У нас вы можете посмотреть бесплатно ချစ်တီး သီးစုံပဲ ဟင်း vegan recipe или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
သက်သတ်လွတ်စားတဲ့ သူငယ်ချင်းတွေအတွက် အာဟာရလည်းပြည့် ထမင်းလည်း မြိန်စေတဲ့ ချစ်တီးပဲဟင်းချက်နည်းလေးပါ။ ချစ်တီးပဲဟင်းကို ပဲစဉ်းငုံနဲ့ ချက်လေ့ရှိပေမယ့် ကျွန်တော့်အိမ်မှာ ဝယ်ထားတဲ့ ပဲဝါလေးနဲ့ပဲချက်လိုက်ပါတယ်။ ပဲဝါလေးကို ဆန်ချိန်ခွက် ၁ ခွက်ကို ရေဆေးပြီး ၄နာရီ သို့ ညလုံးပေါက် စိမ်ထားပေးပါ။ ပြီးရင် ပဲတွေကို ရေစစ်ထားပြီး ပြုတ်မယ့်အိုးထဲထည့်ပါ။ အိုးထဲကို အတုံးသေးသေးတုံးထားတဲ့ အာလူးတွေပါ ရောထည့်ပြီး နနွင်း အနည်းငယ် ထည့်ပြီး မိနစ် ၄၀ လောက် နူးအောင် ပြုတ်ပေးပါတယ်။ (ပဲပြုတ်တဲ့အခါ ဆားထည့်ပြီး ပြုတ်ရင် ပဲမနူးဘူးလို့လည်း မှတ်သားဖူးပါတယ်ပေမယ့် pressure cooker နဲ့ပြုတ်ရင်တော့ ဆားထည့်ပြီးပြုတ်လည်း နူးအောင် ပြုတ်လို့ရပါတယ်) ဟင်းခတ်အမွှေးအကြိုက်တွေအနေနဲ့ ပျဉ်းတော်သိမ် ။ ငရုတ်သီးခြောက်။ ပဲနံ့သာစေ့။ ငရုတ်ကောင်း။ဇီယာ။ မုန့်ညှင်း အနည်းငယ် တို့လိုပါတယ်။ မပါမဖြစ်ကတော့ ပျဉ်းတော်သိမ် ။ ဇီယာနဲ့ မုန့်ညှင်းစေ့ တို့လိုအပ်ပါတယ်. ပဲဟင်းထဲမှာထည့်ဖို့ အသီးအရွက်တွေက ရုံးပတီသီး။ဘူးသီးနဲ့ ခရမ်းသီးတို့လိုအပ်ပါတယ်။ ချင်း (ဂျင်း)။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ညက်နေအောင် ထောင်းထားပေးပါတယ်။ ပဲတွေပြုတ်ထားတာ နူးလောက်ရင် ဘူးသီးနဲ့ ခရမ်းသီးတွေကိုထည့်ပါတယ်။ ပြီးရင် ဟင်းခတ်အမွှေးအကြိုင်တွေကို ဆီသတ်ပေးပါမယ်။ အရည်သောက်ဖြစ်တဲ့အတွက် ဆီကို ၁ ဇွန်းကျော်လောက်ပဲထည့်ပါတယ်။ ပျဉ်းတော်သိမ်နဲ့ ငရုတ်သီးခြောက် ကလွဲရင် ကျန်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကို ဆီပူတာနဲ့ ထည့်ပြီး ခဏလောက် ဆီသတ်ပေးပါ။ ဆိုင်တွေမှာဆိုရင် ရှိမ်းခိုအနည်းငယ်ထည့်လေ့ရှိပါတယ်။ ပြီးရင် ကြက်သွန်ဖြူ။နီ။ချင်း ထောင်းထားတာကိုထည့်ပါမယ်။ မွှေးလာပြီဆိုမှ ငရုတ်သီးခြောက်နဲ့ ပျဉ်းတော်သိမ်ထည့်ပြီး ဆီသတ်ပါတယ်။ အရောင်အတွက် ငရုတ်သီးမှုန့်အနည်းငယ်. ပဲမဆာ အနည်းငယ်ထည့်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေဆီသတ်တာ မွှေးပြီဆိုမှ ပြုတ်ထားတဲ့ ပဲထဲကို လောင်းထည့်ပါတယ်။ နောက်ဆုံးမှာမှ ရုံးပတီသီးထည့်မယ်။ ဆားထည့်မယ်။ အချဉ်အရသာအတွက် မန်ကျည်းရည်ကို အနည်းငယ်ထည့်ပါတယ်။ မဆလာ ရနံ့မွှေးမွေးလေးလိုချင်ရင်တော့ ပဲမဆလာကို အနည်းငယ်ထပ်ထည့်ပါ။ ဒါဆိုရင် မွှေးပြီး ထမင်းမြိန်စေတဲ့ ချစ်တီးပဲဟင်းလေးသုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ…