У нас вы можете посмотреть бесплатно Let's Talk About Constitutions! (Myanmar language) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
“ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းဆွေးနွေးကြစို့” စာအုပ်ငယ်ကို လူငယ်ပရိသတ်များနှင့် ကျွမ်းကျင်ပညာရှင်မဟုတ်သော စာဖတ်သူများအနေဖြင့် နားလည်ရန်ခက်ခဲလှသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတရားများကို ပေါ့ပေါ့ပါးပါးနှင့် စိတ်၀င်စားဖွယ်ရာကောင်းသော နည်းလမ်းဖြင့် ဖတ်ရှုလေ့လာနိုင်စေရန် တင်ပြထားပါသည်။ လူငယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို နားလည်စေရန်နှင့် ထိုမှတဆင့် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်များ ပြည့်ပြည့်၀၀ အဓိပ္ပါယ်ရှိရှိ ပါ၀င်မှုကို ဖော်ဆောင်ရန် ရည်ရွယ်ကာ ဤကာတွန်းစာအုပ်အား ရေးသားပြုစုခဲ့ခြင်းဖြစ်ပါသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ” အစရှိသည့် အဓိကကျသော မေးခွန်းများ၏ အဖြေများကို ရှင်းလင်းတင်ပြနိုင်ရန် ကြွကြွရွရွရုပ်ပုံများ၊ လက်တွေ့ပတ်ဝန်းကျင်နှင့်ဆက်စပ်နိုင်သော ဇာတ်ကောင်များနှင့် နားလည်ရလွယ်ကူသော စကားလုံးများ အသုံးပြုကာ ဤ “ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းဆွေးနွေးကြစို့” ကာတွန်းစာအုပ်ကို သရုပ်ဖော်ထားပါသည်။ ဤကာတွန်းစာအုပ်သည် လူငယ်၊ လူကြီးမကျန် စိတ်၀င်တစား ဖတ်ရှုနိုင်သော အသိပညာပေး စာအုပ်ဖြစ်သည့်အားလျော်စွာ လူငယ်ပညာရေးစင်တာများ၏ သင်ရိုးညွှန်းတမ်းများတွင်သာမက ပြည်သူ့နီတိပညာရပ်များ ပို့ချပေးနေသော အစိုးရမဟုတ်သောအဖွဲ့အစည်းများမှလည်း အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ စာဖတ်ပရိသတ်များအတွက် ရည်ရွယ်ရေးထားသည့်အတွက် ကာတွန်းဇာတ်ကောင်များ၊ ဆွေးနွေးသည့်အကြောင်းအရာများကို မြန်မာနိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ရေးသားထားပါသည်။ မြန်မာနိုင်ငံအတွက် ပြင်ဆင်ရေးသားထားခြင်းဖြစ်သော်လည်း ဤကာတွန်းစာအုပ်တွင် ပါဝင်သောအကြောင်းအရာများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍ သင်ကြားမှု၊ သင်ယူမှုများကို စိတ်ပါ၀င်စားသော ကမ္ဘာအရပ်ရပ်မှ စာဖတ်သူများအတွက်လည်း သင့်လျော်ပါသည်။ Let’s talk about constitutions! is designed to present difficult constitutional concepts to non-specialist and young audiences in an entertaining and informative way. It has been developed to promote young people’s understanding of constitutional issues and thereby empower and inspire youth to play a full and meaningful part in their own constitution-building process. With dynamic images, relatable characters and simple language, Let’s talk about constitutions! illustrates key concepts to answer the questions: what is a constitution and why is it important? The cartoon is an educational tool that can be enjoyed by youth and adults alike, whether integrated into youth centre curricula or non-governmental organizations civic education campaigns. The booklet and video are designed primarily for Myanmar and the characters and scripts are tailored to this context. The information shared in the cartoon, however, is relevant for people interested in learning and teaching about constitutions all around the world. View the accompanying booklet on International IDEA's website: https://doi.org/10.31752/idea.2021.73