У нас вы можете посмотреть бесплатно ခရစ်ယာန်ဘာသာ ဖြစ်ပေါ်လာပုံ အကြောင်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
===================================================================== ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာများအကြောင်း အပိုင်း ( ၁ ) (အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာ) • ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာများအကြောင်း အပိုင်... ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာများအကြောင်း အပိုင်း ( ၂ ) ( ဟိန္ဒူဘာသာ ၊ ဆစ်ခ်ဘာသာ ၊ တရုတ်ရိုးရာဘာသာ ၊ ရှင်တိုဘာသာ ၊ ဇင်ဗုဒ္ဓဘာသာ ) • ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာများအကြောင်း အပိုင်... ===================================================================== " ပရိတ်သတ်များသို့ အသိပေးလွှာ " မိမိတို့ ချန်နယ်သည် ဘာသာရေးဆိုင်ရာ အသိပညာ ဗဟုသုတ အကြောင်းအရာများကို အဓိကထားကာ အစဉ်တစိုက် မျှဝေခဲ့သော သီးသန့်ချန်နယ်တစ်ခု ဖြစ်ပါသည်။ ပြင်ပမည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ် တစ်စုံတစ်ယောက်စေခိုင်းချက်ကြောင့်မဟုတ်ဘဲ ကိုယ်ထူကိုယ်ထ စေတနာသပ်သပ်ဖြင့် အသိပညာဖလှယ်ဝေငှပေးပြီး သီးခြားရပ်တည်နေသော dhamma education channel တစ်ခုသာဖြစ်ပါသည်။ တင်ပေးသည့်အကြောင်းအရာများအားလုံးသည်လည်း အင်တာနက် လူမှုကွန်ယက် ၊ ဆိုရှယ်မီဒီယာစာမျက်နှာများနှင့် ပုံနှိပ်စာအုပ်စာပေများမှတဆင့် ထပ်ဆင့်ပြန်လည်၍ မျှဝေတင်ဆက်ပေးနေခြင်းသာဖြစ်ပါသည်။ (ထို့ကြောင့် အနည်းငယ်သော အချို့အကြောင်းအရာများမှာ အင်တာနက်ကွန်ယက်ပေါ်မှာ မူရင်းစာကူးယူတင်ပြသူများ၏ အားနည်ချက်များကြောင့် လိုအပ်ချက်အချို့ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုစာမူများအားလုံးကို အများနှင့်လိုက်လျောညီထွေ အဆင်ပြေကိုက်ညီနိုင်တာတွေကိုပဲ တတ်နိုင်သမျှ စိစစ်၍ တင်ပေးလျက်ရှိနေပါသည်။) မည်သည့် နိုင်ငံရေး ၊ ဘာသာရေး လှုံ့ဆော်လိုခြင်း ရည်ရွယ်ချက် အလျဉ်းမရှိခဲ့သည်မှာ သာသနာတော်စောင့်နတ်အပေါင်းအားတိုင်တည်၍ သစ္စာပြုဝံ့ပါသည်။ ယခု တင်ပေးလိုက်သည့် ဘာသာကြီး (၄)ဘာသာနှင့် ပတ်သတ်သော အကြောင်းအရာအားလုံးမှာ မိမိတို့ မတင်ဆက်ပေးမှီ လွန်ခဲ့တဲ့ (၅)နှစ်လောက်ကတည်းက ရှေးဦးစွာ Publich တွင် ပြန့်နှံ့နေပြီးဖြစ်သော လူအများနှင့် ရင်းနှီးပြီးဖြစ်သော အကြောင်းအရာများသာ ဖြစ်ပါသည်။ အဆိုပါ ဘာသာကြီး (၄)ဘာသာအကြောင်းနှင့် ပတ်သတ်၍လည်း အောက်ပါ ဝဘ်ဆိုက်တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလ မှာ " ဘာသာကြီး ၄ ဘာသာ အကြောင်း " တရားဝင် ဖော်ပြထားပြီးဖြစ်ပါသည်။ ဓမ္မလုလင် ချန်နယ်လ်နှင့် ရင်းနှင်းပြီးဖြစ်သော ဗုဒ္ဓဘာသာဝင်များမှာ မိမိတို့ ဘာသာအကြောင်းကို ဖော်ပြရာ၌ အထွေအထူး ငြင်းဆိုဖွယ်အကြောင်းတစိုးတစိမျှမရှိသော်လည်း အခြား ဘာသာဝင်များ ဝင်ရောက် လေ့လာနားထောင်ကြသည့်အခါ ၎င်းတို့၏ ဘာသာနှင့်ပတ်သတ်၍ ဖြည့်စွက်တင်ပြပေးစရာများ ပေါ်ပေါက်လာသည်ကို သိရှိရပါသည်။ ယခင်က ချန်နယ် ပရိတ်သတ်များထဲမှ အချို့က "ဘာသာကြီး (၄) ဘာသာ " အကြောင်း တင်ပေးဖို့ရန် တောင်းဆိုခဲ့ဖူးပါသည်။ ထိုစဉ်က အခါအခွင့်မသင့်သဖြင့် မတင်ဆက်ပေးနိုင်ခဲ့ပါ။ ယခုတင်ဆက်ပေးရန် အကြောင်းအရာများ ရှာဖွေသောအခါ ဤဝဘ်စာမျက်နှာတွင်သာ ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရပြီး အခြားမည်သည့် ဝဘ်စာမျက်တွင်မှ ထိုမျှ အချက်အလက်စုံလင်အောင် ဖော်ပြထားသည်ကို ရှာ၍မတွေ့ခဲ့ပါ။ အကယ်၍ အခြားဘာသာဝင်များအနေဖြင့် မိမိတို့ ဘာသာအကြောင်းကို မိမိတို့ စိတ်တိုင်းကျ အသေးစိတ်ဖော်ပြပေးစေလိုပါက [email protected] သို့ဆက်သွယ်၍ အသံသွင်းလျှင် မိနစ် (၂၀) စာပြောထက် မပိုအောင် စာကြောင်းရေကိုကန့်သတ်၍ လိုရင်းများကို အဓိကထားရေးသားပေးပို့နိုင်ပါကြောင်း အစ္စလမ်၊ ဟိန္ဒူ နှင့် ခရစ်ယာန် ဘာသာဝင်များအား လေးစားစွာဖိတ်ခေါ်အပ်ပါသည်။ ယခုကဲ့သို့ လိုအပ်ချက်များ ရှိခဲ့သည်မှာလည်း တမင်သက်သက် အခြားဘာသာများအား စော်ကားခြင်း ၊ ပုတ်ခတ်ခြင်း ၊ ရှုံ့ချလိုခြင်း ၊ လိမ်လည်လှည့်ဖျားလိုခြင်း အလျဉ်းမရှိပါကြောင်း လောကစောင့်ကြပ်နတ်အပေါင်းတို့အား အသိသက်သေထားကာတိုင်တည်၍ လေးလေးနက်နက် သစ္စာဆိုစကား ပြုလိုက်ပါရစေ ...။ ကမ္ဘာပေါ်ရှိ လူသားအားလုံး လူမျိုး ဘာသာမရွေး ငြိမ်းချမ်းကြပါစေ ...။ ရိုသေ လေးစားစွာဖြင့် Dhamma Lulin Team မှတ်ချက် ။ ဘာသာကြီး (၄) ဘာသာနှင့်ပတ်သတ်၍ အကိုးအကားယူထားသောဝဘ်လိပ်စာ လေ့လာရန်လင့်ကို community ထဲမှာ တင်ထားတဲ့ post အောက်တွင်ထည့်ပေးထားပါသည်။ ======================================== #တရားေတာ္မ်ား #တရားတော်များ 2021 #တရားတော်များ 2022 #တရားတော်များ #ခရစ်ယာန်ဘာသာ ဖြစ်ပေါ်လာပုံ အကြောင်း #dhammalulin ဓမ္မလုလင်