У нас вы можете посмотреть бесплатно High Voltage Insulation Resistance Tester KEW 3125A - Part (2) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
SUBSCRIBE AND TURN ALL NOTIFICATION Types of Insulation Resistance Test 1.Short-Time or Spot-Reading Test Insulation tester ကိုအသုံးပြုနေကျအတိုင်း တပ်ဆင်ပြီး အချိန်ခဏကြာ တိုင်းတာရခြင်းဖြစ်သည်။ သတ်မှတ်ထားသည့် အချိန်မှာ 60 seconds ဖြစ်ပြီး ပုံတွင်ဖော်ပြထားသည်။ curve ရှိ တိုးလာနေသော resistance တန်ဖိုးတခုကိုသတ်မှတ်လိုက်ခြင်းဖြစ်သည်။ တန်ဖိုးသည် 30 s တွင် နည်းပြီး 60 s တွင်ပိုများမည်ဖြစ်သည်။ မှတ်သားထားရန်တခုမှာ temperature နှင့် humidity သည် insulation ကိုတိုင်းတာချိန်တွင် သက်ရောက်မှုရှိသည်။ House wiring ကဲ့သို့ တိုင်းတာမည့် ပစ္စည်းသည် capacitance ပမာဏအလွန်နည်းလျှင် spot reading test ပြုလုပ်လျှင်ရသည်။ insulation ကောင်း/မကောင်းကို maintenance professionals များသတ်မှတ်ထားသည်မှာ one-megohm rule ဖြစ်သည်။ တိုင်းတာသည့် voltage သည် 1000 Volts ဖြစ်တိုင်း one megohm အနီးစပ်ဆုံးရရှိသင့်သည်။ Insulation resistance တန်ဖိုးသည် temperature အပေါ်တွင် ပြောင်းလဲသည့်အတွက် ရလဒ်များကို စံသတ်မှတ်ထားသည့် အပူချိန်တခုအပေါ်တွင် ချိန်ညှိသင့်သည်။ အများအားဖြင့် 40˚C ကိုပုံမှန်ထားကြသည်။ Spot reading test အတွက်အရေးကြီးသည့်အချက်မှာ အချိန်သည် တစ်သတ်မှတ်တည်းဖြစ်ရမည် ၊ ရလဒ်များကိုသေချာမှတ်သားရမည် ၊ ရလဒ်အခြေနေ (trending of results) တို့ဖြစ်သည်။ 2.Time-Resistance Method ယခုနည်းလမ်းသည် အပူချိန်အပေါ်တွင်လုံးဝ မူတည်နေပြီး ၊ တိုင်းတာပြီးခဲ့သောရလဒ်များကို records ယူမှရမည်။ record မယူလျှင် နှိုင်းယှဉ်ကြည့်စရာမရှိဘဲ ရလဒ်ကောင်း/မကောင်း မသိနိုင်ပါ။ good insulation ၏ absorption effect နှင့် ပျက်စီးနေသည့် insulation တို့၏တန်ဖိုးတို့ကို နှိုင်းယှဉ်ရန်ဖြစ်သည်။ ပုံတွင်ဖော်ပြထားသည့်အတိုင်း တိကျသည့်အချိန်တခုနှင့်အတူ ရလဒ်တို့ကိုမှတ်သားရမည်။ ယခုဖော်ပြသည့် တိုင်းတာမှုကို တခါတရံ absorption test ဟုလည်း ရည်ညွှန်းနိုင်သည်။ Good insulation ဖြစ်လျှင် ခုခံမှုသည် အချိန်အတိုင်းတာတခုအထိ (5 ဆမှ 10 ဆအထိ) ဆက်တိုက်များနေပြီး leakage current သည်နည်းရမည်ဖြစ်သည်။ ၎င်းသည် absorption current ကြောင့်ဖြစ်သည်။ Time-resistance test သည် equipment အပေါ်တွင်မမူတည်ပါ။ မော်တာအသေး/အကြီး အပေါ်တွင် မမူတည်ဘဲ သန့်ရှင်းပြီး ခြောက်သွေ့သော insulation ကိုတိုင်းတာလျှင် ခုခံမှုပိုများပြီးနေမည်ဖြစ်သည်။ ပုံတွင် 30 second ထက် 60 second အထိတိုင်းတာပြီး ရလဒ်ဖတ်လျှင် insulation ပိုကောင်းသည့် အခြေနေတွေ့နိုင်သည်။ 3.Dielectric Absorption Ratio Time-resistance readings နှစ်ခု၏ အချိုး (60 second ကို 30 second ရလဒ်နဲ့စား) ကို dielectric absorption ration ဟုခေါ်သည်။ 4.Polarization Index Test Solid insulation အတွက်ဖော်ပြထားသည့် time resistance test ကို အနည်းငယ် ပုံစံပြောင်းထားသည့် test တမျိုးမှာ Polarization Index (PI) test ဖြစ်သည်။ 10-minute reading ကို 1-minute reading နဲ့စား၍ရသည့် ရလဒ်ကို polarization index ဟုခေါ်သည်။ Test Voltage Vs Equipment Rating Routine maintenance အတွက် ပုံမှန်အားဖြင့် DC test voltages ကိုအောက်ပါအတိုင်း အသုံးပြုသည်။ Proof testing အတွက် အသုံးပြုမည့် test voltage သည် routine maintenance အတွက်အသုံးပြုမည့် voltage ထက် ပိုများနေမည်ဖြစ်သည်။ rotating equipment များကိုတိုင်းတာရန်အသုံးပြုသည့် DC maximum proof test voltages အတွက် industry standards အနေဖြင့် စံသတ်မှတ်ထားသည့်တန်ဖိုး မရှိပါ။ Proof Test Voltages for Rotating Equipment: Factory AC Test = 2 × Nameplate Rating + 1000 volts DC Proof Test on Installation = 0.8 × Factory AC Test × 1.6 DC Proof Test After Service = 0.6 × Factory AC Test × 1.6 Several factors should be remembered when performing this test: IR test ပြုလုပ်ရာတွင် ခုခံမှုတန်ဖိုး တခါတရံတွင်နည်းနိုင်သည်။ အကြောင်းမှာ တိုင်းတာမည့် conductor များသည် အပြိုင်ဆက်သွယ်ထားသည့် (parallel paths) အတွက်ကြောင့်ဖြစ်သည်။ Insulation system သည် low dielectric strength ဖြစ်နေခဲ့လျှင်လည်း high resistance တန်ဖိုးရရှိနေမည်ဖြစ်သည်။ ထို့ကြောင့် test ရလဒ်များသည် အခြေနေကိုနှိုင်းယှဉ်စဉ်းစားရန်အတွက်သာအသုံးပြုသည်။ dielectric withstand အခြေအနေဘက်မှ ကြည့်လျှင် IR test ပြုလုပ်ရခြင်းဖြင့် quality of primary insulation system ကိုကောင်းမွန်သည်ဟုမသတ်မှတ်နိုင်ပါ။ သို့သော်လည်း wires, cables နှင့် electrical equipment များ၏ quality of insulation ကိုစစ်ဆေးရာတွင် standard test အဖြစ်သတ်မှတ်ထားကြသည်။ The insulation resistance test consists of applying voltage (600–10,000 V DC) to the apparatus to determine the mega-ohm value of resistance. This test does not indicate the quality of primary insulation. ပစ္စည်းတခု၏ Dielectric strength ဆိုသည်မှာ အသုံးပြုသည့် voltage တန်ဖိုးသည် တဖြည်းဖြည်းအလွန်မြင့်တက်လာလျှင် ၊ breakdown ဖြစ်ပြီး electrical failure ဖြစ်ပေါ်နိုင်သည့်အခြေနေကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြေင့် material thickness အခြေနေဟုလည်း မှတ်ယူနိုင်ပြီး ၊ ၎င်း၏ electrical properties လည်းဖြစ်သည်။ / @phyothetpaing1617