У нас вы можете посмотреть бесплатно နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မျှော်လင့်ချက်မဲ့သောအမှုကိစ္စများ https://myanmar-odb.org/2025/06/15/ho... / myanmar.odb / ourdailybreadmyanmar ယနေ့ဖတ်ရန်ကျမ်းချက် - ဟေရှာယအနာဂတ္တိကျမ်း ၄၄:၂၁-၂၅ https://odb-ministries.org/bible/mm/r... ထင်ဟပ်ဖော်ပြချက် မျှော်လင့်ချက်မဲ့သောအမှုကိစ္စများ ဟေရှာယအနာဂတ္တိကျမ်း ၄၄ တွင် မှားယွင်းသောဘုရားနှင့်တစ်ဆူတည်းသောမှန်သောဘုရားတို့ကို နှိုင်းယှဥ်ထားသည်။ အခန်းငယ် ၉ မှ ၂၀ တွင် ရုပ်တုဆင်းတုပြုလုပ်သူများကို ဘုရားသခင်က စွတ်စွဲကာ “ပန်းပဲသမား” (၁၂)၊ နတ်စင်နတ်ကွန်း၌ ထားသည့်ရုပ်တုကို ထုလုပ်သည့်“လက်သမား”(၁၃) အကြောင်းကို ပြောဆိုထားသည်။ ဘုရားရှင်က သူတို့သည် “ထိုသစ်သားတစ်ပိုင်းနှင့်မီးမွေးတတ်၏။... ကျန်သောအပိုင်းကိုလည်း ယူ၍ ရုပ်တုတည်းဟူသော ဘုရားကိုလုပ်တတ်၏” ဟုမိန့်တော်မူသည်(၁၆-၁၇)။ သူ့လူတို့အတွက်ဘုရားသခင်၏သတင်းစကားက ကွဲပြားပါသည်။ “အိုယာကုပ်အမျိုး၊ ဤအရာ တို့ကို ဆင်ခြင်လော့။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကျွန်ဖြစ်၏။ သင့်ကို ငါဖန်ဆင်းသည်ဖြစ်၍ ... သင့်ကို ငါမမေ့မလျော့”(၂၁)။ ဘုရားသခင်ကို ကိုယ်စားပြုသည့်အရာများကို ပြုလုပ်ရမည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဖန်ဆင်းခံသတ္တဝါများဖြစ်သည်။ ဟေဗြဲဩဝါဒစာရေးသားသူကလည်း ဤအချက်ကို တွေ့ရှိဖော်ပြခဲ့သည်။ “...လူလက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊... ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ”(၉း၂၄)။ ခရစ်တော်ကိုယ်တော်တိုင် ကျွန်ုပ်တို့၏ ယဇ်ပရောဟိတ်အကြီးဖြစ်သည်။ သူ၏ ဝိညာဥ်သည် ကျွန်ုပ်တို့အတွင်း၌ ကျိန်းဝပ်သည်(ကောရိန္သုဩဝါဒစာ ပထမစောင် ၃း၁၆)။ ကျွန်ုပ်တို့ကို ရွေးနှုတ်သောဘုရားသခင်သည် လူလက်ဖြင့်လုပ်သော မည်သည့်ဗိမာန်တွင်မှ မကျိန်းဝပ်ပါ။ စာရေးသူ - တင်မ်ဂပ်စ်ထက်ဖ်ဆန်