У нас вы можете посмотреть бесплатно W&H- Lisa Sterilizer или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Lisa တွင် touchscreen အောက်တွင် LED သုံးလုံးပါတယ်။ Lisa တွင်သာပါဝင်ခြင်းဖြစ်သည်။ အစိမ်းရောင်ငြိမ်နေပါက Sterilization cycle ပြီးဆုံးသွားပြီဖြစ်ပါသည်။ အစိမ်းရောင်လှုပ်ရှားနေပါက Sterilization ပြုလုပ်နေသည်ကိုညွှန်ပြနေပါသည်။ Sterilization လုပ်နေစဉ် error တစ်ခုခုတက်ပါက အနီရောင်ပြနေမည်ဖြစ်ပါသည်။ Lisa touchscreen ၏ responsiveness သည် အခြား sterilizers များနှင့်သိသိသာသာ ကွာခြားပါသည်။ 4.3" touchscreen size ဖြစ်ပါသည်။ Sterilization မစခင် sterilizers မှ အိတ်မည်မျှထည့်မည်ကို မေးမြန်းမည်ဖြစ်ပါသည်။ label အရေအတွက်သည် pouch အိတ်အရေအတွက်နှင့်တူညီပါသည်။ Sterilization စသည်နှင့် W&H smartphone app တွင်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ smartphone တွင်လည်း Sterilization cycle ပြီးဆုံးသောအခါ အသိပေးရန် setting ထားလို့ရပါသည်။ sterilization cycle ပြီးဆုံးသည်နှင့် ဖုန်းတွင် noti တက်လာမည်ဖြစ်ပါသည်။ app တွင် sterilizer လေးခုထိ ချိတ်ဆက်ပေးနိုင်ပါသည်။ dental assistants များသည် Sterilization ပြီးဆုံးသည်နှင့် sterilizer တံခါးကိုဖွင့်ကာ pouch အိတ်များ ခြောက်သွေ့ခြင်း၊ ပေါက်ပြဲနေခြင်းရှိမရှိကို စစ်ဆေးရပါမည်။ အကယ်၍ sterilizer မှထွက်လာသောအိတ်များပေါက်ပြဲနေပါက ထို instrument အိတ်များကိုသိမ်းဆည်း၍မရပါ။ ချက်ချင်းအသုံးပြုရမည်ဖြစ်ပါသည်။ ထို instrument များသည် sterilize လုပ်ပြီးပြီဖြစ်သော်လည်း အိတ်များပေါက်ပြဲနေသောကြောင့် သိမ်းဆည်း၍မရဘဲ ချက်ချင်းအသုံးပြုခိုင်းခြင်းဖြစ်ပါသည်။ ထို့နောက် label printer မှထွက်လာသော label များကို အိတ်များတွင်ကပ်ပေးရပါမည်။ ထို label များသည် အရေးကြီးသော Sterilization အချက်အလက်များကို ပြသနိုင်သည်။ ထို label များသည် instrument များကို sterilization ကောင်းမွန်စွာလုပ်ပြီးကြောင်းသက်သေခံနေသည့် label များဖြစ်ပါသည်။ label တွင် sterilizer name, serial number, software version, cycle အရေအတွက်၊ date, expired date တို့ပါဝင်ပါသည်။ barcode လည်းပါဝင်သည်။ ထို barcode ကို လူနာကို treatment မပေးခင် ဆေးခန်း computer နှင့်ချိတ်ဆက်ထားသော scanner နှင့် scan ဖတ်မည်ဖြစ်ပါသည်။ ထိုအခါ instrument ကို ကောင်းမွန်စွာပြုလုပ်ထားကြောင်းသိနိုင်သည်။ အကယ်၍ patient များက ဆေးခန်းမှ ရောဂါကူးစက်ကြောင်း စွပ်စွဲသောအခါ ထို barcode label လေးများနှင့် ငြင်းဆိုသက်သေပြ၍ရနိုင်မည်ဖြစ်ပါသည်။ ဆေးခန်း၊ လူနာ၊ instrument များအားလုံး ရောဂါပိုးကင်းစင်ကြောင်း သက်သေပြနိုင်မည်ဖြစ်ပါသည်။ စက်၏ touchscreen မှ cycle report များကိုကြည့်ရှုနိုင်ပါသည်။ ထို cycle report ထဲတွင် label တွင်ပါသော tracking number ကိုတွေ့ရမည်ဖြစ်ပါသည်။ smartphone app ထဲတွင်လည်း report ဟူသော function ပါဝင်သည်။ ထို report ထဲတွင် dentist များအနေဖြင့် treatment report များကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ patient ID, patient photo, treatment procedure များကို ထည့်သွင်းနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် treatment ပြုလုပ်စဉ်အသုံးပြုခဲ့သည့် instrument များ၏ပုံများကိုလည်း ထည့်သွင်းနိုင်မည်ဖြစ်သည်။ ထို့အပြင် label တွင် ရှိသော code ကို scan ဖတ်နိုင်မည်ဖြစ်ပါသည်။ ထိုအခါ ကောင်းမွန်စွာ sterilize လုပ်ထားသော instrument များကိုသာအသုံးပြုထားကြောင်းသိနိုင်မည်ဖြစ်ပါသည်။ ထို report ထဲတွင် မှတ်ချက်များလည်းရေးနိုင်သည်။ email မှတစ်ဆင့် ထို report ကို pdf format ဖြင့် share လုပ်နိုင်မည်ဖြစ်ပါသည်။ patient file တွင် ထို pdf ကို တွဲ၍မှတ်သားထားနိုင်မည်။ smartphone နှင့် Sterilization ကိုချိတ်ဆက်ရန် နှစ်ခုစလုံးကို network တစ်ခုထဲတွင် join ထားရန်လိုအပ်ပါသည်။ Lisa ၏အခြား function တစ်ခုမှာ user account များကိုဖန်တီးနိုင်ခြင်းဖြစ်ပါသည်။ user management ထဲကိုဝင်ပါ။ ထိုထဲတွင် ဖုန်းမှတစ်ဆင့် စက်ကိုအသုံးပြုမည့် user ၏ ဓာတ်ပုံရိုက်ယူ၍ရပါသည်။ ထို function သည် Lisa တစ်မျိုးထဲတွင်သာရရှိနိုင်ပါသည်။ administrator နှင့် user ဟူ၍နှစ်မျိုးဖွင့်နိုင်သည်။ administrator သည် user များထပ်ထည့်ခြင်း၊ ဖယ်ထုတ်ခြင်း၊ pin code password ပြောင်းလဲခြင်းများကိုပြုလုပ်နိုင်သည် label သို့မဟုတ် sterilization report တွင် မည်သည့် user မှ sterilization cycle ကိုစတင်ခဲ့ကြောင်းသိနိုင်ပါသည်။ ထို့အပြင် instrument များကို unload လုပ်သည့် user ကိုလည်း သိရှိနိုင်ပါသည်။ release confirmation ဟုခေါ်သော function လည်းပါရှိပါသည်။ sterilization ပြုလုပ်ထားသည့် instrument များကိုပြန်ထုတ်ရန်သေချာပြီလားဟုမေးမြန်းသည့်အဆင့်ဖြစ်ပါသည်။ Lisa တွင်တစ်ခါတည်းပါဝင်ပြီးသားဖြစ်ပါသည်။ Lisa ထဲတွင် instrument များကို register ပြုလုပ်ထား၍ရသည်။ instrument တစ်ခုချင်းစီကို identify လုပ်ထား၍ရသည်။ serial number ဖြင့် identify လုပ်ထားခြင်းဖြစ်ပါသည်။ instrument များအားလုံးကို database ထဲတွင် ခွဲခြား၍ရှိသည်။ database တစ်ခုတည်ဆောက်ပြီးပြီဆိုပါက print ထုတ်ထားရမည်။ ထိုစာရွက်ထဲတွင် ဆေးခန်းတွင်ရှိသော instrument အကုန်လုံးပါရှိရမည်ဖြစ်ပါသည်။ ထိုစာရွက်ကို sterilizer ဘေးဘက်တွင် သိသာမြင်သာသောနေရာတွင်ကပ်ထားရမည်။ B universal sterilization mode တွင်သာအသုံးပြုရမည်ဖြစ်ပါသည်။ s fast cycle များတွင်အကျုံးမဝင်ပါ။ အဘယ်ကြောင့်ဆိုသော် s fast cycle များသည် အရေးပေါ်အသုံးပြုရန် instrument များကို လျင်မြန်စွာ autoclave လုပ်သည့် cycle ဖြစ်သောကြောင့်ဖြစ်ပါသည်။ traceability သည် အိတ်နှင့် autoclave လုပ်သော instrument များအတွက်သာဖြစ်ပါသည်။