У нас вы можете посмотреть бесплатно အာဏာရှင် အမြန်ပြုတ်ရေးမှာ ကရင်ချင်းပြန်တိုက်နေလို့မရဘူး (ရုပ်/သံ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အာဏာရှင် အမြန်ပြုတ်ရေးမှာ ကရင်ချင်းပြန်တိုက်နေလို့မရဘူး (ရုပ်/သံ) ဧရာဝတီ၊ ဧပြီ ၁၄၊ ၂၀၂၅ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၇ ခုရှိတဲ့ အနက် တပ်မဟာ အများစုမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ဆိုသလိုရှိနေပါတယ်။ ဒီအထဲမှာ တပ်မဟာ ၅ နဲ့ တပ်မဟာ ၆ ထဲက တိုက်ပွဲတွေဟာ အပြင်းထန်ဆုံးဖြစ်ပါတယ်။ KNLA ဦးဆောင်တဲ့ ပူးပေါင်း တော်လှန်ရေးစစ်ကြောင်းတွေဟာ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာ ကရင်ပြည်နယ်၊ မြဝတီခရိုင် အတွင်းမှာရှိတဲ့ သင်္ဃန်းညီနောင် ဗျူဟာ အပါအဝင် ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းတွေနဲ့ မြဝတီမြို့စောင့်တပ် ဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ ၂၇၅ တွေကို ချေမှုန်းပြီး သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကရင်နယ်ခြားစောင့်တပ် (BGF) က မြဝတီမြို့ကို လုံခြုံရေးပေးထားပြီး ခလရ ၂၇၅ ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ကို ပြန်လည်တပ်စွဲခွင့်ပြုထားရပါတယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့ အာရှလမ်းမကြီးကိုတော့ ကရင်တော်လှန်ရေး တပ်တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကိုလည်း တနှစ်ကြာလာတဲ့ အထိ ရှေ့မတက်နိုင်အောင် ကြားဖြတ်ချေမှုန်းထားတာတွေ့ရပါတယ်။ လက်ရှိမြေပြင်အခြေအနေ၊ ကရင်တပ်တွေ ညီညွတ်ရေး၊ ပေါင်းစည်းရေး အပါအဝင် မြေပြင် စိန်ခေါ်မှု၊ လူထုထောက်ခံမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး KNU/KNLA တပ်မဟာ ၆ နယ်မြေ ရဲ့ စစ်ဆင်ရေးတွေမှာအရေးပါတဲ့ ကော်ဘရာ စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်တာဘောကို ဧရာဝတီက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ #မြန်မာ #ဧရာဝတီ #ကော်ဘရာစစ်ကြောင်း #တပ်မဟာ၆ #KNU #KNLA #WhathappensInMyanmar #ဗိုလ်တာဘော