У нас вы можете посмотреть бесплатно ကျောင်းသား/ကျောင်းသူ ခြောက်ထောင်ကျော် ပါဝင်တဲ့ ပန်းချီ/ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ကျောင်းသား/ကျောင်းသူ ခြောက်ထောင်ကျော် ပါဝင်တဲ့ ပန်းချီ/ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ ကျောင်းသား/ကျောင်းသူ ခြောက်ထောင်ကျော် ပါဝင်သည့် မြန်မာနိုင်ငံတွင် အကြီးကျယ်အခမ်းနားဆုံး အာကာသဆိုင်ရာ ပန်းချီ/ကာတွန်းနှင့် ပိုစတာပြိုင်ပွဲအား ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ ပြည်သူရင်ပြင်၊ အာကာသပြတိုက်(ရန်ကုန်)တွင် စတင်ကျင်းပလျှက်ရှိိကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၇ ရက်၊ နံနက် ၈ နာရီမှ ၁၁ နာရီအထိတွင် ပန်းချီနှင့် ပိုစတာပြိုင်ပွဲအား အခြေခံပညာအထက်တန်းအဆင့်(Grade 10 နှင့် Grade 11) ယှဥ်ပြိုင်ခဲ့ကြပြီး နံနက် ၈ နာရီမှ ၁၀ နာရီအထိတွင် ကာတွန်းပြိုင်ပွဲအား အခြေခံပညာအထက်တန်းအဆင့်(Grade 10 နှင့် Grade 11)တို့မှ ယှဥ်ပြိုင်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အခြေခံပညာမူလတန်းအဆင့်(Grade 1 မှ Grade 5)အထိ ကျောင်းသား/ ကျောင်းသူများမှာ ပန်းချီ၊ ပိုစတာနှင့် ကာတွန်းပြိုင်ပွဲများ ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ မတ် ၁ ရက်တွင် ပန်းချီ၊ပိုစတာနှင့်ကာတွန်းပြိုင်ပွဲများအား အခြေခံပညာအလယ်တန်းအဆင့် (Grade 6 မှ 9)အထိ ကျောင်းသား/ ကျောင်းသူများမှ ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။ အခြေခံပညာမူလတန်းအဆင့်တွင် "အာကာသ သူရဲကောင်း"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်တွင် "စူးစမ်းလေ့လာ အာကာသကမ္ဘာ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် "အနာရတ် အာကာသနည်းပညာ"ခေါင်းစဥ်ဖြင့်လည်းကောင်း ယှဥ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွပိုစတာပြိုင်ပွဲအား အကြီးကျယ်အခမ်းနားဆုံး အာကာသဆိုင်ရာ ပန်းချီ/ကာတွန်းနှင့် ပိုစတာပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာအေဂျင်စီ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှုးရုံးနှင့် အာကာသပြတိုက်(ရန်ကုန်)တို့မှ ကြီးမှုးကျင်းပခြင်းဖြစ်သည်။