У нас вы можете посмотреть бесплатно စစ်ကိုင်းမှာ NUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား? или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဒီအပတ် အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇) မှာ စစ်ကိုင်းမှာ NUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့ တပ်ရင်းတွေ လူထောင်ချီသုံးပြီး စစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့ GZ Army စခန်းကိုလည်း တိုက်ခိုက် သိမ်းပိုက်ခဲ့ကြတယ်။ ဘုံရန်သူကိုတိုက်နေသူအချင်းချင်းပြန်တိုက်ပြီး လူထောင်ကျော် အင်အားရှိတဲ့ BNRAကို ဖျက်စီးလိုက်နိုင်ပေမဲ့ အခုအခါပုလဲနယ်အတွင်းကိုရန်သူစစ်အုပ်စုကစစ်ကြောင်း၂ကြောင်းနဲ့ တကြောင်းမှာလူအင်အား ၂၀၀ လောက်နဲ့စစ်ထိုးလာတဲ့အခါ ပသုံးလုံးတွေနဲ့ ယင်းမာပင် တပ်ရင်းတွေ ရှောင်ပြေးနေကြတာတွေ့ရတယ်။ တဖက်မှာလည်း ကိုယ်တပ်ကရဲမေတယောက်အပေါ် မုဒိမ်းမှုကျူးလွန်တာကို အကာအကွယ် မပေးတဲ့အပြင် ထပ်မံအပြစ်ပေးအရေးယူဖို့ ရိုးမရာဇာတပ်ရင်း (၂၀) က တပ်ရင်းမှူးရန်ရှင်းက လုပ်ဆောင်လာတယ်။ တပ်ပေါင်းစုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA နဲ့ NUG ဆွေးနွေးခဲ့ ကြပြီး ကိုယ့်တော်လှန်ရေးအဖွဲ့အချင်းချင်း သေနတ်မဖောက်ကြဖို့ ဆွေးနွေး သဘောတူညီ ခဲ့ကြတယ်ဆိုတဲ့ သတင်းထွက်လာခဲ့ပြီး ဖင်မနွေးခင် SRA အဖွဲ့ဝင် NLAအဖွဲ့ကို NUGက ဖမ်းဆီးတာတွေ လုပ်ခဲ့ပြန်တယ်။ ----------------------------------------------- ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era's Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။ Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။