У нас вы можете посмотреть бесплатно ဖြေလွှတ်ပစ်လိုက်တဲ့ကြိုး • စိုးလွင်လွင် (1993) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စိုးလွင်လွင်အမှတ်တရ သီချင်းဖွင့်ပြဖို့ စဉ်းစားတော့ မှတ်ဉာဏ်ထဲမှာ ပထမဆုံးပေါ်လာတဲ့သီချင်းက ဖြေလွှတ်ပစ်လိုက်တဲ့ကြိုး။ ဒီသီချင်းကို ငယ်ငယ်တုံးက သာမန်ကာလျှံကာပဲနားထောင်ဖြစ်ခဲ့တယ်။ ၁၉၉၃ ခုနှစ်ဆိုတော့ သီချင်းတွေကို နားလည်ဖို့ ငယ်လဲငယ်လွန်းနေခဲ့တာကိုး။ မှတ်မှတ်ရရပြန်ပြောရရင် မနှစ်က စစ်အာဏာသိမ်းပြီး ကိုဗစ်ဒုတိယလှိုင်းလည်း စဖြစ်နေတဲ့အချိန်၊ စိုးရိမ်စိတ်တွေနဲ့အိပ်မပျော်တဲ့ညတွေမှာ Sound Cloud က သီချင်း Playlists တွေ Shuffle လုပ်ပြီးနားထောင်နေခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ဖြေလွှတ်ပစ်လိုက်တဲ့ကြိုး သီချင်းကိုပြန်နားထောင်လိုက်ရတယ်။ စိတ်ထဲမှာ 'ဟာ'ကနဲ လှိုက်သွားမိတဲ့အထိ စာသားတွေက ရင်ထဲထိနေတယ်။ အဲ့ဒါနဲ့ ကျွန်တော့်သူငယ်ချင်း ကမ္ဘာတစ်ဘက်ခြမ်းမှာနေတဲ့ ဒန်ရေလကို ဖုန်းဆက်ပြီး "ဒီသီချင်းကို ကျွန်တော်တော့ အတော်ငြိနေပြီ ခင်ဗျားလည်းနားထောင်ကြည့်" ဆိုပြီး လှမ်းပို့ပေးလိုက်တယ်။ အဲ့ဒီနေ့က ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ဒီသီချင်းကိုပဲ ကြိမ်ဖန်များစွာ နားထောင်နေခဲ့ကြတယ်။ နောက် Garfield FM ရဲ့ YouTube Channel မှာ တင်တော့ အကိုကြီးတစ်ယောက်မှတ်ချက်လာရေးတာလဲ သတိတရရှိနေခဲ့တယ်။ သူရေးတာက "ငယ်ငယ်တုံးကတော့နားထောင်ဖူးတယ်။ ခုလို အသက်၅၀ကျော် ကင်ဆာရောဂါဝေဒနာကို အန်တုနေရချိန်မှာ ပြန်နားထောင်လိုက်ရတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူးဗျာ" တဲ့။ ကျွန်တော်တို့ စိတ်အတွင်းပိုင်းမှာ နက်နက်ရှိုင်းရှိုင်းရှိနေဖူးတဲ့အမှတ်တရတွေကို တရိပ်ရိပ်ပြန်ပေါ်လာစေတဲ့ ဒီသီချင်းကိုပဲ စိုးလွင်လွင်အမှတ်တရအဖြစ် ပြန်ဖွင့်ပြလိုက်ပါတယ်ခင်ဗျာ။ #ဖြေလွှတ်ပစ်လိုက်တဲ့ကြိုး #စိုးလွင်လွင် တေးရေး #နိုင်မြန်မာ #ခွန်အားမျှပါ(1993) Music EMPEROR Studio MAY Lyric: ကိုယ်ရေးခဲ့သော သီချင်းတွေ ကြုံတွေခဲ့သောအဖြစ်တွေ ကိုယ်လျှောက်ခဲ့သောလမ်းတွေ ကိုယ်ချစ်ခဲ့သောမိန်းကလေးတွေ ပျံသန်းနေတဲ့ငှက်တွေ ငုံဖူးနေသောပန်းတွေ အစဉ်စီးနေတဲ့မြစ်ရေ တိမ်တိုက်အုပ်ထဲက မှိတ်တုပ်ကြယ်ကလေးတွေ မှောက်လဲတဲ့အရက်ခွက်တွေ ကုန်ဆုံးတဲ့သက္ကရာဇ်တွေ ပြိုသွားတဲ့အိပ်မက်တွေကို နှုတ်ဆက်နေ ပြတ်စဲ လူ့ဒုက္ခတွေ ၀င်သက်မဲ့ထွက်သက်လေ ကိုယ်လွှင့်ပစ်လိုက်တဲ့ ဆေးလိပ်တိုလေးတွေ ကိုယ်ရေးခဲ့သောသီချင်းတွေ ကိုယ်ပြောခဲ့သောစကားတွေ ကိုယ်လုပ်ခဲ့သောအလုပ်တွေ ကိုယ်ရှိခဲ့တုန်းကအကြောင်းတွေ သံယောဇဉ်အတ္တတွေ ကြံဆလှုပ်ရှားမှုတွေ အယူအဆ မာနအစွဲတွေ ဖြေလွှတ်ပစ်လိုက်တဲ့ ကိုယ့်ဘ၀ရဲ့ ကြိုးတွေ ကိုယ်ရေးခဲ့သော သီချင်းတွေ ကြုံတွေခဲ့သောအဖြစ်တွေ ကိုယ်လျှောက်ခဲ့သောလမ်းတွေ ကိုယ်ချစ်ခဲ့သောမိန်းကလေးတွေ ပျံသန်းနေတဲ့ငှက်တွေ ငုံဖူးနေသောပန်းတွေ အစဉ်စီးနေတဲ့မြစ်ရေ တိမ်တိုက်အုပ်ထဲက မှိတ်တုတ်ကြယ်ကလေးတွေ မှောက်လဲတဲ့အရက်ခွက်တွေ ကုန်ဆုံးတဲ့သက္ကရာဇ်တွေ ပြိုသွားတဲ့အိမ်မက်တွေကို နှုတ်ဆက်နေ ပြတ်စဲလူ့ ဒုက္ခတွေ ၀င်သက်မဲ့ထွက်သက်လေ ကိုယ်လွှတ်ပစ်လိုက်တဲ့ ဆေးလိပ်တိုလေးတွေ ကိုယ်ရေးခဲ့သောသီချင်းတွေ ကိုယ်ပြောခဲ့သောစကားတွေ ကိုယ်လုပ်ခဲ့သောအလုပ်တွေ ကိုယ်ရှိခဲ့တုန်းကအကြောင်းတွေ သံယောဇဉ်အတ္တတွေ ပြတ်စဲလှုပ်ရှားမှုတွေ အယူအဆမာနအစွဲတွေ ဖြေလွှတ်ပစ်လိုက်တဲ့ ကိုယ့်ဘ၀ရဲ့ ကြိုးတွေ တိမ်တိုက်အုပ်ထဲကမှိတ်တုတ်ကြယ်ကလေးတွေ ကိုယ်လွှင့်ပစ်ခဲ့တဲ့ဆေးလိပ်တိုလေးတွေ Credit to Original Creators & Owners NO COPYRIGHT INFRINGEMENT INTENDED "Copyright Disclaimer Under Section 107 of the Copyright Act 1976, allowance is made for "fair use" for purposes such as criticism, comment, news reporting, teaching, scholarship, and research. Fair use is a use permitted by copyright statute that might otherwise be infringing. Non-profit, educational or personal use tips the balance in favor of fair use"