У нас вы можете посмотреть бесплатно ယုဒသန်၏ ခံနိုင်ရည်စွမ်းအား (၂၀၂၁ ယုဒသန်နေ့ဓမ္မဒေသနာ) - ဝင်းထွဋ်သာကြည် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ယုဒသန်၏ ခံနိုင်ရည်စွမ်းအား (၂၀၂၁ ယုဒသန်နေ့ဓမ္မဒေသနာ) ဆရာယုဒသန်ဟာ ခံနိုင်ရည်စွမ်းအား (Resilience)အလွန်မြင့်မားသူဖြစ်တယ်။ မြန်မာပြည်သာသနာ့ခရီးမှာ သူ့ဟာ လောကဒဏ်များစွာ၊ အခက်အခဲပေါင်းများစွာ၊ စိတ်နှလုံးကြေကွဲမှု နာကျင်မှုများစွာ ကိုခံစားခဲ့ရတယ် ... မတရားဖမ်းဆီးထောင်သွင်းအကျဥ်းချခံရခြင်း၊ ဇနီး နှင့်သားသမီးများသေဆုံးခြင်း၊ ရောဂါဝေဒနာများဖိစီးခြင်း စတဲ့အမျိုးမျိုးသော ပူလောင်မှုတွေခံရပေမယ့် မြန်မာပြည်ကိုထားမသွားခဲ့ဘူး ... အင်္ဂလိပ်သာသနာပြုတွေလက်လျော့ထားတဲ့ မြန်မာ့မြေကို မရရအောင်သာသနာပြုခဲ့တယ် ... ဘုရားသခင်ရဲ့သမ္မာတရားကိုမြန်မာပြည်အတွက် မျိုးစေ့ချပေးခဲ့တယ် ... ပထမဆုံး မြန်မာဘာသာနဲ့သမ္မာကျမ်းစာအုပ်၊ အင်္ဂလိပ်-မြန်မာအဘိဓါန် စသည်တို့ကိုလုပ်ဆောင်နိုင်ခဲ့တယ် ... ပထမအင်္ဂလိပ်မြန်မာကျူးကျော်စစ်ပြေငြိမ်းရေး ရန္တပိုစာချုပ်ချုပ်ဆိုရာမှာ မြန်မာမင်းဘက်ကစကားပြန်အဖြစ်ပါဝင်ကူညီပေးနိုင်ခဲ့တယ် ... (ဆရာယုဒသန်ဟာ အမေရိကန်ဖြစ်ပြီး နယ်ချဲ့ဖို့ရည်ရွယ်ချက်နဲ့လာတဲ့ သာသနာပြုဆရာလုံးဝမဟုတ်ခဲ့ဘူး) ၁၈၂၄ ဇွန်လ ၈ ရက်ကနေ ၁၈၂၅ ဒီဇင်ဘာ (၃၁) ရက်အထိ ထောင်သွင်းအကျဥ်းကျခံနေ့ရက်တွေဟာ သူ့ဘဝအတွက်အဆိုးဆုံးဖြစ်ပါတယ် ... အင်းဝလက်မရွံ့ ထောင်မှာ စောက်ထိုးဆွဲထားခံရချိန် ဒုက္ခတွေကို သူဘယ်လိုခံနိုင်ရည်စွမ်းအားနဲ့ကျော်ဖြတ်ခဲ့လဲ??? သူ့ရဲ့ခံနိုင်ရည်စွမ်းအားကဘယ်ကလာသလဲ??? ဆိုတာကို သူ့ရဲ့နေ့စဥ်မှတ်တမ်းတွေမှာ ရေးသားခဲ့တာကို လေ့လာပြီး ကျွန်တော်တို့တွေလည်း ခွန်အားယူတည်ဆောက်ကြဖို့ ဒီတရားဟောချက်မှာတိုက်တွန်းထားပါတယ် ... ဒီကပ်ဘေးကာလဟာ ကျွန်တော်တို့အယောက်စီတိုင်းလည်း ကိုယ့်ရဲ့ ခံနိုင်ရည်စွမ်းအား (Resilience) ကိုမြှင့်တင်ပြီး ကျော်ဖြတ်ကြရမှာမို့ ဆရာယုဒသန် သူ့ရဲ့ခံနိုင်ရည်စွမ်းအားကို ဘယ်လိုတည်ဆောက်သလဲ ဆိုတာ ဒီတရားဟောချက်ကိုကြည့်ရှုရင်း ခွန်အားယူတည်ဆောက်ကြပါစို့ ... သင်ဒီတရားဟောချက်အတွက် အချိန် (၇) မိနစ်ပေးရတာ သင့်အတွက်တစ်ခုခု ပြန်ရမယ်လို့ ယုံကြည်ပါတယ် ...