• ClipSaver
ClipSaver
Русские видео
  • Смешные видео
  • Приколы
  • Обзоры
  • Новости
  • Тесты
  • Спорт
  • Любовь
  • Музыка
  • Разное
Сейчас в тренде
  • Фейгин лайф
  • Три кота
  • Самвел адамян
  • А4 ютуб
  • скачать бит
  • гитара с нуля
Иностранные видео
  • Funny Babies
  • Funny Sports
  • Funny Animals
  • Funny Pranks
  • Funny Magic
  • Funny Vines
  • Funny Virals
  • Funny K-Pop

သောတာပန်ဆိုတာဘယ်လိုလဲ သဲအင်းဂူဆရာတော်ကြီး (ပုသိမ်) скачать в хорошем качестве

သောတာပန်ဆိုတာဘယ်လိုလဲ သဲအင်းဂူဆရာတော်ကြီး (ပုသိမ်) 4 года назад

скачать видео

скачать mp3

скачать mp4

поделиться

телефон с камерой

телефон с видео

бесплатно

загрузить,

Не удается загрузить Youtube-плеер. Проверьте блокировку Youtube в вашей сети.
Повторяем попытку...
သောတာပန်ဆိုတာဘယ်လိုလဲ သဲအင်းဂူဆရာတော်ကြီး (ပုသိမ်)
  • Поделиться ВК
  • Поделиться в ОК
  •  
  •  


Скачать видео с ютуб по ссылке или смотреть без блокировок на сайте: သောတာပန်ဆိုတာဘယ်လိုလဲ သဲအင်းဂူဆရာတော်ကြီး (ပုသိမ်) в качестве 4k

У нас вы можете посмотреть бесплатно သောတာပန်ဆိုတာဘယ်လိုလဲ သဲအင်းဂူဆရာတော်ကြီး (ပုသိမ်) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:

  • Информация по загрузке:

Скачать mp3 с ютуба отдельным файлом. Бесплатный рингтон သောတာပန်ဆိုတာဘယ်လိုလဲ သဲအင်းဂူဆရာတော်ကြီး (ပုသိမ်) в формате MP3:


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса ClipSaver.ru



သောတာပန်ဆိုတာဘယ်လိုလဲ သဲအင်းဂူဆရာတော်ကြီး (ပုသိမ်)

သောတာပန် ရဟန္တာ ပညတ်တွေ အယူမှားနေတာကို ရှင်းပြပေးလိုက်တာ တစ်ခါတည်းရှင်းသွားတာဘဲဘုရား ဦးခိုက်ပူဇော်ပါသည်ဘုရား ကျေးဇူးတော်ရှင် မူလသဲအင်းဂူ ဆရာတော် အလောင်းအလျာကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ၊ နှောကုန်း ကျေးရွာနေ ဦးသော်တာ နှင့် ဒေါ်မယ်အံ့တို့မှ ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊တနင်္ဂနွေနေ့ နံနက် (၈:၀၀) နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။ မွေးချင်း (၇)ယောက် ရှိသည်တွင် တတိယမြောက် သားရတနာ ဖြစ်ပါသည်။ ဆရာတော် အလောင်းလျာကိုမိဘများမှ အသက်အရွယ်ငယ်စဉ်ကပင် ကျောင်းထားပြီး စာပေတော်သင်စေခဲ့သော်ငြားလည်း စာပေပညာ ထူးချွန်စွာ တတ်မြောက်ခြင်းမရှိခဲ့ဘဲ မြန်မာစာသင်ပုန်းကြီးအဆင့်ဖြင့်သာ ဘုန်းကြီးကျောင်းမှ ကျောင်းထွက်ခဲ့ရပါသည်။ ဆရာတော် အလောင်းအလျာသည် အသက်(၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ်တိုင်အောင် ကောင်းဆိုးနှစ်ထွေ ရောပြွန်းသည့် လောကီဓမ္မ သဘာဝတရားများကို တွေ့ကြုံ ခံစားခဲ့ရပါသည်။ အိမ်ထောင် ၄- ကြိမ်ပြုခဲ့သည်။ သားကျွေးမှု မယားကျွေးမှုအတွက် အသက် ၄၆-နှစ်အရွယ်အထိ အရက်သမား၊ လောင်းကစားသမား၊ ကြေးစားလူမိုက်၊ ဓားပြဗိုလ် ဘဝတို့ဖြင့် အကုသိုလ်မျိုးစုံကျူးလွန်ရင်း အစိုးရအပြစ်ဒဏ်များကိုလဲ ကျခံခဲ့ရသည်။ တစ်နေ့သောအခါ၌ ဇနီးသည် ဝယ်ယူလာခဲ့သော စာမတတ်သည့် စွန်းလွန်းဆရာတော်ဘုရားကြီးအကြောင်း ရေးသားထားသည့် စာအုပ်ကို ရုပ်ပုံများကြည့်ရင်း သတိပဋ္ဌာန်တရားလေးပါးကို စာလုံးပေါင်းဖတ်ကြည့်ပြီး ”သူတောင် ရဟန္တာဖြစ်ရင် ငါလဲကျင့်ရင် ဖြစ်မှာပဲ” ဟု တရားကျင့်လိုစိတ် စတင်ဖြစ်ပေါ်ခဲ့ပါသည်။ နောက်ဆုံးအကြိမ် ဓားပြတိုက်ရာတွင် ဦးခေါင်းကို ဓားခုတ်ခံရပြီး သံဝေဂ အကြီးအကျယ်ရခဲ့ပါသည်။ ၇-ရက် အကြာ ဒဏ်ရာသက်သာသောအခါ စွန်းလွန်းဆရာတော်စာအုပ်ကိုယူပြီး မှော်ဘီနှောကုန်းရွာ ကျောင်းလေးကျောင်း သိမ်ထဲတွင် ၉-ပါးသီလ ခံယူကာ တံခါးပိတ်ပြီး ”လူသေလျှင်သေ မသေလျှင် ကိလေသာသေ” ဟု ပြင်းပြသော စိတ်ဖြင့် ဝင်လေထွက်လေ နှာသီးဖျား ထိသည်ကို သတိဖြင့် မပြတ်ရှုမှတ်ပါလေတော့သည်။ ဆရာတော် အလောင်းလျာသည် သံဝေဂရပြီး ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သောဘုန်းကြီးကျောင်းကလေးအတွင်းရှိ သိမ်အတွင်းဝယ် (၁၃၂၁) ခုနှစ်၊ တော်သလင်း လဆန်း (၆)ရက်၊ တနလာၤနေ့မှ စတင်၍ သတိပဋ္ဌာန် တရားကို မနားမနေ ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ ... ၁၃၂၁ ခုနှစ်၊ တော်သလင်း လဆန်း (၁၁)ရက် စနေနေ့ မွန်းလွဲသာသာအချိန်တွင် ပထမမဂ် ကို လည်းကောင်း၊ ၁၃၂၁ ခုနှစ်၊ သီတင်းကျွတ် လဆန်း (၉)ရက် စနေနေ့၊ အမကြီး ဒေါ်ဖွားစိန်၏ခြံ၊ အုန်းနှဲပင်အောက်တွင် ဒုတိယမဂ် ကို လည်းကောင်း၊ ၁၃၂၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄)ရက် အင်္ဂါနေ့ ညနေ (၃)နာရီအချိန်၊ အုန်းနှဲပင်နှင့် မနီးမဝေး အနောက်မြောက်အရပ်နေရာ၌ တတိယမဂ် ကို လည်းကောင်း ရရှိတော်မူခဲ့ပါသည်။ ဆရာတော် အလောင်းလျာသည် တတိယမဂ်ကို ရပြီးသည့် အချိန်မှစ၍ ဖြူနီကြောင်ကြားအဝတ်များ ဝတ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူ အဝတ်ကိုသာ ဝတ်ဆင်ပါတော့သည်။ ဆရာတော် အလောင်းလျာသည် ပိတ်ဖြူဝတ်ဖြင့် တစ်နှစ်မျှ နေပြီးနောက် ရဟန်းဝတ်ရန် ဝန်ခံပြီး ၁၃၂၂ ခုနှစ်၊ တပေါင်းလတွင် မယ်တော်ကြီး ဒေါ်မယ်အံ့နှင့် မှော်ဘီမြို့နေ ဦးစုရ အမှူးပြုသောဒါယိကာ၊ ဒါယိကာမ များ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ နှောကုန်းကျေးရွာ ခဏ္ဍာသိမ်တော် အတွင်း၌ ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တပညိန္ဒြိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော အထက်တန်း ရဟန်းအဖြစ်ရရှိကာ ဦးဥက္ကဋ္ဌ ဟူသော ဘွဲ့အမည်ကို ရတော် မူခဲ့ပါသည်။ ရဟန်းဖြစ်ချိန်မှစ၍ ဆရာတော်သည် တရားကို မနားမနေ ဆက်လက်ပြီး ပွားများအားထုတ်ခဲ့ရာ ၁၃၂၃ ခုနှစ် နယုန်လပြည့်ကျော် (၂)ရက် စနေနေ့ နံနက် (၈:၀၀)နာရီ နှင့် (၉:၀၀)နာရီ ကြားအချိန်တွင် မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ ၏နေအိမ်တော်တွင် စတုတ္ထမဂ် ကို ရရှိတော်မူခဲ့ပါသည်။ စတင်ပြီး တရားအားထုတ်ချိန်မှ တွက်သော် လပေါင်း ၂၀ နှင့် ရက်ပေါင်း ၁၃ရက် ကြာမြင့်ခဲ့ပါသည်။ ၁၃၂၃ခုနှစ် ဝါဆိုလပြည့်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၏ အရှေ့ဖက်၊ပျဉ်ထောင်တွင်းကုန်းဟု ရှေ့လူတို့ ခေါ်ဆိုခဲ့သော မြေနေရာတွင် သဲအင်းဂူ ဝိပဿနာ ကမ္မဌာန်းကျောင်းတိုက်ကြီးကို ကျေးဇူးတော်ရှင် မူလသဲအင်းဂူ ဆရာတော် ဘုရားကြီးမှ စတင်တည်ထောင်တော် မူခဲ့ပါသည်။ ဤသို့ လေးမဂ် လေးဖိုလ်ကို ရရှိတော်မူခဲ့သော ကျေးဇူးတော်ရှင် မူလသဲအင်းဂူ ဆရာတော် ဘုရားကြီးသည် သတ္တဝါ ဝေနေယျ အပေါင်းတို့ အပေါ် မေတ္တာ ကရုဏာ၊ ရှေ့ရှုကာဖြင့် မြန်မာပြည်တဝှမ်း၊ အနယ်နယ် အရပ်ရပ်မှ ပင့်လျှောက် လာသော ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့အား မိမိသိမြင်ထားသော တရားများဖြင့် သာမန်သူူတို့ နားလည်နိုင်သော မြန်မာစကား အသုံးအနှုန်းဖြင့်မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့် တိုင်အောင် ဟောကြားပြသတော် မူခဲ့ပါသည်။ ဆရာတော်သည် တပါးသူ၏ စိတ်ထဲတွင် ကြံစည်နေသော အရာအားလုံးကို သိမြင်နိုင်ကြောင်း မိန့်တော်မူခဲ့ပါသည်။ အတိတ်နှင့် အနာဂါတ်ကိုလည်း သိမြင်ပါသည်။ "ကျောင်းတိုက်ကြီးဖြစ်ပေါ်လာ မည်။ မှော်ဘီသို့ သွားသော ပေတစ်ရာလမ်းမကြီး ဖြစ်ပေါ်လာမည်။ လျှပ်စစ်မီးတွေရောက်ရှိလာမည်”ဟု မိန့်တော်မူခဲ့ရာ ယနေ့ ဖြစ်ပေါ်နေပါပြီ။ မတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပဋိပတ္တိ သာသနာတော်ကို အသက်နှင့် ခန္ဓာ မငဲ့ညှာပဲ မနားမနေ ကြိုးပမ်း ထမ်းဆောင်တော်မူခဲ့သော ကျေးဇူးတော်ရှင် မူလသဲအင်းဂူ ဆရာတော်ဘုရားကြီးသည် သက်တော် (၆၁) နှစ်၊ သိက္ခာတော် (၁၂)ဝါ၊ သာသနာပြုနှစ် (၁၁) နှစ်အရ၊ ၁၃၃၅ ခုနှစ်၊ ဝါဆိုလဆန်း (၉)ရက်၊ တနင်္ဂနွေနေ့ ညနေ (၄:၄၅) နာရီ၊ (၈.၇.၁၉၇၃ ) အချိန်တွင် ဘဝသံသရာဝဋ် ဒုက္ခ ခန္ဓာဇာတ် သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။ မပုပ်မသိုးသော ရုပ်ကလပ်တော်ကို ၃-နှစ် အပူဇော်ခံထားပြီး၊ ပတ္တမြားလုံး အသွင် မျက်ရှင်တော် နှစ်ဆူနှင့် စွယ်တော်တစ်ဆူ ထားရှိခဲ့ပါသည်။ ဆရာတော်သည် မရမနေစိတ်ဖြင့် ကြိုးစားလျှင် မဖြစ်နိုင်တာ မရှိကြောင်း တရားလိုချင်သော သဒ္ဓါ တရားသာ အဓိက ဖြစ်ကြောင်း ပြသသွားခဲ့ပါသည်။ လူဆိုးလူမိုက်ဘဝမှ ဘုရားပေးသော အမြင့်ဆုံးဘွဲ့ကို ရယူနိုင်သည့်အထိ ဘဝကို ပြောင်းပြန်လှန် ပြခဲ့သည်။ နောင်လာ နောက်သားများ တရားချမ်းသာ ခံစားနိုင်စေရန်လဲ သဲအင်းဂူ ပဋိပတ္တိ သာသနာကို အမွေပေးတော်မူခဲ့ပါသည်။ မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ

Comments

Контактный email для правообладателей: [email protected] © 2017 - 2025

Отказ от ответственности - Disclaimer Правообладателям - DMCA Условия использования сайта - TOS



Карта сайта 1 Карта сайта 2 Карта сайта 3 Карта сайта 4 Карта сайта 5