У нас вы можете посмотреть бесплатно ဂျာနယ်ကျော် မမလေး - သူလိုလူ ( အပိုင်း ၁ ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
#ဂျာနယ်ကျော်ဦးချစ်မောင် ဟာ လူမသိသူမသိ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး ပေးဆပ်ခဲတဲ့ သူတယောက်ဖြစ်ပါတယ်။ အောင်မြင်ဖို့လဲ မလိုလားပါဘူး။ ကျော်ကြားဖို့လဲ မလိုလားဘူး။ သူလိုချင်တာ တိုင်းပြည်အကျိုးစီးပွားတစ်ခုထဲသာ ဖြစ်ပါတယ်။ ကိုယ်ရေးတွက်တာ အချိန်မပေးဘဲ တိုင်းပြည်ကောင်းစားရေး တစ်ခုထဲပဲ ရှေးရှုခဲ့လို့ ကျန်းမာရေးလျစ်ဟင်းပြီး အသေစောခဲ့ရပါတယ်။ အခုအချိန်မှာ ဦးချစ်မောင် အေနနဲ့ သိရတာဟာလဲ ဆရာရဲ့မိန်းမ ဂျာနယ်ကျော် မမလေး ( ဦးချစ်မောင်အခေါ် တင်လေး ) ကြောင့်သာဖြစ်ပါတယ်။ သို့မဟုတ်ရင် တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့သူတယောက် တိုင်းပြည်က မသိလိုက်ရဘဲ တိမ်မြုပ်ပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။ ဤဝတ္ထုရဲ့ ဇာတ်လိုက် ဂျာနယ်ကျော် ဦးချစ်မောင်လဲမရှိတော့ပါဘူး။ ရေးသားပုံဖော်ခဲ့တဲ့ စာရေးဆရာမ #ဂျာနယ်ကျော်မမလေး လဲဆုံးပါးသွားခဲ့ပါပြီ။ ဝတ္ထုမှာ အမှတ်တရ ရေးသားပေးခဲ့ကြတဲ့ စာရေးဆရာတို့လဲ ကွယ်လွန်ခဲ့ကြကုန်ပါပြီ။ တစ်ချိန်က အဖြစ်အပျက်တွေ ကြုံခဲ့ရတာတွေက စာပေတစ်ခုအနေနဲ့သာ ကျန်ရစ်ခဲ့ပါတော့တယ်။ သံဝေဂရစရာတွေပါပဲ ။ ဒီစာအုပ်ကို ဖတ်ပြီး စာအုပ်ထဲပါတဲ့အတိုင်း စုပ်တသပ်သပ်နဲ့သူ့ကိုသာနှမြော ဆိုတဲ့အတိုင်း ပါဝင်ခဲ့ကြတဲ့ ဇာတ်ကောင်တွေ ရှင်သန်ခဲ့တဲ့ အချိန်ကာလတွေကို အောက်မေ့အမှတ်ရ ကျေးဇူးတင်နေပါမယ်ရှင် ။ #သူလိုလူ