У нас вы можете посмотреть бесплатно အင်းတော်မြို့သိမ်းမှုတွင်ရဲဘော် ၄ ဦး အသက်ပေးခဲ့ရပြီးမြို့သိမ်းတိုက်ပွဲများဆက်လက်ဆင်နွှဲရန် ပြင်ဆင် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
သံလွင်မြန်မာသတင်း ဧပြီလ ၁၀ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်တွင် ရဲဘော် ၄ ဦး အသက်ပေးလှူခဲ့ရပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲနိုင်ရန် ပြင်ဆင်နေကြောင်း ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းက ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။ ဧပြီလ ၇ ရက် ညပိုင်းက သိမ်းပိုက်ရရှိခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့်ပခုက္ကူခရိုင်အမှတ် ၁၀ တပ် ရင်းမှ ပါဝင်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရဲဘော် AK နှင့် ရဲဘော် UK ၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရဲဘော်ကြက်ဆင် နှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရဲဘော် ယုန် လေး တို့ ရဲဘော် ၄ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။ ပခုက္ကူခရိုင် အမှတ် ၁၀ တပ်ရင်းအနေဖြင့် စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တော်ကြီး တရပ်ပေါ်ထွန်းပြီးသည်အထိ နိုင်ငံ့တာဝန်များကို ပခုံးပေါ် အမြဲထမ်းတင်ထားမည်ဖြစ်ပြီး နယ်မြေသိမ်းတိုက်ပွဲများ ၊ မြို့သိမ်းတိုက်ပွဲများကိုလည်း ဆက်လက်ဆင်နွှဲနိုင်ရန် ပြင်ဆင်မှုများ ပြု လုပ် နေကြောင်း အသိပေးထားသည်။ မိဘပြည်သူများအနေဖြင့် ထိုးစစ်များဆက်လက်ဆင်နွှဲနိုင်ရန်အတွက် "အောင်ပန်းဝေစေ ရှင်မ တောင်မြေ "ကျည်ကာ ကမ်ပိန်းအနေဖြင့် ပြုလုပ်နေပြီး ဝိုင်းဝန်း ပါဝင်ကူညီပေး ကြပါရန် မေတ္တာ ရပ်ခံထားသည် ။