထားသည်။ လက်ရှိ MBT တပ်ဖွဲ့၏ စစ်ဒေသများတွင် အသုံးပြုတိုက်ပွဲဝင်လျက်ရှိပြီး နောင်လာမည့် တိုက်ပွဲ များ တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၊အလားတူ ကောင်းမွန်၍ နည်းပညာပြည့်ဝသည့် လက်နက်ကြီး၊ လက်နက်ငယ်များကို ညီနောင် မဟာမိတ်ဖြစ်သော Royal Brother Defence Force (RBDF) နှင့် အတူ ပူးပေါင်းကာ ဆက်လက် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။