У нас вы можете посмотреть бесплатно စိတ္တသတိပဌာန် ချုပ်ဆဲသိနာရီရှည်ရှုကွက် ၂ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ #တရားတော်များ #ဆရာတော် #ပရိတ်တရားတော် ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်ကျမ်း စာများ ပိဋကတ်ကျမ်း ပိဋကတ်ကျမ်းစာများ၏ မူရင်းဘာသာသည် ပါဠိဘာသာ ဖြစ်သည်။ ဗုဒ္ဓ၏စကားတော်များကို ဗုဒ္ဓဝစန၊ ပါဠိ၊ ပါဠိတော်၊ ပါ၀စန၊ ပရိယတ္တိ၊ အာဂမ၊ သုတ္တ-စသော အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။ ဗုဒ္ဓစကားတော်များ၏ ပရိယာယ်ဖြစ်သော ယင်းဝေါဟာရများတွင် မည်သည့်ဝေါဟာရကို သုံးသည်ဖြစ်စေ ကြားရသော စာပေတတ်မြန်မာတို့က ဗုဒ္ဓ၏စကားတော်များကို ဆိုလိုကြောင်း ရုတ်ခြည်းသိကြသည်သာ ဖြစ်သည်။ ဤသို့လျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှုတ်ဖျား၌ အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော ဗုဒ္ဓ၏စကားတော်များကို ပထမသံဂါယနာတင်စဉ် အခါက ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာအရှင်မြတ်တို့သည် သဘောနီးစပ်ရာတရားတို့ကို စုစည်း၍နည်းအမျိုးမျိုးဖြင့် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။ သံဂါယနာတင် အရှင်မြတ်တို့သည် ဗုဒ္ဓ၏စကားတော်များကို ဝိမုတ္တိဟူသော ရသအားဖြင့် တပါး။ ဓမ္မနှင့်ဝိနယ အားဖြင့် နှစ်ပါး။ ပထမ, မဇ္ဈိမ, ပစ္ဆိမ ဟူသော ဗုဒ္ဓဝစနအားဖြင့် သုံးပါး။ သုတ္တန်, ဝိနည်း, အဘိဓမ္မာ ဟူသော ပိဋကတ်အားဖြင့် သုံးပါး။ ဒီဃ, မဇ္ဈိမ, သံယုတ္တ, အင်္ဂုတ္တရ, ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် ငါးပါး။ သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန, ဣတိဝုတ္တက, ဇာတက, အဗ္ဘုတဓမ္မ, ဝေဒလ္လ ဟူသော အင်္ဂါအားဖြင့် ကိုးပါး။ ဓမ္မက္ခန္ဓာအားဖြင့် ( ၈၄,၀၀၀ ) ဟူ၍ အမျိုးအစား ခွဲခြားထားခဲ့ကြကုန်၏။ ဤသို့လျှင် သံဂါယနာတင် အရှင်မြတ်တို့က ဗုဒ္ဓ၏စကားတော်များကို အမျိုးအစား ခွဲခြားခဲ့ကြသော်လည်း ယခုအခါ အရှေ့တိုင်း အနောက်တိုင်းနှင့် ဗုဒ္ဓစာပေကို အလေ့အလာပြုကြသော ကမ္ဘာဒေသအားလုံးမှာပင် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးသွယ်ဖြင့်သာလျှင် ဗုဒ္ဓစာပေကို အမျိုးအစားခွဲခြား စုစည်းခဲ့ကြပေသည်။ ဗုဒ္ဓစာပေနှင့် မကင်းသူ ဗုဒ္ဓစာပေနှင့် ရင်းနှီးဆက်ဆံနေကြရသူများသည် ယင်းသို့တွင်ကျယ်နေသော နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ် ကျမ်းဖွဲ့စည်းပုံကို သိရှိထားသင့်လှပေသည်။ ရှေးဦးစွာ နိကာယ်ငါးရပ်ဖြင့် ကျမ်းခွဲခြားဖွဲ့စည်းပုံကို ရှင်းလင်းစွာ သိရှိနိုင်ရန် အောက်ပါဇယားဖြင့် ဖော်ပြလိုက်ပါသည်။ ( နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကျမ်း စီစဉ်ပုံဇယား ) Tipitaka http://bit.ly/2WiqYbg The Great Discourse of Mindfulness: https://amzn.to/2Hoz2Pi Theravada Blogspot: http://bit.ly/2Zsto8P Pa-Auk Sayadaw Ebooks https://amzn.to/33FGsak The Art of Living: Goenka https://amzn.to/31FizOd The Manuals of Dhamma: https://amzn.to/31EEVzu The vision of Dhamma: https://amzn.to/31AAiq7 #buddha #chattha sangayana #theravada #vipassana #dhamma #tipitaka chanting #theravada dhamma talks #meditation retreat #dhamma books #dhamma vipassana meditation #buddhist teachings #buddhism documentary #abhidhamma in english #dr nandamalabhivamsa #theinngu 32 #aunglan sayadaw #mogok sayadaw #pa-auk tawya sayadaw #mrauk oo sayadaw #mingun sayadaw #theinngu sayadaw #sayardaw #myanmar