У нас вы можете посмотреть бесплатно ထိုးစိုက်ဇုန်အန္တရာယ်အကြောင်းမြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့် နဲ့မေးမြန်းခန်း | People's Spring или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
"ဇောက်တိမ်တဲ့ ငလျင်တွေဆို လာနိုင်တာ ကုလားတန်တို့၊ မြောက်ဦးတို့၊ စိန်တောင်တို့၊ သူဌေးချောင်းတို့၊ ဒါမျိုးတွေပေါ့လေ။ ဒီလိုပြတ်ရွေ့တွေကတော့ သတိထားကြရမှာပေါ့" ● ထိုးစိုက်ဇုန်အန္တရာယ်အကြောင်းမြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့် နဲ့မေးမြန်းခန်း ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်မှာ ဖေဖော်ဝါရီလ၃ ရက်ည ၁၀ နာရီ ဝန်းကျင်ကအင်အားအသင့်အတင့်ရှိတဲ့ မြေငလျင် ၂ ကြိမ်လှုပ်ခဲ့ပါတယ်။ ပြင်းအား ရစ်ခ်တာစကေး ၅ဒဿမ၉အဆင့် နဲ့ ရှိတဲ့ငလျင် နဲ့ ၅ဒဿမ ၂အဆင့်ရှိတဲ့ ငလျင်ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားပင်လယ်အော် ကြားထဲမှာရှိတဲ့ ထိုးစိုက်ဇုန်လှုပ်တာတာလို့ ဘူမိဗေဒပညာရှင်တွေကပြောပါတယ်။အခုငလျင်တွေက မြေအောက်အနက် ကီလိုမီတာ ၆၀ ကျော်မှာဗဟိုပြုလှုပ်တဲ့ ငလျင်တွေဖြစ်ပါတယ်။ မြေငလျင် ဗဟိုချက်ဟာမြေပြင်နဲ့ ပိုနီးလေ ဖျက်အားပိုပြင်းလေဖြစ်ပါတယ်။မြေပြင်နဲ့ သုညကနေ ၇၀ ကီလိုမီတာအတွင်း ငလျင်ဗဟိုချက်လှုပ်တဲ့ငလျင်တွေကို ဇောက်တိမ်ငလျင်လို့သတ်မှတ်ပြီး ၊၇၀ ကီလိုမီတာ ကျော်ကနေ ၃၀၀ ကီလိုမီတာအတွင်းလှုပ်တဲ့ငလျင်ကို ဇောက်နက်ငလျင်လိုခေါ်ပါတယ်။ ကမ္ဘာ့မြေလွှာချပ်ကြီးနှစ်ခု တစ်ခုနဲ့တစ်ခု တိုက်မိပြီး တစ်ချပ်က နောက်တစ်ချပ်ရဲ့ အောက်ထဲကို ငုပ်လျှိုးဝင်ရောက်သွားတဲ့ နေရာကို ထိုးစိုက်ဇုန်လို့ ခေါ်တာဖြစ်ပါတယ် ။ထိုးစိုက်ဇုန်ဟာ အင်အားပြင်းငလျင်လှုပ်နိုင်ခြေရှိတယ်လို့လည်း ပညာရှင်တွေကသတိပေးထားပါတယ်။ထိုးစိုက်ဇုန် အကြောင်းနဲ့ သတိပြုစရာတွေကို မြန်မာနိုင်ငံမြေငလျင်ကော်မတီဒုတိယဥက္ကဌတာဝန်ယူခဲ့သူ ငလျင်ပညာရှင်ဒေါက်တာမျိုးသန့် ကို People's Spring ကဆက်သွယ်မေးမြန်းထားပါတယ်။ -ကဖေး/People's Spring 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA