У нас вы можете посмотреть бесплатно TM Farm သို့ အပန်းဖြေခရီးတခေါက် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
TM Farm Roadhouse ဟာ အပန်းဖြေစခန်းသဘောမျိုးမဟုတ်ဘဲ ကိုယ်တိုင်မွေးမြူသော နို့စားနွားမွေးမြူရေးခြံမှ ထွက်ရှိသော နို့ထွက်ပစ္စည်းများနှင့် ခြံထွက်အစားအသောက်များမှာယူစားသောက်အနားယူလို့ရတဲ့ မိသားစု Farm side လေးတစ်ခု ဖြစ်ပြီးအပန်းဖြေချင်တဲ့သူတွေအတွက် ကျေးလက်ဒေသ ရောက်နေသလိုလည်း ခံစားရမယ့်ရန်ကုန်မြို့အနီးနားက နေရာလေး တခု ဖြစ်ပါတယ်။ အစားအသောက်လည်းအဆင်ပြေပြီး တဲလေးတွေငှါးကာ အနားယူလို့ရပါတယ်။ လူ ၁၀ ယောက်ကျော်ဆံ့တဲ့ တဲလေးတွေ ၂၅၀၀၀ ကျပ်၊ လူ လေး ငါးယောက်ဆံ့တဲ့ တဲလေးတွေဆို ၁၅၀၀၀ ကျပ်၊ Air con ပါပြီးသား ဘန်ဂလို အိမ်လေးတွေဆိုရင် တစ်ရက်တာ ( ညမပါ ) ၈၀၀၀၀ ကျပ် စသဖြင့် ရှိပါတယ်။ ဝင်ကြေးကတော့ တစ်ဦးလျှင် ၁၅၀၀ ကျပ်ပါ။ ၅ နှစ်အောက် ကလေးအတွက်ကတော့ ဝင်ကြေးမလိုပါ။ မိသားစု၊သူငယ်ချင်းတွေနဲ့အတူ တိတ်ဆိတ်အေးချမ်းတဲ့ သဘာ၀ခြံလေးမှာ အပန်းဖြေအနားယူလို့ရတဲ့ လည်ပတ်စရာနေရာတစ်ခုပါ။ TM Farm မှာ ကိုယ်တိုင်မွေးမြူထားတဲ့ နို့စားနွားမွေးမြူရေးခြံမှ ထွက်ရှိတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ခြံထွက်အစားအသောက်တွေကို မှာယူစားသောက် အနားယူလို့ရပါတယ်။ တည်နေရာကတော့ ထောက်ကြန့်စစ်သင်္ချိုင်းအကျော် ဘုရားလမ်း၊ နွယ်ခွေရွာသစ်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ထဲကနေသွားရင် ကားနဲ့ (၁) နာရီလောက်ပဲ မောင်းသွားရတဲ့နေရာလေးပါ။ ကားနဲ့လာချင်သူတွေအတွက် ထောက်ကြန့် စစ်သင်္ချိုင်းဘေးလမ်းကနေ ဝင်ရောက်ပြီး TM Farm ကို သွားရောက်ရမှာ ဖြစ်ပါတယ်။ Farm ကိုတော့ နံနက် (၆:၃၀) ကနေ ညနေ (၅:၀၀) နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး သဘာ၀ရှုခင်းတွေကတော့ ထုံစံအတိုင်း မနက်ပိုင်းအစောလေးနဲ့ ညနေစောင်းဆို ပိုလှပါတယ်။ ခြံထွက်သဘာဝ နွားနို့စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ဒိန်ချဉ်၊ နွားနို့အအေး၊ နွားနို့အပူနှင့် အအေးမျိုးစုံ မှာယူစားသုံးနိုင်ပါတယ်။ ဈေးနှုန်း သင့်တင့်တယ်လို့ ယူဆပါတယ်။ အကောင်းဆုံးကတော့ ဖက်ထမင်းရယ်၊ အကြော်စုံရယ် အရသာ ရှိလှပါတယ်။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ View တွေ များပါတယ်။ Farm ထဲမှာ တောအုပ်လေးလို့ အမည်ရတဲ့ နေရာလေးမှာ စနေ၊ တနင်္ဂနွေရက်များမှာ unplugged တီးဝိုင်းလေးနဲ့ သီဆိုဖျော်ဖြေပါတယ်။ အေးအေးလူလူသွားလိုပြီး၊ ဓာတ်ပုံ အေးဆေးရိုက်လိုသူများက ကြားရက်လေး ရွေးသင့်ပါတယ်။ Zaw Hlaing Tun - Travel Diary 31 #ခရီးသွားအမှတ်တရ #အပန်းဖြေခရီး #zawhlaingtun #Yangon #ထောက်ကြန့် #TMFarm #RoadHouse #2024trip #traveldiary31 #ခရီးသွား #Myanmar