У нас вы можете посмотреть бесплатно မဟာစည် ဆရာတော်ဘုရားကြီးနှင့် နတ်သား ပါဠိလို့ စကားပြောခဲ့ပုံ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
နတ်သား နှင့် ပါဠိလို့ စကားပြောခဲ့ပုံ မဟာစည်ဆရာတော်ကြီး နှင့် တုသိတာ နတ်ပြည်မှ နတ်သား စကားပြောခဲ့ဖူးပါတယ် ။ လက်ရှိ နတ်ပြည်မှာ ရောက်နေတဲ့ နတ်သား စစ်စစ်က ဓာတ်စီးပြောတာပါ ။ ပါဠိ ဘာသာဆိုတာ သေဆုံးသွားတဲ့ ဘာသာစကား လို့ ဦးဇင်းတို့ ပြောလို့ရပါတယ် ။ လူတွေ မဆိုထားနှင့် ရဟန်းတွေ တောင် ဖတ်တတ် ရေးတတ်ပင်မဲ့ အမြန်ပြောနိူင်သူ အတော်ရှားပါး ပါတယ် ။ ရသေ့မလေး တစ်ဦးကို တုသိတာ နတ်ပြည်က နတ်တွေက ဓာတ်စီးပြီး ဆရာတော်ကြီး နဲ့ ဆွေးနွေးပါတယ် ။ ပါဠိလို ပြောသွားတာ အရမ်းမြန်တယ် ။ နတ်ပြည်က အကြောင်းတွေ စိတ်ဝင်စားဖို့ကောင်းတယ် ။ နတ်ပြည်မှာနတ်တွေ အကြောင်း ။ သူတို့ ဘာကြောင့်နတ်ဖြစ်တဲ့ အကြောင်း ။ နတ်ပြည်မှာ ခုထိ ဘုရား မယ်တော် ရှိနေသေးကြောင်း ။ မြတ်စွာဘုရားရှင် နှင့် ကိုယ်တိုင် တွေ့ဖူးခဲ့ကြောင်းတွေ ပါ။ ဦးဇင်း တော့ နတ်အစစ်ပြောတယ်လို့ လုံးဝ လက်ခံ ယုံကြည်တယ် ။ ပါဠိအသွား အလာ တွေ နားထောင်တာ နှင့်ကို သိသာနေတယ် ။ ရသေ့မလေး ပုံမှန် ဘုရား ဝတ်ပြုချိန်မှာ ပါဠိရွတ်တာ တွေ မမှန်တာတွေ့ရတယ် ။ နတ်ဓာတ်စီးတဲ့ အခါ အကုန်မှန်နေတယ် ။ ဥပမာ ဘန္တေ ( အရှင်ဘုရား ) ကို ပုံမှန်လူတွေ က ဘန်းတေ လို့ မှားဆိုကြတယ် ။ ပူဇေမိ ကို ပူဇေးမိ လို့ ဆိုကြတယ် ။ ရသေ့မလေး ပင်ကိုယ် ဘုရားရှိခိုးတော့ အသံ အမှားတွေ တွေ့ရတယ် ။ ပါဠိ နားမလည်မှန် သိသာတယ် ။ နတ်စကားပြောတော့ ချောနေတာ ပဲ အမှား ကို မရှိတာ ။ ဒါကြောင့် နတ်ပြည်ဆိုတာ တကယ်ကို ရှိတယ် ။ တမလွန် ဆိုတာလဲ တကယ်ရှိတယ် ။ သံသရာဆိုတာ လဲ တကယ်ရှိတယ် ။ ကုသိုလ် အကုသိုလ် တွေက တကယ်ခံရ တကယ်စံရမှာတွေပါ ။