У нас вы можете посмотреть бесплатно သာသနာရေးကား စီးနင်းလာသည့် ဒုရဲအုပ် ဘာဖြစ်သွားပြီလဲ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
သာသနာရေးကား စီးနင်းလာသည့် ဒုရဲအုပ်အပါ ရဲ ၅ယောက်ကို ကြားဖြတ်တိုက်ခိုက်၊ ၃ယောက်သေပြီး ၂ယောက် ဒဏ်ရာရ (ရုပ်/သံ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကျောသာကျေးရွာနဲ့ သပြေစမ်းကျေးရွာကြားမှာ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်ကာ ရဲ ၅ ယောက် စီးနင်းလာတဲ့ သာသနာရေး နံပါတ်ပြားကပ်ယာဉ်ကို တော်လှန် ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ် (၅)တပ်ရင်းထံက သိရ ပါတယ်။ တိုက်ခိုက်ခံရတဲ့ယာဉ်ဟာ တိမ်းမှောက်သွားပြီးနောက် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ရဲ ၃ ယောက်သေပြီး၂ ယောက်အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် 79 တစ်လက်၊ ၄၀မမ ဗုံးသီးနှစ်လုံး ၊ MA-13 ၁ လက်၊ MA-13 ကျည် ၁၃၀တောင့် ၊ G3ကျည် ၁၂၀ တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ခြောက်လုံးပြူးသေနတ် ၁ လက် ၊ လက်ကိုင်ဖုန်း ၅ လုံး ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား ၅ ခုနဲ့ ဝန်ထမ်းကဒ် ၂ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၅ တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေး ပုဏ္ဏဝတီတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။