У нас вы можете посмотреть бесплатно ဗျာမများနဲ့ ကြာသွားမယ် (ဝိပဿနာရှုဖို့ အကြိမ်ကြိမ်မှာခြင်း) ✍️ရဟန္တာ ကျော်ကြား၊ မိုးကုတ်ဆရာတော်ဘုရား или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
🌈ဗျာမများနဲ့ ကြာသွားမယ် ~~~~~~~~~~~~~~~~ (အရေးကြီးလွန်းလို့ ဝိပဿနာရှုဖို့ အကြိမ်ကြိမ်မှာခြင်း) ~~~~~~~~~~~~~~~~~~~ ✍️ရဟန္တာ ကျော်ကြား၊ မိုးကုတ်ဆရာတော်ဘုရား ဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် ၁၇၉၂-ကြိမ် တိုင်တိုင် အရေးကြီးတဲ့ စကားကို မှာတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ်နော် ။ ဘာတုန်းဆိုတော့ မေ့လျော့ပေါ့ဆမနေနဲ့ 🌈 ဒါကြောင့် “ဈာယထ ဘိက္ခဝေ” ဘိက္ခဝေ- ငါ၏ ချစ်သား တပည့်များတို့၊ ဈာယထ- ဝိပဿနာ အလုပ်ကို ရှုကြကွာ” ဝိပဿနာ အလုပ်ရှု ကြပါပေါ့ဗျာ (မှန်ပါ့) မာ ပမာဒတ္ထ- သားရေး သမီးရေး, စီးပွားရေး ကြောင့် မေ့လျော့ပေါ့ မနေလိုက်ပါနဲ့။ ပစ္ဆာ - သေရာ ညောင်စောင်း လျောင်းစက်တဲ့ အခါ ကာလကျမှ၊ ဝိပ္ပဋိသာရိနော” သြော် ငါသည် သားရေး သမီးရေး, စီးပွားရေး လိုက်နေတဲ့ အတွက် ငါဖြင့် အခက်ကြီး ခက်ပါပေါ့လားလို့ နှလုံး မသာယာခြင်း ရှိကြကုန်သည်၊ မာ အဟုဝတ္ထ- အဲဒီအချိန်ကျမှ မဖြစ်ကြကုန်လင့်။ “အယံ ဝေါ အမှာကံ အနုသာသနီ” 📚အယံ- ဤငါပြောခဲ့တဲ့ မသေခင်က ဝိပဿနာရှု၊ သေကာနီးမှ မျက်ရည် ကြီးငယ် ကျပြီး ဝမ်းနည်းတဲ့ ကိစ္စကို မလုပ်ကြနဲ့ ဆိုတဲ့ စကားသည်၊ ဝေါ တုမှာကံ- သင်ချစ်သားတို့ အား၊ အမှာကံ-ငါဘုရားတို့၏၊ အနုသာသနီ- ကြီးကျယ် လှစွာသော အဆုံးအမ အစစ်ကြီး ပါပေတည်း ဟု ဘုရားက မှာတော်မူတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။ တရားတော်များ နာယူ၍ လွယ်ကူစွာ ထိုးထွင်းနိုင်ပါစေ။ တရားတွေ့ပြီးချမ်းမြေ့ပါစေ။ နှစ်သက်ပါက Press SUBSCRIBE ခေါင်းလောင်းနိပ်၍ Like& Share လုပ်ပေးပါရန်။ May you be free from suffering because of listening to Dhamma Talk! Please SUBSCRIBE, Like & Share