У нас вы можете посмотреть бесплатно နွေဦးတော်လှန်ရေး တတိယပိုင်း စပြီ (ရုပ်/သံ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
နွေဦးတော်လှန်ရေး တတိယပိုင်းတွင် ကာလရှည်ပြင်ဆင်မှုရှိခဲ့သော တိုင်းရင်းသားတပ်ဖွဲ့များသည် နေရာယူစစ်ကို ဆက်လက် တိုက်ခိုက်နိုင်လိမ့်မည်။ ပြင်ဆင်မှု လိုအပ်ချက်ရှိသည့် နွေဦးတော်လှန်ရေး တပ်ဖွဲ့များသည် နေရာယူစစ်ကို လျှော့ချရန်လို၏။ ဦးတည်ရမည့် စစ်ရေးရည်မှန်းချက်တွင် နယ်မြေသိမ်းရေး၊ ထိန်းချုပ်ရေးတို့သည် အဓိကမကျတော့။ စကမ စစ်ကြောင်းများအား ချေမှုန်းရေး၊ လှုပ်ရှားနေသည့် စကမ စစ်ကြောင်းများအား ချေမှုန်းရေးသည် အဓိက ဦးတည်ချက်ဖြစ်သွားမည်ဖြစ်၏။ စကမ စစ်ကြောင်းများကို သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းမိ စသည်ဖြင့် စစ်ကြောင်းလိုက် ချေမှုန်းပြီး တပ်သားသစ်များအများစုဖြင့် ဖွဲ့စည်းထားသည့်စစ်တပ် တုန်လှုပ်ပြီး ပြိုဆင်းအောင် ရည်ရွယ်ချက်ထား၍ ထိုးနှက်ရန်သာ လိုအပ်၏။ စကမ စစ်ကြောင်းများ စစ်ကြောင်းလိုက် ချေမှုန်းခံရပြီး တပ်သားသစ်များ စိတ်ဓာတ်ရေးရာ ပြိုဆင်းပါက စစ်တပ်ပြိုရန် လွယ်ကူသွားပေလိမ့်မည်။ နွေဦးတော်လှန်ရေး တတိယပိုင်းသည် တရုတ်၏ ကူညီမှုဖြင့် ခေါင်းထောင်ထလာသည့် စကမ၏ ထိုးစစ်များ၊ အကျပ်အတည်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားရမည့်ကာလ၊ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားခဲ့သည့် နယ်မြေတချို့ ပြန်လည် လက်လွှတ်ရနိုင်သည့် ကာလဖြစ်နိုင်၏။ ထို့အတူ စကမ တပ်ဖွဲ့များ၊ စစ်ကြောင်းများအား ချေမှုန်းသုတ်သင်ရန် အားထုတ်ရမည့်ကာလ၊ ချေမှုန်းသုတ်သင်နိုင်မည့် ကာလလည်းဖြစ်သည်။ နှစ်ဖက် သူမသာ ကိုယ်မသာ ဖြစ်နေသည့်အခြေအနေကို ပြောင်းလဲရန်မှာ ရန်သူအင်အားကို ချေမှုန်းရေးသာ ဖြစ်ပေလိမ့်မည်။ #မြန်မာ #ဧရာဝတီ #နွေဦးတော်လှန်ရေး #တရုတ် #စကမ #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR