У нас вы можете посмотреть бесплатно အုန်းနို့ကြက်သားဟင်း RED CURRY CHICKEN или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အုန်းနို့ အရသာဆိမ့်ဆိမ့်လေးနဲ့ မွှေးပြီး ချိုစပ်လေး စားကောင်းတဲ့ အုန်းနို့ကြက်သားဟင်းလေးပါ။ ထိုင်းဖက်ကဖောင်း။ ရွှေဖရုံသီး။ ငရုတ်သီးစိမ်းအကြီး။ တောရှောက်ရွက် (ရှောက်ဘီလူးရွက်) လိုပါတယ်။ အုန်းနို့ညှစ်ပြီးသား ဟင်းရည်ပန်းကန်လုံးအသေး ၁ လုံး နဲ့ ထိုင်းထန်းညက် အနည်းငယ် လိုအပ်ပါတယ်။ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ထိုင်း ငရုတ်သီးအနှစ်ကို ဆီသတ်ပေးပါတယ်။ (မူရင်း ထိုင်းရိုးရာချက်နည်းမှာတော့ ဆီသတ်လေ့မရှိပါဘူး။ မွှေးလာပြီဆိုမှ ကြက်သားကိုထည့်ပြီး ဟင်းအနှစ်နဲ့ ခဏလုံးပေးပါတယ်. ၃..၄ မိနစ်လောက်လုံးပေးပြီးမှ အုန်းနို့ထည့်ပါတယ်။ ထိုင်းထန်းညက်ထည့်ပါတယ်။ တောရှောက်ရွက်ထည့်ပြီးရင် အုန်းနို့ထည့်ထားတဲ့ ခွက်ထဲကို ရေတခွက်ထည့်ပြီး ဟင်းအိုးထဲထည့်ပေးပါ။ တချို့တွေက ခရမ်းကြွပ်သီးကိုထည့်လေ့လည်းရှိပါတယ်။ ပြီးရင် ရွှေဖရုံသီးနဲ့ ငရုတ်သီးစိမ်း ထည့်မယ်. ငါးငံပြာရည်အနည်းငယ်လေး ထည့်မယ်။ (ငရုတ်သီးအနှစ်ထဲမှာ အငန်အရသာပါတာကြောင့် အငန်ထည့်တဲ့အခါ အနည်းငယ်လျော့ထည့်ပေးပါ)။ ကြက်သားတွေနူးလာပြီဆိုမှ နောက်ဆုံးမှာ ဖက်ကဖောင်းရွက်ကို အုပ်ပေးလိုက်ရင်အရသာရှိတဲ့ ထိုင်းစတိုင် အုန်းနို့ ကြက်သားဟင်းလေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။