У нас вы можете посмотреть бесплатно မြန်မာ့ကုန်သွယ်ရေးl ဘဏ္ဍာနှစ်ကုန်ခါနီးပေမယ့် ကုန်သွယ်မှုလျာထားချက် မပြည့်မီသေး или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဘဏ္ဍာနှစ်ကုန်ခါနီးသော်လည်း ကုန်သွယ်မှုလျာထားချက် မပြည့်မီသေးတဲ့ မြန်မာ့ကုန်သွယ်ရေး ရန်ကုန်၊ မတ် ၁၉ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့အထိ ဘဏ္ဍာနှစ် ၁၁ လ ကျော်လာပေမယ့် ကုန်သွယ်မှုလျာထားချက် ပြည့်မီခြင်းမရှိကြောင်း အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီကနေ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ သတ်မှတ်လျာထားပေမယ့် ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂၅.၇၉၃ ဘီလီယံနဲ့ ၇၈ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဘဏ္ဍာနှစ်ကုန်ဆုံးခါနီးဖြစ်လို့ သတ်မှတ်လျာထားချက်တွေကို အတက်နိုင်ဆုံး ပြည့်မီအောင် ဆောင်ရွက်ကြဖို့ ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ နစကဥက္ကဋ္ဌရုံး-၃ ဝန်ကြီး ဦးမောင်မောင်တင့်က မတ်လ ၁၈ ရက်နေ့ အစည်းအဝေးမှာ ညွှန်ကြားခဲ့ပါတယ်။ ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနတွေ၊ ပုဂ္ဂလိကအသင်းအဖွဲ့တွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက အမြဲထိတွေ့ ပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ ယခုဘဏ္ဍာနှစ်မှာ သွင်းကုန်တင်သွင်းခြင်းထက် ပို့ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ခန့်မှန်းထားတာကြောင့် ကုန်သွယ်မှုပိုငွေပြနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးမူဝါဒစာတမ်းမှာ ဖော်ပြထားပါတယ်။ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆,၇၀၀ ၊ သွင်းကုန်တန်ဖိုးတန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆,၃၀၀ ၊ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၄၀၀ လို့ ဖော်ပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၄.၆၁၄ ဘီလီယံခန့် ရရှိခဲ့တာကို စီးပွား/ကူးသန်းရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ အဆိုပါ ပို့ကုန်ရငွေကို အဓိကပို့ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ကြက်သွန်၊ ရော်ဘာစိမ်း၊ ရေထွက်ပစ္စည်းတွေနဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေ တင်ပို့မှုမှ ရရှိခဲ့ပါတယ်။ သတင်း - BETV Business ▶BETV Business News Youtube: / @betvbusiness #Myanmar_Business_News #BETV_Business_News #Trade_Volume #Export #Import #Illegal_Trade #SAC #Ministry_of_Commerce_Myanmar #Trade_Surplus