У нас вы можете посмотреть бесплатно ဆရာမဂျူး စာပေဟောပြောပွဲ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
#paletwochannel #ဆရာမဂျူး =========================================== ဆရာမဂျူးကို ရေနံချောင်းမြို့၌ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် စနေနေ့တွင် အဘ ဦးသောင်းနှင့် အမိ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ [၁][၂]အမည်ရင်းမှာ တင်တင်ဝင်း ဖြစ်သည်။ မွေးချင်း (၅)ယောက်အနက် တတိယမြောက်ဖြစ်သည်။ ရေနံချောင်းမြို့တွင် သူငယ်တန်း၊ ကုန်းဇောင်းရွာတွင် သူငယ်တန်းမှ ပဉ္စမတန်းထိ၊ ရေနံချောင်းမြို့အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းများတွင် ဆဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၃-ခုနှစ်တွင် အမ်ဘီဘီအက်စ် ဘွဲ့ရရှိခဲ့သည်။ ၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြခံရသော စာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝမဂ္ဂဇင်းပါ သက်ငင်ချစ် (ချစ်ကိုယ်တွေ့) ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင် အခြေချ နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ပထမဦးဆုံးလုံးချင်းဝတ္ထု ဖြစ်သော အမှတ်တရ ဝတ္ထု (ဝေဖန်ခံရသော စာအုပ်) ဖြင့် အောင်မြင်သော စာရေးဆရာမ ဖြစ်လာခဲ့သည်။ မဟေသီ၊ ဒဂုန်၊ ဟန်သစ်၊ ချယ်ရီ၊ ကလျာ၊ စပယ်ဖြူ မဂ္ဂဇင်း များတွင်လည်း ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်နှင့် ဆောင်းပါးများ ရေးသားသည်။ ဆရာမဂျူး ရေးသား ခဲ့သော စာအုပ်များအနက် ကြာတော့သည်လည်း မောင့်စကား ၊ ကြေမွသွားသော တိမ်တိုက်များ အကြောင်း ၊ ပင်လယ်နှင့်တူသော မိန်းမများ ၊ မရှိမဖြစ်မိုး ၊ မြစ်တို့၏ မာယာ ၊ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ *မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်*စသည် ဝတ္ထုများကို ရုပ်ရှင်ကားများအဖြစ် ရိုက်ကူးခဲ့ရသည်။