У нас вы можете посмотреть бесплатно မောင်သာရ - အထက်တဝက် အောက်တဝက် (၁၉၇၀ , ၁၉၇၂ , ၂၀၂၀) အသံစာအုပ်(စ-ဆုံး) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မောင်သာရ (၁၉၃၁-၂၀၁၆)၏ အမည်ရင်း သိန်းလွင်ဖြစ်သည်။ အသက် ၁၆ နှစ် မပြည့်မှီမှာပင် တက္ကသိုလ်ဝင် ဆယ်တန်း စာမေးပွဲကို တနိုင်ငံလုံးမှာ သင်္ချာ ပထမ ရပြီး အောင်ခဲ့သည်။ သို့သော် အသက်မပြည့်သေးသည့်အတွက် တက္ကသိုလ်ဝင်ခွင့် မရခဲ့ပါ။ နောက်တစ်နှစ်တွင်မှ ဂုဏ်ထူးဆောင် ပညာတော်သင် စရိတ်ဖြင့် မန္တလေးတက္ကသိုလ်တွင် စတက်ခဲ့သည်။ ထိုစဉ် ပြည်တွင်းစစ်ဖြစ်ပြီး မန္တလေးကို သူပုန်သိမ်းခဲ့သဖြင့် ကျောင်းတွေအားလုံး ပိတ်ခဲ့ရသည်။ ၁၉၅၃ ခုနှစ်၊ မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦးခေါင်းဆောင်ဘဝဖြင့် တိုက်ပွဲဝင်စဉ် ဖဆပလအစိုးရက ပုဒ်မ (၅) နဲ့ ဖမ်းဆီးပြီး ၁၉၅၃ မှ ၁၉၅၅ အထိ ထောင်သွင်းအကျဉ်းချထားခဲ့သည်။ ထိုစဉ် တက္ကသိုလ်မှ ရာသက်ပန် ကျောင်းထုတ်ပစ်ခံခဲ့ရသည်။ ၁၉၅၅ ခုနှစ်၊ ထောင်မှ လွတ်လာပြီးနောက်ပိုင်း ရှုမဝမဂ္ဂဇင်းမှာ "ညှာရွှေတခက် ကြွေရက်စော" ဝတ္ထုရှည်ဖြင့် စာပေနယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၇ဝ ခုနှစ်တွင် "မတ်တပ်ရပ်လို့ လမ်းမှာငို" ဝတ္ထုဖြင့် အမျိုးသား စာပေဆုရခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအထိ ကိုယ်ပိုင် လစဉ်ထုတ် "သာရ" မဂ္ဂဇင်း အပါအဝင် စာရေးသမျှနှင့် ရေးခွင့်အားလုံးအပိတ်ခံရချိန်အထိ လုံးချင်း စာအုပ်ပေါင်း ၆ဝ နှင့် ဝတ္ထုတိုပေါင်း ၃၀ဝ ကျော် ရေးသားခဲ့သည်။ တချို့ကို နိုင်ငံရပ်ခြားမှ ဘာသာပြန်ဆို ထုတ်ဝေခဲ့သည်။ တချို့ကို ပြည်တွင်း၌ ရုပ်ရှင် ရိုက်ခဲ့သည်။ ၁၉၉၉ ဇူလိုင်လတွင် တိုင်းပြည်မှ ထွက်ခွာခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ နီဗားဒါး၊ လပ်စ်ဗေးဂတ်စ်တွင် ပြောင်းရွှေ့ နေထိုင်လျက် ရှိသည်။ အာအက်ဖ်အေ (RFA လွတ်လပ်တဲ့ အာရှအသံ) မှ အပတ်စဉ်ပုံမှန် အနုပညာနှင့် စာပေဆောင်းပါးများ အသံလွှင့်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်သည်။ အခုဒီစာအုပ်ကို ၁၉၇၀ ခုနှစ်မှာ ပထမအကြိမ်၊၁၉၇၂ ခုနှစ်မှာ ဒုတိယအကြိမ်နဲ့ ၂၀၂၀ ခုနှစ် မတ်လမှာ တတိယ အကြိမ်အဖြစ် ကျန်ရစ်သူသားသမီးများက ပူးပေါင်းဆောင်ရွက်ပြီး ထုတ်ဝေထားတာဖြစ်ပါတယ်။ #မောင်သာရ #အထက်တဝက်အောက်တဝက် အချိန်ပေးပြီးနားထောင်တဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါသာ်။ ရေးသားပုံဖော်ခဲ့တဲ့ စာရေးဆရာများအားလုံးကိုလဲ ဦးခိုက်ကန်တော့အပ်ပါသည်ရှင်။