У нас вы можете посмотреть бесплатно FICOLO AI podcast episode 1 - part 1 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
AI ခေတ်ကို ရင်ဆိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ အသင့်ဖြစ်ပြီလား? 🌟 Introducing Ficolo AI Podcast 🌟 Artificial Intelligence (AI) ဉာဏ်ရည်တုဟာ ကမ္ဘာကြီးကို မယုံနိုင်လောက်အောင် လျင်မြန်စွာ ပြောင်းလဲနေတဲ့အခါမှာ ကျွန်တော်တို့ တစ်ဦးချင်းစီ၊ ကျောင်းသား/သူတွေ၊ မိဘတွေနဲ့ ပညာရှင်တွေဟာ ဒီလှုပ်ရှားမှုကြီးအတွင်း ဘယ်လို အခွင့်အရေးတွေကို ဖမ်းဆုပ်ပြီး၊ စနစ်တကျ ပြင်ဆင်နိုင်မလဲ? 🤔 ဒီလိုအရေးကြီးတဲ့ မေးခွန်းတွေရဲ့အဖြေနဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို နားလည်လွယ်တဲ့ စကားဝိုင်းများနဲ့အတူ ရှာဖွေဖို့အတွက် 𝐅𝐈𝐂𝐎𝐋𝐎 𝐀𝐈 𝐏𝐨𝐝𝐜𝐚𝐬𝐭 𝐒𝐞𝐫𝐢𝐞𝐬 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🚀 ဒီ Platform ကနေတစ်ဆင့် AI ပညာရေး၊ နည်းပညာဗဟုသုတနဲ့ လက်တွေ့အသုံးချမှုတွေကို အဓိကထားပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ပုံစံနဲ့ အသိပညာမျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ 💡 𝐅𝐈𝐂𝐎𝐋𝐎 𝐀𝐈 𝐏𝐨𝐝𝐜𝐚𝐬𝐭 ကနေ ဘာတွေရရှိမလဲ? ✅ AI က သင့်ရဲ့ နေ့စဉ်ဘဝနဲ့ အလုပ်အကိုင်ကို ဘယ်လို ပြောင်းလဲနေလဲဆိုတာကို နားလည်လာမယ်။ ✅ AI ပညာရေးနဲ့ Digital Literacy အတွက် ခိုင်မာတဲ့ အခြေခံဗဟုသုတတွေ ရရှိမယ်။ ✅ နည်းပညာနယ်ပယ်က အတွေ့အကြုံရှိ ပညာရှင်တွေရဲ့ အတွေးအမြင်တွေကို တိုက်ရိုက် လေ့လာခွင့်ရသွားမှာတို့ပဲ ဖြစ်ပါတယ်။ 🎙️ မိတ်ဆက် - Episode 1: "AI နှင့် ပထမဆုံးခြေလှမ်း" ပထမဆုံးအပိုင်းမှာ AI ရဲ့ အခြေခံသဘောတရားတွေ၊ အလုပ်အကိုင်အပေါ် သက်ရောက်မှုတွေနဲ့ စနစ်တကျ သင်ယူမှုရဲ့ အရေးပါပုံတွေကို ဆွေးနွေးထားပါတယ်။ ဒီအပိုင်းကို နားထောင်ပြီးရင် သိရှိသွားမယ့် အဓိကအချက်တွေကတော့... ✅ AI ရဲ့ အဓိပ္ပါယ်အမှန် - လူအများ ထင်ယောင်ထင်မှားဖြစ်နေတဲ့ အချက်တွေကို ရှင်းလင်းစွာ သိမြင်လာမယ်။ ✅ အနာဂတ် အလုပ်အကိုင်များ - AI ကြောင့် ပေါ်ထွက်လာမယ့် အခွင့်အလမ်းသစ်တွေကို နားလည်သွားမယ်။ ✅ စနစ်တကျ လေ့လာခြင်းရဲ့ အရေးပါမှု - Social Media ကနေ ကျပန်းလေ့လာတာထက် စနစ်ကျတဲ့ လမ်းကြောင်းက ဘာကြောင့် ပိုထိရောက်လဲဆိုတာ သိရှိမယ်။ ✅ ငယ်ရွယ်စဉ်မှာ စတင်ခြင်းရဲ့ အားသာချက် - အနာဂတ်အတွက် AI ကို ဘာကြောင့် ငယ်ငယ်ကတည်းက စတင်လေ့လာသင့်တယ်ဆိုတာကို နားလည်သွားမယ် အစရှိသဖြင့်ပဲ ဖြစ်ပါတယ်။ 🎤 အစီအစဉ်မှူးနှင့် ဆွေးနွေးသူများ ဒီ podcast လေးကိုတော့ AI နယ်ပယ်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ပညာရှင် ၃ ဦးက ဦးဆောင်ဆွေးနွေးသွားမှာပါ။ 🤗 👤 အစီအစဉ်မှူး – ဆရာ Joey Thet Naing Soe: Microsoft (USA), Myanma Awba, KBTC Edu Group စတဲ့ အဖွဲ့အစည်းကြီးများမှာ နှစ် ၂၀ ကျော် နည်းပညာဦးဆောင်မှုအတွေ့အကြုံရှိသူ။ လက်ရှိမှာ AI နဲ့ Web3 ကို ပညာရေး၊ FinTech နဲ့ စီးပွားရေးနယ်ပယ်တွင် အသုံးချနေတဲ့ မြန်မာ-ကနေဒါ Tech Leader တစ်ဦး ဖြစ်ပါတယ်။ 👥 ဆွေးနွေးသူများကတော့… 🎙️ကိုစွမ်းအောင် (Co-founder, Ficolo): Asian Institute of Technology (AIT) 🇹🇭 မှ Electronics Engineering ဘာသာရပ်ဖြင့် B.Sc. ဘွဲ့ရရှိခဲ့သည်။ AI Engineer အဖြစ် ၄ နှစ်ကျော်နှင့် AI ဆိုင်ရာ သင်တန်းများ ပို့ချသည့် အတွေ့အကြုံ ၂ နှစ်ကျော် ရှိသူဖြစ်သည်။ 🎙️ကိုဉာဏ်လင်းထက် (Co-founder, Ficolo): Asian Institute of Technology (AIT) 🇹🇭 မှ Mechatronics Engineering ဘာသာရပ်ဖြင့် B.Sc. ဘွဲ့ရရှိခဲ့ပြီး၊ TAIST–Tokyo Tech scholarship ဖြင့် Thammasat University (SIIT) 🇹🇭 တွင် M.Eng. (ICT for Embedded Systems) ဘွဲ့ကို ဆက်လက်ရယူခဲ့သည်။ Thailand နိုင်ငံရှိ NECTEC တွင် AI/ML သုတေသန အတွေ့အကြုံ ၂ နှစ်ကျော်ရှိသူဖြစ်သည်။ နှစ်ဦးလုံးဟာ မြန်မာလူငယ်တွေအတွက် အရည်အသွေးမြင့် AI ပညာရေးကို မျှဝေပေးဖို့ FICOLO ကို တည်ထောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ Swan Aung & Nyan Lin Htet: သူတို့နှစ်ဦးကတော့ Ficolo ရဲ့ ပူးတွဲတည်ထောင်သူများ ဖြစ်ကြပြီး AI နယ်ပယ်မှာ AI researcher, Data Scientist position တွေနဲ့ အတွေ့အကြုံများစွာရှိသူတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံက ကျောင်းသား/သူတွေ အရည်အသွေးမြင့် AI နဲ့ နည်းပညာ ပညာရေး ကို စနစ်တကျ ရရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Ficolo - AI & Digital Learning Center ကို စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဆရာ Joey YouTube Page Link : / @techgrowthwithjt Facebook link : https://www.facebook.com/share/1EWAwV...