У нас вы можете посмотреть бесплатно Khit Thit Evening News | March 28, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ မတ် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အမေရိကန်သမ္မတထရမ့်အစိုးရအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို သုံးသပ်ပြီး မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်ဖို့ အမေရိကန် လွှတ်တော်အမတ် ၄ ဦးက ထရန့်ဆီကို စာပေးပို့လိုက်တယ်လို့ သိရပါတယ်။ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကလက်နက်ဟာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာဖြစ်တယ်လို့ NUG က သတိပေးထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး ၁ နှစ်အကြာမှာပဲ အီရန်စစ်ပွဲကြောင့် မြန်မာပြည်သူ တွေဟာ ဝမ်းရေးဒုက္ခနဲ့ ထပ်မံရင်ဆိုင်နေရပြန်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်ပါတယ်။ အီရန်စစ်ပွဲနဲ့ပက်သက်ပြီး အမေရိကန်သမ္မတ ထရန့်က ဟော်မုခ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ဖို့ အီရန်ကို ၁၀ ရက်အချိန်ပေး ထားတဲ့ ရာဇသံကြောင့် ကမ္ဘာ့လောင်စာဆီစျေးကွက် အကြီးအကျယ် တုန်လှုပ်နေပြီး စျေးတွေ ထပ်တက်နေပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။