У нас вы можете посмотреть бесплатно နာမည်ကျော်ကြားလှတဲ့သိုင်းပြောင်းပြန်တုတ်သိုင်းရဲ့အခြေခံကိုစပြီးတင်ပေးလိုက်ပါပြီ၊ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
• ကျွန်တော် ပြောင်းပြန်တုတ်သိုင်းကိုဆက်ပြီးတင်ပေးသွားပါမယ်၊သိုင်းပြောင်းပြန်အခြေခံလက်သိုင်းတင်ပေးနေတာ အခုတ်၅ခန်းရောက်ပါပြီ၊အခြေခံလက်ခန်းက၂၀ ရှိပါတယ်၊လက်အခြေခံမပြီးသေးပါဘူး၊လက်မပြီးသေးခင် တုတ်သိုင်းကိုဆက်တင်ပေးရတာအကြောင်းရှိပါတယ်၊ကျွန်တော်ဆရာကြီးနဲ့နယ်သင်တန်းတွေမှာသင်ခဲ့တဲ့စနစ်အတိုင်းပဲ ဒီအတိုင်းသင်ပေးချင်လို့ပါ၊ • နယ်မှာကျွန်တော်တို့သင်ကြတဲ့အခါ၊လက်ပိုင်းမှာပုံစံတကျရှိလာတာနဲ့တုတ်ကိုဖြတ်ပြီးသင်ပေးပါတယ်၊သင်တန်းသားတွေအနေနဲ့လည်းအီမနေတော့ပဲ သင်တန်းမှာတက်ကြွပြီးပိုပျော်ကြပါတယ်၊အတတ်လည်းပိုပြီးမြန်ပါတယ်၊ • ကျွန်တော်တင်ပေးနေတဲ့ပညာရပ်ကိုလိုက်ပြီးလေ့လာအားထုတ်ကြတဲ့ဝါသနာရှင်တွေအနေနဲ့လည်း၊ဆရာကြီးလက်ထက်ကအတိုင်းခံစားတက်ကြွနိုင်ကြစေဖို့၊လက်တခုတည်းမှာမျောမနေကြရအောင် တုတ်သိုင်းကိုကြားဖြတ်ပြီးတင်ပေးပါတယ်၊သဘောပေါက်ခွင့်လွှတ်နိုင်ကြပါစေ၊ • ကျွန်တော်တို့တုတ်သိုင်းဟာလက်သိုင်းနဲ့ပုံသဏ္ဍန်ဟန်ပန်အတူတူပါပဲ၊လက်ထဲမှာတုတ်ကိုင်ထားပေမယ့်ခြေလက်အသွားအလာတွေဟာလက်သိုင်းကွက်နဲ့ထပ်တူထပ်မျှပါပဲ၊လက်မှာ (ပယ်၊ခုတ်၊မ၊ခွဲ)သွားသလို တုတ်နဲ့ ပယ်၊ခုတ်၊မ၊ခွဲ လုပ်တာပါပဲ၊တုတ်အခေါ်နဲ့ခေါ်တာပဲကွာပါတယ်၊ခြေလက်အထားအသို၊အကွက်အလှည့်အပြောင်း၊အားစီးမျောမှု၊ဘယ်ခြေညာလက်ပေါ်မှာအခြေခံတာကအစတူပါတယ်၊လက်၊တုတ်၊ဒါး၊လှံ၊ပညာရပ်အားလုံးဟာ သဘောတရားတခုတည်းအပေါ်မှာတညီတညွတ်တည်းရှိကြပြီး၊အခြေခံတသမတ်တည်းရှိနေကြပါတယ်၊ဒီအကြောင်းတရားကပဲ သိုင်းပြောင်းပြန်ပညာဆိုတာ စနစ်ကျနလှတဲ့ ပညာရပ်တခုဆိုတာ တခြားသက်သေမလိုအောင်ထင်ရှားနေတာပါ၊ • သိုင်းပြောင်းပြန်တုတ်သိုင်းဟာ၊စည်းကမ်းစနစ်နဲ့ပြည့်စုံလှပါတယ်၊တုတ်ရွေးတဲ့အခါမိမိလက်တကိုင်လက်တဆုတ်တနိုင်ဖြစ်ရပါမယ်၊တုတ်အရှည်ကတော့မိမိအရပ်နဲ့တိုင်းမယ်ဆို တုတ်ထောက်ထားမယ်ဆို မိမိနဖူးဆံစ နေရာအထိရှည်ပါမယ်၊လက်အလံနဲ့တိုင်းမယ်ဆိုလက်နှစ်ဖက်ဆန့်လိုက်ရင် လက်ဖဝါးအဆုံးလောက်ရှည်ရပါမယ်၊မိမိရဲ့လက်တလံနီးပါးလို့ပြောရပါမယ်၊သိုင်းကွက်ကစားတဲ့အခါတုတ်ဆွဲပြီးရိုက်တဲ့အခါလက်နဲ့တုတ်ကွက်တိဖြစ်စေမယ့်အရှည်ဖြစ်ပါတယ်၊လက်နောက်မှာတုတ်စ မကျန်သလိုလက်နဲ့ကွက်တိဖြစ်လို့လက်ကနေလွတ်သွားတာမျိုးလည်းမရှိနိုင်တော့ပါဘူး၊ကစားတဲ့အခါသပ်သပ်ရပ်ရပ်နဲ့စနစ်ကျနစေမယ့်တုတ်အရှည်ဖြစ်ပါတယ်၊တုတ်အရှည်နဲ့အရွယ်အစားကိုအခုလိုရွေးချယ်ပြီးကစားမှသာတကယ်ကျွမ်းကျင်ပြီးသပ်ရပ်တဲ့ တုတ်သိုင်းကစားကွက်တွေဖြစ်လာမှာပါ၊ သိုင်းဝါသနာရှင်အပေါင်းတို့တိတိကျကျမှန်မှန်ကန်ကန်သပ်သပ်ရပ်ရပ် လေ့ကျင့်ကစားနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။ ဝင်းမြင့်(သိုင်းပြောင်းပြန်)