У нас вы можете посмотреть бесплатно ခဏခဏဘာလို့ သွေးပေါင်ကျတာလဲ။ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
သွေးပေါင်ကျတယ်ဆိုတာ လူတိုင်းလိုလိုမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပေမဲ့ မပေါ့ဆသင့်ပါဘူး ။ ဘာလို့လဲ ဆိုရင် ကိုယ်တွင်းမှာ တခြား ရောဂါအခံတစ်ခုခုရှိနေမယ်ဆိုရင် အသက်အန္တရာယ်ထိဖြစ်စေနိုင်ပါတယ်။ သွေးပေါင်ကျခြင်းက ကျန်းမားရေးအခြေအနေ တော်တော်များများရဲ့လက္ခဏာတခုဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေမှာ သက်ရောက်မှုများစွာလည်းဖြစ်စေနိုင်ပါတယ်။ သွေးပေါင်ချိန်လိုက်တိုင်း အပေါ်သွေး ၉၀ ထက်နည်းနေပြီး အောက်သွေး က ၆၀ ထက်နည်းနေရင် သွေးပေါင်ကျနေခြင်းဖြစ်ပါတယ်။ သွေးပေါင်ကျခြင်းက လူငယ်လူကြီးမရွေး ပုံမှန်ထက် သွေးပေါင်ကျလာရင် ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။ ခေါင်းထဲက မူးဝေနေခြင်း ပျို့အန်ခြင်း မူးမေ့ခြင်း ခြေကုန်လက်ပမ်းကျခြင်း အာရုံစိုက်ရခက်လာခြင်း အမြင်တွေဝေဝါးလာခြင်း သတိလစ်ခြင်း ချွေးထွက်လွန်ခြင်း ရေငတ်နေခြင်း မအီမသာဖြစ်နေခြင်း အသားရောင် ဖျော့နေခြင်း ကိုယ်ခန္ဓာအေးစက်နေခြင်း အသက်ရှူနှုန်း မြန်လာခြင်း စတာမျိုးတွေ ဖြစ်စေနိုင် သလို တချို့တွေမှာ လက္ခဏာမပြတတ်ပဲ အချိန်ကြာကြာ သွေးပေါင်ကျတတ်ခြင်းတွေကတော့ များသော အားဖြင့် စိုးရိမ်စရာမရှိပါဘူး။ဒါပေမဲ့ ဆရာဝန်နဲ့ဆွေးနွေးထားသင့်ပါတယ်။ သွေးပေါင်ကျစေတဲ့အကြောင်းအရင်း က ဘာဖြစ်စေနိုင်မလဲ။ သွေးပေါင်ကျတာ ရောဂါအခံကြောင့် ဖြစ်စေနိုင်ခြင်း မိမိသောက်သုံးနေတဲ့ ဆေးဝါးများကြောင့် ဖြစ်စေနိုင်ခြင်း ကိုယ်ဝန်ဆောင်နေခြင်း ဟော်မုန်းကမောက်ကမဖြစ်နေခြင်း သွေးတွင်းသကြားဓာတ်ကျဆင်းနေခြင်း ဆီးချိုရောဂါရှိနေခြင်း နှလုံးရောဂါခံရှိနေခြင်း သွေးထွက်လွန်ပြီး သွေးဆုံးရှုံးမှုများခြင်း ကိုယ်ခန္ဓာ မှာ ရေဓာတ်နည်းနေခြင်း အာဟာရမပြည့်ဝခြင်း ဝိတ်ချလွန်ခြင်း ပြင်းထန်တဲ့ ဓာတ်မတည့်မှု များဖြစ်ခြင်း ကူးစက်ရောဂါပိုးများ ကိုယ်တွင်း ဝင်ရောက်လာခြင်း စတာတွေက သွေးပေါင်ကို ကျစေနိုင်ပါတယ်။ ဒါကြောင့် ခဏခဏ သွေးပေါင်မကျအောင် နေထိုင်စားသောက်ဖို့တော့လိုပါတယ်။ ဘာတွေနေထိုင်စားသောက်ရမလဲဆိုရင် ကိုယ်ခန္ဓာကိုယ် သက်သောင့်သက်သာ ဖြစ်အောင်နေပေးပါ။ အချိန်ကြာကြီး မတ်တပ်ရပ်တာမျိုးရှောင်ပေးပါ။ စိတ်ဖိစီးစေမဲ့အကြောင်းအရာများကို သိပ်မတွေးပါနဲ့။ ရေကို အလုံအလောက်သောက်ပေးပါ။ အိပ်ချိန်မှန်ပြီး အိပ်ရေးဝဝအိပ်ပေးပါ။ အသီးအနှံများစားပေးပါ။ အာဟာရပြည့်ဝတဲ့ အစားအစာများစားပေးပါ။ အဆီအစိမ့်များရှောင်ပေးပါ။ သွေးပေါင်ကျရင် ကော်ဖီပူပူ လေးသောက်ပေးခြင်း၊ သံပရိုသီးဖျော်ရည်လေးသောက်ပေးခြင်း မျိုးက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို ခန္ဓကိုယ်အတွင်း သွေးလည်ပတ်စီးဆင်းမှု ကို ကောင်းမွန်စေနိုင်ပါတယ်။လိုတာထက် ပိုပြီးရက်ရှည် သွေးပေါင်ကျနေပြီဆိုရင် အမြန်ဆုံးနီးစပ်ရာဆေးရုံဆေးပေးခန်းသို့ သွားရောက် စစ်ဆေးကုသမှုခံယူဖို့ လိုပါတယ်။