У нас вы можете посмотреть бесплатно အာဏာသိမ်းရန် စစ်တပ်၊ မဘသ၊ အမျိုးသားရေးသမားများ ပူးပေါင်းကြံစည်မှု အပိုင်း (၂ ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
" ဦးကိုနီကိုသတ်တာ နောက်ကွယ်ကအဖွဲ့လိုက်လှုပ်ရှားတာ ထွက်လာတဲ့ ဓာတ်ပုံတောင် cctvက ပုံမဟုတ်ဘူးတည်ပြီးရိုက်ထားတာဖြစ်တယ်။နောက်ပြီးဘူးလတ်လှဆွေက အာဏာသိမ်းဖို့ကြိုတင်ကြံစည်မှုမှာပါဝင်တာက ဝန်ကြီးတစ်နေရာမျှော်မှန်းပြီးပါဝင်တာ၊စစ်တပ်က အာဏာသိမ်းပြီးရင် ပြန်ကြားရေးဝန်ကြီးခန့်မယ်လို့ သူကမျှော်လင့်နေတာ” စစ်အာဏာရှင်တော်လှန်ရေးနှင့်ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဟိဏ်းဝေယံ (တချိန်က မဘသ) နှင့်တွေ့ဆုံခြင်း (၂) By ရန်ကုန်ခေတ်သစ် "မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်နဲ့စစ်အုပ်စုဟာ စစ်အာဏာသိမ်းဖို့ ဘယ်လိုတွေ ကြိုတင်ကြံစည်ခဲ့တာလဲ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီ နိုင်ငံရေးစင်မြင့်ပေါ် ပြန်ရောက်လာတဲ့ ၂၀၁၂ ခုနှစ်မှာ မဘသ၊ အမျိုးသားရေး လှုပ်ရှားမှုများနှင့်အဖွဲ့တွေဘာကြောင့် ပေါ်ပေါက်လာတာလဲ" စတဲ့အကြောင်းအရာတွေကို မဘသနဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ကိုဟိဏ်းဝေယံက ဖော်ထုတ်ပြောဆိုလာပါတယ်။ ကိုဟိဏ်းဝေယံဟာ အရင်က မဘသနဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပေမယ့်လည်း ၂၀၁၉ ခုနှစ်မှစတင်ပြီး မဘသနှင့်အမျိုးသားရေး သမားတွေရဲ့ ငွေကြေးအရှုပ် တော်ပုံတွေ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ၊ စစ်တပ်ရဲ့ ရုပ် သေးရုပ်အဖြစ် အသုံးချမှုတွေ၊ ယုတ်မာတဲ့ လမ်းနည်းတွေ နဲ့ ရွေးကောက်ခံ NLD အစိုးရကို တိုက်ခိုက်ခဲ့မှုတွေကို ဖော်ထုတ်နေသူလည်းဖြစ်ပါတယ်။ အခုအချိန်မှာ ကိုဟိဏ်းဝေယံက စစ်အာဏာရှင်တော်လှန်ရေးနဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူအဖြစ် ပါဝင်နေပါတယ်။ အခုအပိုင်း ၂ မှာတော့ မဘသ အစွန်းရောက်အမျိုးသားရေးအဖွဲ့တွေ မှာဘယ်သူတွေပါဝင်လှုပ်ရှားနေလဲ၊ ဗိုလ်နေဝင်းမြေးတွေက ဘယ်လိုပါဝင်ပတ်သက်နေလဲ။မင်းကင်းမောင်မြင့်နဲ့ ခင်ဝိုင်းကြည်က ဘယ်လိုတွေအားဖြည့်ပါဝင်ခဲ့လဲ။ဦးကိုနီကိုလုပ်ကြံဖို့ စစ်တပ်က ဘယ်လိုတွေ စီစဉ်ခဲ့လဲ။ ဘူးလတ်တို့ကြံဖွတ်အုပ်စုက ဘယ်လို ဆောင်ရွက်ခဲ့ကြလဲ ။အားလုံးရဲ့နောက်ကွယ်က ကြံ့ဖွတ်ခင်ရီက ဘယ်လိုကြိုးကိုင်ခဲ့ကြလဲ စတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တင်ဆက်ထားပါတယ်။