У нас вы можете посмотреть бесплатно Project 2025 အတွက် ဗိုလ်နဂါးထံမှ အမှာစကား или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အညာရဲ့တော်လှန်ရေးနှင့်အတူပေါက်ပွား ကြီးပြင်းခဲ့တဲ့ ကျွန်တော်တို့သည် သာမန်အရပ်သား ဘဝမှ တူမီး၊ လက်လုပ်-ိုင်းစသဖြင့် ရရာလက်နက်ပစ္စည်းများကို ဆွဲကိုင်၍လည်းကောင်း အိမ်ခြံမြေ၊ လက်ဝတ် လက်စား ရှိရာပစ္စည်းများကို ပေါင်နှံရောင်းချ၍လည်းကောင်း တိုက်ပွဲဝင်ခဲ့ ကြသည်မှာ ၄နှစ်တာ ကာလကို ဖြတ်သန်းခဲ့ ပြီးဖြစ်ပါတယ်ခင်ဗျား။ ယနေ့အချိန်အခါတွင် ကျွန်တော်တို့၏လက်ထဲတွင် တူမီး လက်လုပ်များထက် အဆင့်မြင့်သော အရာများကိုရရှိလာခဲ့သည်ဖြစ်ပါသည်။ တော်လှန်ရေးအစတွင် မီးလောင်နေသောအိမ်ကြီးကို လျစ်လျူရှူမထားပဲ ဝိုင်းဝန်းညှိမ်းသပ် tideပွဲဝင်ခဲ့သော ကျွန်တော်တို့ အနေဖြင့် ယနေ့အချိန်တော်လှန်ရေး ခရီးကြမ်းကို ဆက်လက်လျှောက်လှမ်းရန်လိုအပ်သောလေ့ကျင့် စုဖွဲမှူများကိုဆောင်ရွက်ရင်း တစ်ဖက်မှာလည်း တော်လှန်စစ်ဆင်ရေးအရှိန်မကျဆင်းစေရေးအတွက် အလျှင်မှီအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျား။ တိုက်ရင်းစည်းရုံး၊ တိုက်ရင်း စုဖွဲ့၊ တိုက်ရင်းပညာသင်ကာ လိုအပ်သော လေ့ကျင့်စုဖွဲ့မှူများ ၊ စစ်ဆင်ရေးများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။ တော်လှန်ရေးအင်အားကောင်းလာသည်နှင့်အတူ ရဲဘော်များ၏ စားဝတ်နေရေး၊ ရိက္ခာ၊ ဆေးဝါး၊ လေ့ကျင့်စုဖွဲ့မှူနှင့် ဗျူဟာကျသော ထုတ်လုပ်ရေး၊ နည်းပညာရပ် များကိုမြှင့်တင်လာရပြီး အခန်းကဏ္ဍခွဲပေါင်းများစွာပါရှိပါတယ်ခင်ဗျား။ ထို အသက်သွေးကြောဖြစ်သော အခန်းကဏ္ဍများကို ဖြည့်ဆည်း၍ 2025 တွင် တောင်ပေါ် မြေပြန့် စည်းချက်ညီစွာ တိုက်ပွဲဝင်နိုင်ရန်အတွက် project 2025 တွင်ပါဝင်ကြပါရန် တိုက်တွန်းအပ်ပါတယ်ခင်ဗျား။ ပါဝင်လိုသူများဆက်သွယ်ရန်- BNRA page - https://www.facebook.com/burmanationa... အိုးစားဖက် page - https://www.facebook.com/profile.php?.... Telegram - https://t.me/+Y4msHUKHZtRkZjQ1 Email - [email protected] #project2025BNRA