У нас вы можете посмотреть бесплатно အစ္စရေးလေတပ်က လေယာဉ် ၂၀၀ ကျော်ဖြင့် အီရန် ပစ်မှတ် ၅၀၀ ကို အကြီးမားဆုံး တိုက်ခိုက် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Video - တိုက်ခိုက်မှု လှိုင်းကြီး နှစ်ဆင့်ဖြင့် စနေည လေကြောင်း စစ်ထိုးမှုကို IDF က ထုတ်ပြန်သည့် ဗီဒီယိုတွင် မြင်တွေ့ရသည်။ The Jerusalem Post အစ္စရေးလေတပ်မှ လေယာဉ်စီးရေ ၂၀၀ ကျော်သည် အီရန်အတွင်းက ပစ်မှတ် ၅၀၀ ကို စနေနေ့ညက တိုက်ခိုက်ခဲ့ရာ အစ္စရေးတပ်ဖွဲ့များ ဆင်နွှဲခဲ့သမျှ လေကြောင်း တိုက်ခိုက်မှုများတွင် အကြီးမားဆုံး ဖြစ်ကြောင်း အစ္စရေးစစ်တပ် (IDF) က ပြောသည်။ တိုက်ခိုက်မှု လှိုင်းကြီး နှစ်ဆင့်ဖြင့် စနေည လေကြောင်း စစ်ထိုးမှုကို IDF က ထုတ်ပြန်သည့် ဗီဒီယိုတွင် မြင်တွေ့ရသည်။ တိုက်ခိုက်မှု ပထမလှိုင်းတွင် အစ္စရေးနှင့် နီးစပ်သော အီရန်နိုင်ငံ အစိတ်အပိုင်းများနှင့် တီဟီရန်မြို့ဝန်းကျင်ရှိ ရေဒါစနစ်များနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ် အမြောက်အမြားကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှု ဒုတိယလှိုင်းတွင်မူ အစ္စရေး ပိုင်နက်ထဲ ပြန်လည် တိုက်ခိုက်နိုင်စွမ်းကို ဖြတ်ချပစ်ရန်အတွက် အီရန်၏ ပဲ့ထိန််းဒုံးကျည်စနစ်များကို တိုက်ခိုက်ခြင်း ဖြစ်သည်။ အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံဘက်မှ အစ္စရေးဆီ ပဲ့ထိန််းဒုံးကျည် ဒါဇင်များစွာ ပစ်လွှတ်တိုက်ခိုက်ခဲ့သည့် တီဘရစ်ဇ် ဒေသက အဓိကစခန်းကိုလည်း အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့သည်။ ၂၀၂၅ ဇွန်လအတွင်းက ရရှိခဲ့သည့် လေကြောင်းစိုးမိုးမှုကို ဆက်လက် ထိန်းထားနိုင်အောင် အစ္စရေးစစ်တပ်က အီရန််ဘက်မှ ဒုံးကျည်တပ်ရင်းတပ်ဖွဲ့များ ပြန်လည် မပစ်ခတ်နိုင်မီ ချေမှုန်းဖျက်ဆီးပစ်နိုင်ရေးအတွက် ပစ်ခတ်လာနိုင်သော နေရာများအနှံ့ ဒရုန်းများနှင့် လေယာဉ်များ ကင်းထောက်ပျံဝဲလျက် ရှိသည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည် စွမ်းဆောင်ရည်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ပစ်မှတ်ထားပြီး ထပ်မံ တိုက်ခိုက်ခဲ့ကြောင်းလည်း IDF က ကြေညာသည်။ တိုက်ခိုက်ခံရသည့် အီရန််ပစ်မှတ်များတွင် ပေါက်ကွဲရေးပစ္စည်း ကီလိုဂရမ် ရာနှင့်ချီ ရှိသည့် ဒုံးကျည်ပစ်လွှတ်စခန်းတခု ပါဝင်ကြောင်း IDF က ဆိုသည်။ ထို စခန်းမှာ အီရန်အလယ်ပိုင်း ကုမ်ဒေသတွင် တည်ရှိပြီး၊ ၎င်းကို ဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် "အစ္စရေးနိုင်ငံပိုင်နက်အတွင်းသို့ ဒုံးကျည်များ ဒါဇင်နှင့်ချီ၍ အကြိမ်ပေါင်းများစွာ ပစ်လွှတ်မည့်အရေးကို ဟန့်တားနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။ The Jerusalem Post မှ Israeli Air Force conducts its largest-ever attack as over 200 aircraft strike 500 targets in Iran ကို မိုးသဲ ဘာသာပြန်သည်။ #လေယာဉ် #အီရန် #အစ္စရေးလေတပ် #မဇ္ဈိမသတင်းဌာန #MizzimaBurmeseNews ----------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV : / @mizzimanewstv One link to follow all Mizzima platforms: https://mizzima.carrd.co